သတင်း နှင့် ဓာတ်ပုံ ကိုဦး



The Public Forum on Burma Domestics Development and International Responses မြန့် မာ့ အရေးဆွေး နွေးပွဲ ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲ တစ်ရပ် ကို ထိုင်း နိုင်ငံဘန်ကောက်မြှိုရှိ ချူလာလောင် ကွန်း တက္ကသိုလ် တွင်ကျင်းပခဲ့သည်။ထိုဆွေးနွေး ပွဲ သို့ မြန်မာ နိုင်ငံရှိ Living Color မီဒီယာ
မှ ဒေါက်တာ နေ၀င်းမောင် လည်း တက်ရောက်ဟောပြောခဲ့သည်။
မြန်မာပြည်လက်ရှိအခြေအနေနှင့် နိုင်ငံတကာတုံ့ပြန်မှုများ ဆွေးနွေးပွဲ တွင် ဧရာဝတီ သတင်းဌာန မှ ဦးအောင်
ဇော် ၊မြန်မာအရေး ကျွမ်းကျင်သူ ဂျာနယ်လစ် လယ်ရီ ဂျေဂင် ၊ ဒေါက်တာ ဇာနည် ၊ပြည်ပရောက် နိုင်ငံရေး
သမား ဦးဟန်ညောင်ဝေ တို့ တက်ရောက်ခဲ့ဆွေးနွေးခဲ့ကြသည်။

မြန်မာစစ်အစိုးရ အားနှင့် အမေရိကန် အပါအ၀င် နိုင်ငံတကာ နှင့် ဆက်ဆံရေးကို အမေရိကန် သံရုံး အမေရိကန်သံရုံး နိုင်ငံရေးဌာနမှ Mr. George Kent နှင့် ကနေဒါ သံအမတ် Mr. Ron Hoffmannတို့ က
ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအစီအစဉ်တွင် ပထမပိုင်း နှင့် ဒုတိယ ပိုင်းနှစ် ပိုင်းခွဲ ၍ ကျင်းပခဲ့ရာ ပထမ ပိုင်းတွင် ဦးအောင်ဇော် ၊ဦးအောင်နိုင်ဦး ၊ဦးဟန်ညောင်ဝေ နှင့် ဒေါက်တာ နေ၀င်းမောင် တို့ ဆွေးနွေးကြပြီး အခမ်းအနားမူး အဖြစ် Mr Robert Filte ကဆောင်ရွက်သည်။
ဒုတိယ ပိုင်းအား နံက် ၁၀နာရီ ၄၅မှ နံက် ၁၂ နာရီအထိကျင်းပသည်။ဒုတိယ ပိုင်းတွင် အမေရိကန် သံရုံးနိုင်ငံရေး ကောင်စစ်ဝန် Mr George Kent ၊ လယ်ရီဂျေဂင်၊ကနေဒါ ကနေဒါ သံအမတ် Mr. Ron Hoffmann ၊ဒေါက်တာ ဇာနည်နှင့် လယ်ရီ ဂျေဂင် တို့ ကဆွေးနွေးကြသည်။
အခမ်းအနား သို့ ထိုင်း နိုင်ငံအခြေစိုက် မြန်မာ အတိုက်အခံ အဖွဲ့ အစည်း တစ်ချို့ မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။ဟောပြောပွဲ တွင် ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ နှင့် နိုင်ငံရေး အခင်းအကျဉ်း
ပုဂလိက ပိုင်ပြုလုပ်ရေး တို့ အကြောင်း ကိုထည့်သွင်းဟောပြောခဲ့သည်။

ဟောပြောပွဲ အား ဘန်ကောက် ချုလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေးနှင့် လုံခြုံရေး အင်စတီကျူ (ISIS )နှင့် အာရှလေ့လာရေးပရိုဂရမ်(ASP) တို့က ပူးတွဲ၍ ကမကထ လုပ်ခြင်းဖြစ်သည်။
