1998 Generation Students Criticize On Main Opposition Party Pay Respect To Junta
တင်ကျော်ကျော်စိုး
၁၉၉၈ ခုနှစ်က NLD ပါတီ၏ ရက်ပေါင်း ၆၀ တွင်း လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံ သော အားဖြင့် လှည်းတန်းလမ်းဆုံတွင် ကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သော ကျောင်းသား ဟောင်းများက ယခုလက်ရှိအခြေအနေတွင် NLD ပါတီမှ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်မည်ဆိုသော မှန်းဆချက်များအပေါ် ဝေဖန်လိုက်သည်။
၉၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် ကိုကျော်လင်းဦးက “ NLD က ၉၀ ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ၉၈ မှာလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ အသေအချာ တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက နအဖက ဒီလို တောင်းဆိုယုံနဲ့ လွှတ်တော်ခေါ်ပေးမှာမဟုတ် ဘူးလို့ ကျနော်တို့က တွက်တယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်အောင် လုပ်ပြီး နအဖ ကိုစိန် ခေါ်တဲ့၊ ဖိအားပေးတဲ့ လှုပ်ရှားမှုကို ကျနော်တို့ လုပ်ခဲ့တယ်။ ဒီလှုပ်ရှားမှုကြောင့် ကျောင်းသားပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရတယ်။ တချို့ဆို ခုထက်ထိ မလွတ်သေးပါဘူး။ ဒါပေမယ့် အဲဒီတုန်းက NLD ကအဖျားရှုး သွားပြီး နောက်ဆုံး CRPP လောက်နဲ့ပဲ တင်းတိမ်နေခဲ့တယ်။ အခုCRPP ရော၊ ရွှေဂုံတိုင် ကြေငြာချက်ကို ရော ဆုတ်ဖြဲပြီး ရွေးကောက်ပွဲ ပြန်ဝင်ဦးမယ်ဆိုယင်တော့ ကျနေုာ်တို့ ပေးဆပ်ရကျိုးမနပ်ဘူးလို့ပဲ ပြောချင် ပါတယ်။ အဲဒီတုန်းကတည်း ထောင်ကျနေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ ခုထက်ထိ ထောင်ထဲမှာရှိနေပါ သေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူးဗျာ။´´ ဟု ပြောဆိုခဲ့သည်။
မြန်မာပြည်တွင်းမှာ တရားဝင် ထုတ်ဝေသည့် The Voice ဂျာနယ်တွင် အပတ်စဉ် ဆောင်းပါများ ရေးသား ပြီး လက်ရှိရွေးကောက်ပွဲကို ထောက်ခံသည့် ၉၈ မျိုးဆက်ကျောင်းသားဟောင်း ကိုနေသန်မောင်ကလည်း “ ၀င်မယ် မ၀င်ဘူးကို အခုမှ ဆုံးဖြတ်ပြီး နှစ်ပေါက်အောင် ထိုင်စောင့်နေခဲ့တာဟာ နိုင်ငံရေးပါတီ တစ်ရပ် ရဲ့ သရုပ်မှန်မဟုတ်ဘူး။ အစတုန်းကတော့ ဖွဲ့စည်းပုံကို စိတ်မ၀င်စားဘူး၊ ဖတ်စရာမလိုဘူး၊ ရွှေဂုံတိုင်က လွဲပြီး ဘာမှမလုပ်ဘူးလို့ ပြောထားတဲ့အတွက် ဒီချုပ်ဟာ ရှေ့နောက်စကားညီအောင် မ၀င်ဘဲနေမယ်လို့ မဲဆနရှင်တွေက နားလည်ထားလိမ့်မယ်။ အခုကျမှ ၀င်မယ်လို့ အကြောင်းကြောင်းကြောင့် ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ မြန်မာပြည်သူတွေကို လက်တစ်လုံးခြား တစ်လျှောက်လုံး လိမ်ခဲ့တယ်လို့ပဲ ပြောရမှာပဲ။ ဆိုလို တာက နိုင်ငံရေးသိက္ခာပေါ့ဗျာ။ အခုမှ ပြည်သူ့မျက်နှာထောက်ပြီး လုပ်ရမယ်၊ ၀င်ရမယ်ဆိုတာကိုက ဒီပါတီ ဟာ အတော်ကလေးကို နိုင်ငံရေးမှာ လက်တွေ့ကျကျ မစဉ်းစားတတ်ဘူး၊ ပြောချင်တာတွေ လျှောက်ပြော ပြီး အနားကပ်မှ လုပ်ချင်တာ လုပ်တယ်လို့ပဲ ယူဆစရာရှိတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ဒီပါတီကို ဝေဖန်နေ လည်း တိုင်းပြည်အတွက် ဘာမှ ထူးလာမှာ မဟုတ်တဲ့အတွက်တော့ ဒီထက်ပိုပြီး မဝေဖန်ချင်တော့ပါဘူး။ ပြောချင်တာက အနှစ်(၂၀)ဖြတ်သန်းမှုအရ တော်လှန်ရေးလုပ်ချင်တဲ့ပါတီတွေ အပြင်ထွက်ထိုင်နေတာ ပို ကောင်းမယ်လို့ပဲ ပြောချင်ပါတယ်´´ ဟုပြောဆိုလိုက်သည်။ ကိုနေသန်မောင် မှာ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးသိပ္ပံ နှင့်ရုပ်ရှင်ပညာကို အထူးပြုလေ့လာနေသူဖြစ်သည်။
“NLD ဟာ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအလုပ်တွေကို တလျှောက်လုံး မလုပ်လာဘဲနဲ့ ရွှေဂုံတိုင် ကြေ ငြာစာတမ်းကို တရားသေဆုတ်ကိုင်လိုက်ကတည်းက အတော်ကလေးကို စဉ်းစားဥာဏ်နည်းပါးတဲ့ ပါတီ ဆိုတာ ပြောစရာတောင် မလိုဘူး။´´ ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
နအဖ စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အ တည်ပြုပြီးနောက် ၂၀၁၀ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပပေးမည်ဟု ကြေငြာခဲ့ သည်။ ထိုရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်အတွက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရမည်၊ နိုင်းငံရေးအကျဉ်းသားအားလုံးကို လွှတ်ရမည် စသည့်တောင်းဆိုချက်များဖြင့် ရွှေဂုံတိုင်ကြေငြာချက်ကို NLD ကထုတ်ပြန်ခဲ့သည်။
“လက်ရှိနိုင်ငံရေးအခြေအနေမှာ ရွေးကောက်ပွဲမှ မ၀င်ယင် ပါတီအဖျက်ခံရမယ်ဆိုတဲ့ စိုးရိမ်ချက် NLD မှာ ရှိနေတယ်ဆိုတာ ကျနော်တို့လည်း နားလည်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေရောက်လာတာ သူတို့ အနှစ် ၂၀ အတွင်းမှာ ငုတ်တုတ်ထိုင်နေလို့မဟုတ်ဘူးလား၊ အခုမှ တခြားရွေးစရာမရှိတော့ပါဘူးလို့ အကြောင်းပြ ယင် ကျနော်တော့ လက်မခံဘူးဗျ´´ ဟု ကိုကျော်လင်းဦးက ဆက်ပြောသည်။ ကိုကျော်လင်းဦးက ထိုင်း နိုင်ငံတွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံရေးနှင့် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံရေးကို အထူးပြုလေ့လာ နေသူတစ်ဦးဖြစ်သည်။
၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားအများစုမှာ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပြီး အများစုမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ အဆိုပါ ကျောင်းသားများကလည်း ထောင်ထဲတွင် ကျန် နေခဲ့သည့် ကိုမျိုးမင်းဇော်၊ ကိုအေးအောင်၊ ကိုလှိုင်ဝင်းဆွေ၊ စသည့်ကျောင်းသားများ၊ ထောင်ကျခံယင်း အ သက်ဆုံးရှုံးခဲ့ရသည့် ကိုသက်ဝင်းအောင် လိုကျောင်းသားများ၏ မျက်နှာကို NLD အနေဖြင့် ကြည့်သင့် ကြောင်းပြောဆိုသွားသည်။
