
ငွေဆောင် ကမ်းခြေ ဆယ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ငွေဆောင် ဇုန် ဟိုတယ် လုပ်ငန်း ရှင်များ အသင်း
ကကြီးမှုးပြီး ငွေဆောင် ကမ်းခြေ ၁၀ နှစ် ပြည့် အထိမ်း အမှတ် အခမ်းအနား ကို မတ် ၂၅ရက်မှ ၂၈ရက်
အထိ ကျင်းပ မည်ဟု ငွေဆောင် ရှိ Myanmar Treasure Resort မှ ၀န်ထမ်းတစ်ဦးက
Freedom News Group သို့ ပြောသည်။
ဆယ်နှစ်ပြည့် အခမ်းအနားတွင် သဲသောင်ပြင် ဘောလုံး ပြိုင်ပွဲများ၊ ဓာတ်ပုံ ပြိုင်ပွဲ များ၊ စတိတ်ရှိုး
အစီအစဉ် များအပြင် Miss Ngwe Saung 2010 အမည်ရှိ Bikini Contest ပြိုင် ပွဲ တစ်ခုကိုလည်း
ထည့်သွင်း ကျင်းပမည် ဖြစ်သည်။
Miss Ngwe Saung 2010 ကို မတ်လ ၂၆ ရက်နေ့ တွင်ကျင်းပမည် ဖြစ်ပြီး Beach Music Festival ကို
မတ်လ ၂၇ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သည်။ ကမ်းခြေ ဂီတ ပွဲတော်တွင် စိုင်းစိုင်းခမ်းလှိုင် ၊သြရသ ၊ချမ်း
ချမ်း၊ဂျင်းနီ နှင့် DJ Wine တို့ ကဖျော်ဖြေကြမည် ဖြစ်သည်။
ငွေဆောင်ကမ်းခြေတွင် နှစ်စဉ် ဒီဇင်ဘာ လ နှင့် ဧပြီလများဉ် ဖျော်ဖြေပွဲ နှင့် ဖက်ရှင်ပွဲများ ကျင်းပသော်
လည်းရေကူးဝတ် စုံ နှင့် ပြိုင်ပွဲမှာ ယခု ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။ ငွေဆောင်ကမ်းခြေသည့် ၂၀၀၈
ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် ပိုင်းမှ စ၍ ခရီးသွားများ လာရောက်မှုနည်းသွားသဖြင့် စိတ်
ဝင်စားဖွယ်ရာဖျော်ဖြေရေးများ တွဲဖက်၍ ခရီးသွားများကို စွဲဆောင်ကြရသည် ဟု ငွေဆောင် ရှိ ဟိုတယ်
မန်နေဂျာ တစ်ဦး က Freedom News Group သို့ ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံ ၏ နိုင်ငံရေး ဂယက်ကြောင့် မြန်မာ နိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်
သည် ၀င်ရောက် နှုန်း နဲပါးသွားသည် ဟု သိရသည်။
