ဇန်န၀ါရီလ နှောင်းပိုင်းက ပါကစ္စတန် နိုင်ငံ ကရာချိ မြို့ မှာဖမ်းဆီးခံရတဲ့ တာလီဘန် စစ်ဦးစီးချုပ်
နဲ့ တာလီဘန် ရဲ့ ဒုတိယမြောက် အာဏာအရှိ ဆုံးခေါင်းဆောင် ဖြစ်သူ မူလာဂါနီ အဘဘ်ဒူလ်
ဘာရာဒါ ရဲ့  နေရာမှာ ဂွမ်တာနာမို အကျဉ်းသား ဟောင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ မဟာမိတ် တပ်
ဖွဲ့ တွေ နဲ့ အတူ နိုင်ငံတွင်း ကိုဝင်ရောက် လာတဲ့ ဗိုလ်ချုပ် ရာရှစ် ဒိုစတမ် ရဲ့  ဖမ်းဆီးခြင်း ကိုခံခဲ့
ရတဲ့ မူလာ အဘ်ဒူလ် ကာယမ် ဇာကီယာကို စစ်ဦးစီးချုပ် အဖြစ်ရွေးချယ် ခံရတယ် လို့ ဒီနေ့ 
အမေရိကန် စစ်မဟာဗျူဟာ လေ့လာ ရေး ရုံး (ပင်တဂွန်) က တရားဝင် သတင်း ထုတ်ပြန်ပါတယ်။
ဇာကီယာ ဟာ တာလီဘန် အစိုးရ အဖွဲ့ လက်ထက်မှာ ပြည်တွင်း လေကြောင်း ရဲ့ ဒုဝန်ကြီးတစ်
ဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူ့ ကို တာလီဘန် ရဲ့ စစ်ဦးစီးချုပ် အဖြစ် ကိုးနှစ်ကြာ
ပုန်းအောင်းတိမ်းရှောင် နေတဲ့ တာလီဘန် ခေါင်းဆောင် မူလာ အိုမာ ကခန့် အပ်တာဖြစ်ပါတယ်။
ဇာကီယာ ဟာ ကျူးဘား ဂွမ်တာနာ မို အကျဉ်းထောင်က နေ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ မှာ လွတ်
မြောက်ခဲ့ပြီး အာဖဂန် နစ္စတန် အစိုးရ အကျဉ်းထောင်မှာ နှစ် အတန်ကြာ ကြာထပ်မံ ထိန်းသိမ်းခံ
ရပြီး ယခု နှစ် ဒီဇင်ဘာ လက မှ လွတ်မြောက်လာတာဖြစ်ပါတယ်။
အမေရိကန်နဲ့ ပါကစ္စတန်တို့ ၂ နိုင်ငံ ပူးတွဲစစ်ဆင်ရေးအတွင်းတာလီဘန် ခေါင်းဆောင် ပိုင်းမှာ
အကျအဆုံး နဲ့ ဖမ်းဆီးခံရမှု တွေ ရှိတာကြောင့် တာလီဘန် ခေါ်င်း ဆောင် မူလာ အိုမာက ခေါင်းဆောင်
ပိုင်း အပြောင်း အလဲ တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် ဒီဇင်ဘလ ၁၉ ရက်နေ့ က မှ ဂွမ်တာနာမို အကျဉ်းစခန်းကနေ ပြန်လည် လွတ်မြောက်လာတဲ့
အဘ်ဒူလ် ဟာဇစ် ဟာလည်း တာလီဘန် အဖွဲ့ ရဲ့  ထောက်လှမ်းရေး တာဝန်ခံ အဖြစ်ခန့် အပ်ခံခဲ့ရပါတယ်။
ပင်တဂွန် ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဂွမ်တာနာမို မှာ ထိန်းသိမ်းခံထားရာကနေ ပြန်လည်လွတ်မြောက်
သွားသူတွေ ထဲက အယောက် ၇၀ နီးပါးဟာ တာလီဘန် (သို့ မဟုတ်) အယ်(လ)ခိုင်ဒါ အဖွဲ့ တွေ နဲ့ ပြန်
လည်ပေါင်းစည်း မိသွားကြတယ် လို့ ဆိုပါတယ်။
ဇာကီယာ ဟာ အာဖဂန် တောင်ပိုင်း ကို ခြေကုပ်လုပ်ပြီး အမေရိကန် နဲ့ လက်ရှိ အာဖဂန် အစိုးရ ကို ဆန့် 
ကျင်မှာ ဖြစ်ပါတယ်။
