တရားရုံးချုပ်က NLD ၏ တရားစွဲဆိုမှုကို လက်မခံ ပယ်ချ

Burma junta rejects election law lawsuit

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်း (NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်)
၊နှင့် ဦးကြည်ဝင်းတို့၏ စစ်အစိုးရ ကို အမှုဖွင့်ရန်အတွက် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားမှု ကို
စစ်အစိုးရ ၏ တရားရုံးက လက်မခံဘဲပယ်ချလိုက်သည် ဟု သိရသည်။

ထိုသို့ တရားစွဲ ရန်စီစဉ်ခြင်းသည် ယနေ့ ကျင်းပသည့် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှ စစ်အစိုးရ ကို
တရားစွဲ ဆိုရန် တညီတညွှတ် ထဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပေဒေသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထောင်ကျ
နိုင်ငံရေးသမားများ ရွေးကောက် ပွဲတွင် ပါဝင်ခွင့် မရှိစေရန် တစ်ဖက်သတ် ရေးဆွဲ ထားခြင်း ဖြစ်သောကြောင့်
ထိုသို့ တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်သည် ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် တစ်ဦးက Freedom News
Group သို့ ပြောသည်။

One thought on “တရားရုံးချုပ်က NLD ၏ တရားစွဲဆိုမှုကို လက်မခံ ပယ်ချ

  1. တရားစွဲ တာ မှားနေ တယ် ။ ထိုင်းတရားရုံးမှာ သွားစွဲရင် ကျော်လင်းဦး ခ ပွဲခ မယူပဲ ကြည့်ကျက် လုပ်ပေးမယ်တဲ့

Comments are closed.