အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် အောက်လွှတ်တော် အတည်ပြု

House passes health care bill on 219-212 vote

ကျန်းမ္မာရေးစောင့်ရှောက်မှု ဥပဒေအားလွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပြီးနောက်

သမ္မတ အိုဘားမားရဲ့ ကျမ္မာရေး စောင့်ရှောက် မှု ဥပဒေ ကြမ်းကို ဒီနေ့ တနင်္ဂနွေ နေ့ မှာ အောက်လွှတ်
တော်က ၂၁၉ – ၂၁၂ မဲ နဲ့ အတည်ပြုလိုက်ပါတယ်။ ကျမ္မရေးစောင့်ရှောက် မှု အစီအစဉ် အတွက် အပြင်း
အထန် ကန့် ကွက်ခဲ့ကြတဲ့ ရီပတ်ဘလီကန် ပါတီက ကိုယ်စားလှယ် ၁၇၈ ယောက်ကတော့ အဲဒီအစီအစဉ်
အတွက် ကန့် ကွက် မဲပေးခဲ့ပါတယ်။

ဒီဥပဒေ ကို အထက်လွှတ်တော်က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ က ခရစ္စမတ်နေ့ မတိုင်ခင်က
အတည်ပြုပြီးဖြစ်ပါတယ်။ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် နှစ်ရပ် စလုံးက အတည်ပြုပြီးဖြစ်
တာကြောင့် မကြာခင်မှာ ပဲ ဥပဒေ တစ်ရပ် အနေနဲ့ အသက်ဝင်တော့ မှာ ဖြစ်ပါတယ်။

လွှတ်တော် နှစ်ရပ် စလုံးမှာ ဒီဥပဒေ အတွက် မဲခွဲချိန် ဟာ ညကြီး သန်းခေါင် ဖြစ်နေတာကြောင့်
နောက်ဆိုရင် အမေရိကန် တွေ က ညဘက်ကျမှ ဥပဒေ ပြုကြလိမ့်မယ် လို့  ကန်
တာကီ ပြည်နယ် လွှတ်တော် အမတ် မရှ် မက်ကောနယ်က ဝေဖန်ခဲ့ပါတယ်။

ဒီဥပဒေဟာ ကျမ္မာရေးစောင့် ရှောက် မှု အာမခံ လုံးဝမရှိတဲ့ သာမန် အမေရိကန် ပြည်သူ သန်းသုံး
ဆယ်ကျော် အတွက် အပြင် အမေရိကန် မှာ ရောက်ရှိ နေကြတဲ့ မြန်မာ နိုင်ငံကနေ ဒုက္ခသည် အဖြစ်
နဲ့ ရွှေ့ ပြောင်းလာသူတွေ အတွက် ပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အမေရိကန် ကြက်ခြေနီ အသင်းကြီးရဲ့ အဆိုရ အမေရိကန် နိုင်ငံမှာ ကျမ္မာရေး စရိတ် အတွက်မတတ် နိုင်
လို့ နှစ်စဉ် သေဆုံးရသူ တွေ တစ်သောင်း ကျော်ရှိတယ် ဆိုပါတယ်။

သမ္မတ အိုဘားမား ကတော့ အမေရိကန် တွေ ဟာ အကြီးအကျယ် ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့ သူတွေ
ကိုကျော်လွှားပြီး မှန်ကန် တဲ့ မဲပေး လိုက်နိုင်ပြီ ဒါသမိုင်း ၀င်တဲ့ အောင်မြင် မှုပဲ ဒါဟာ
ဘယ်ပါတီရဲ့ မှ အနိုင်မဟုတ်ပါဘူး ။ပြည်သူတွေ ရဲ့ အနိုင်ပဲ လို့ ပြောပါတယ်။

ဒီနေ့ မှာပဲ အောက် လွှတ်တော်က Pell Grant လို့ ခေါ်တဲ့ အမေရိကန် ကောလိပ် ၊တက္ကသိုလ် ကျောင်းသားများရဲ့
ပညာရေး ထောက်ပံ့ရေး စရိတ် တိုးမြှင့် ပေးရေး ကို လည်း အတည် ပြုပေးခဲ့ပါတယ်။

အောက်လွှတ်တော် အမတ်များ၏ ကန့် ကွက်မဲ နှင့် ထောက်ခံမဲ ကိုဤနေရာတွင်ကြည့် နိုင်သည်။