Reunited
ချစ်သူ နှင့် ပြန်လည် စုံစည်းရသည့် အတွက် အတိုင်းမသိဝမ်းသာ သော်လည်း လုပ်ဖော်ကိုင်ဖက် များ
နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင် ထဲတွင် ကျန်ရှိနေသည့် အတွက် စိတ် မကောင်း ဟု သူက ဗာဂျီးနီး
ယားရှိ ၀ါရှင်တန် လေဆိပ် တွင် Freedom News Group သို့ ပြောသည်။
ကိုညီညီအောင် အမေရိကန် သို့ ပြန်လည်ရောက်ရှိလာသည်ကို စီအန်အန် ၊၀ါရှင်တန် ပို စ်
၊ဝေါစထရိ နှင့် အေပီ အပါအ၀င် သတင်းထောက် အယောက်၅၀ကျော်တို့ အသင့်စောင့် ဆိုင်းမေးမြန်းကြသည်။
ကိုညီညီအောင်အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိ သူများလည်း လာရောက်တွေ့ ဆုံသည်။
သူ့ အားစတင်ဖမ်းဆီးစဉ်က နာဇီ ဖက်ဆစ် တို့ နှိပ်စက် ပုံအတိုင်း မြန်မာ စစ်အစိုးရ က သူ့ အားနှိပ်စက်သည် ဟု
ထုတ်ဖော်ပြောကြားသည်။စစ်အာဏာရှင် တို့ ၏ အော်ဇ် ၀ဇ် ဖြစ်သည့် စစ်ခွေးတိုက် အတွင်း သူနေ ခဲ့ရပုံကို လည်း
ခြင်တွေ ၊ယင်တွေ ၊တီကောင် ပိုးဟပ် တွေ နဲ့ ပြည့် နေတာပဲ ညဆို ခွေးတွေ က ဟောင်တာ ဘယ်လိုမှ အိပ်လို့ မရဘူး
ဟုပြောသည်။



နောက်တခါသူ့ ကိုပြည်တွင်းပြန်မ၀င်စေနဲ့ ဗျာ
သူ့ ကြောင့်နောက်ဆက်တွဲ အဖမ်းခံရတဲ့ကျွန်တော်တို့ ရဲဘော်တွေအများကြီးပဲ
သူကတော့လာကယ်မယ့်သူရှိတယ်…
လွတ်တာတော့ဝမ်းသာပါတယ်..အမေရိကန်နိုင်ငံသားမဟုတ်တဲ့အနှိပ်စက်ခံလူတွေကိုလည်းကယ်ပါလို့ 
အိုဘားမားကြီးကိုပြောကြပါ။
ကျေးဇူးပါပဲ