ကုလ နှင့် မြန်မာ့ မိတ်ဆွေ နိုင်ငံများက ရွေးကောက်ပွဲ ဥပဒေ ကို မနှစ်မြို့ 

တရားမမျှတသည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ဒေလီရှိ မြန်မာ သံရုံးရှေ့တွင် မြန်မာ နိုင်ငံသားများ ဆန့် ကျင်ဆန္ဒပြစဉ်(Photo credit should read MANAN VATSYAYANA/AFP/Getty Images)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ စစ်အစိုးရ ထုတ်ပြန်
တဲ့ရွေးကောက်ပွဲ ဥပဒေဟာ ဘယ်လိုနည်းနဲ့ မှာ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ
ဥပဒေ ဖြစ်လာ နိုင်စရာ အကြောင်း မရှိဘူး လို့ ပြောကြားလိုက်ပါတယ်။
ဥရောပ သမဂ္ဂ  ပါဝင်တဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံများဖြစ်တဲ့ အဖွဲ့ ဝင် ၁၄ နိုင်ငံပါ အဖွဲ့ ကလည်း
ဒီမိုပရေစီ ခရီး ကို ရှေးရှု ဖို့ စစ်အစိုးရ က အခုထိ မယ်မယ်ရရ လုပ်ဆောင် နိုင်တာ မရှိသေးတဲ့
အပြင် ရွေးကောက်ပွဲ ဥပဒေ ဟာ ပွင့်လင်းမြင်သာ မှု မရှိ ဘဲ အတိုက်အခံ တွေ လုံးဝမပါ နိုင်ရ
အောင် ဆိုးဆိုး ရွားရွား စီစဉ် ထားတာပါ လို့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာ နိုင်ငံကို ပြီးခဲ့တဲ့ နှစ်က လာရောက် လည်ပတ်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံခဲ့တဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်
ကမ်ဘဲလ် ကတော့ ရွေးကောက် ပွဲ ဥပေဒေ ဟာ အရမ်းစိတ် ပျက် ဖို့ ကောင်းတယ် လို့ ဂျကာ
တာ မှာပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ် ကြီး လိုင်ယာ ဂရန့် ကတော့ ရွေးကောက်ပွဲ ပြီးနောက် မြန်မာ နိုင်ငံမှာ
ဖြစ်ပေါ်လာမယ့် ဂယက် ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး ကို ထိပါးစေ နိုင်တယ် လို့ 
ဆိုပါတယ်။

ကုလ အထွေအထွေ အတွင်းရေး မှုးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ ရွေးကောက် ပွဲမှာ ဒေါ်
အောင်ဆန်းစုကြည် ကို ပါဝင်ခွင့် ပေး ဖို့ တောင်းဆို ထားပါတယ်။

လာမယ့် သီတင်း ပတ် အတွင်းမှာ ပဲ မြန်မာ နိုင်ငံ ကို လာရောက် လည်ပတ်မယ့် ဗီယက်နမ်
ဝန်ကြီးချုပ် နဲ့ အင်ဒိုနီးရှား သမ္မတ တို့ ဟာ ၂၀၁၀ ရွေးကောက် ပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေး
မြန်မာ စစ်အစိုးရ နဲ့ ဆွေးနွေး မှာ ဖြစ်ပါတယ်။

One thought on “ကုလ နှင့် မြန်မာ့ မိတ်ဆွေ နိုင်ငံများက ရွေးကောက်ပွဲ ဥပဒေ ကို မနှစ်မြို့ 

  1. United Nation လည်း အပြောကလွဲပြီး ဘာမှ ဖြစ်ဖြစ်မြှောက်မြှောက်လုပ်နိုင်တာ တစ်ခုမှ
    မရှိသေးဖူး..။ အစိုးရက တစ်မျိုးပြဋ္ဌာန်းလိုက် လိုက်ဝေဖန်လိုက်၊နောက်တော့ ပျောက်သွားလိုက်…
    ဘယ်လိုဖြစ်နေတုန်းဆိုရင်…ပေါာပင် ဝေဖန်ရေးနဲ.တင် အဆုံးသတ်နေသလိုပဲ..။
    ပြည်တွင်း ပြည်သူတွေကတော့ သူတို.ဆွေးနွေးနေပြီဆိုရင် တကယ်များ ဘာတွေပြောင်းလဲလာမလဲ…
    လာမလဲ နဲ့ နောက်တော့ တရုတ်ကြီး က မထောက်ခံလို.၊ရုရှားကြီးက မကြည်ဖြူလိုနဲ့ အဖျားရှုးသွားတာချည်းပဲ။
    ဘာမှဖြစ်လည်းမလာဖူး..။ပြောင်းလဲလည်းမသွားဖူး..။
    အစိုးရကလည်း သူလုပ်ချင်တာဆက်လုပ်သွားတာချည်းပဲ..။
    United Nation တော့ နည်းနည်းလိုနေပြီလို.ထင်ပါတယ်..။

Comments are closed.