” ၀ “အမျိုးသမီး များအား စစ်ဖြစ်ပွားလာပါက မုဒိမ်းကျင့် ရန် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ ညွှန်ကြားထား

Rape em’ All : Command from Nay Pyaidaw

နေပြည်တော်တွင် ယနေ့  ကျင်းပသည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲ (AP Photo)

တင်ကျော်ကျော်စိုး ၊        ၊အကယ်၍ ထိတွေ မှု ရှိလာ ခဲ့ပါက ထိုအချိန်ကာလ နှင့် ထိုအချိန် ကာလ
မရောက်ခင် အချိန်များတွင်နယ်ခြားစောင့် တပ်ဖွဲ့ စည်းရန် ငြင်းဆိုသည့် ၀ တပ်ဖွဲ့ မှ လက်နက်ကိုင် အမျိုးသမီးများ အား မုဒိမ်းကျင့်ရန်နေပြည်တော် မှ တိုက်ရိုက် အမိန့် ပေးထားသည် ဟု ရှမ်းပြည် အရှေ့ မြောက် ပိုင်းတွင် အခြေစိုက်သည့် မြန်မာစစ်တပ် မှ အမည် မဖော်လို သည့် အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။ဝ အမျိုးသမီးငယ် များ အား မုဒိမ်း ကျင့်ရန် နေပြည်တော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် က ရှမ်းပြည် တြိဂံဒေ
သတိုင်းမှုးဗိုလ်မှုးချုပ် ကျော်ဖြိုး နှင့် ရမခ တိုင်းမှုးဗိုလ်ချုပ် အောင်သန်းထွဋ် အား ဖေဖော်ဝါရီလ က လားရှိုးသို့ 
ရောက်ရှိ စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပြင်ဆင်ပြောင်းလဲရန် ငြင်းဆိုနေသည့် ရှမ်းပြည်တပ်မတော် အား လည်း
မြန်မာ စစ်အစိုးရ မှ ဦးစွာ ထိုးစစ်ဆင်ဖွယ်ရှိ ပြီး ၎င်းနောက် ၀ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် တောင်
ပိုင်း နှင့် မြောက်ပိုင်း ဒေသများ သို့ ထိုးစစ်ဆင်ဖွယ်ရှိ သည် ဟု ထိုအရာ ရှိက ပြောသည်။

စစ်မဖြစ်ခင် ၀ ဒေသ အခြေအနေ များ နှင့် ပတ်သက် ၍  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှုး ရုံးမှ
ဗိုလ်မှူးချုပ် မောင်မောင်အုန်း ကကိုင်တွယ် သည် ဟု သိရသည်။

ရှမ်းပြည်နယ် အတွင်းရှိ အခြေစိုက်တပ်များမှ တပ်သား အချို့ မှ ၀ နယ်တွင် စစ်ဖြစ်လာပါက
ဝ ပိုင်ပစ္စည်း များ သိမ်းဆည်း ရန် နှင့် ၀လက်နက်ကိုင်တပ်ဖွဲ့ မှ အမျိုးသမီးငယ် များအား မုဒိမ်းကျင့် ရန် ၎င်းတို့ ၏တပ်ရင်းမှုးများက
ညွှန်ကြားထားပြီး ဖြစ်သည် ။ဝဒေသ အတွင်းရှိ ၀လူမျိုး တစ်သိန်း ကျော်မှာ နအဖ ထိုးစစ်ဆင်လာ မည် ကို ကြောက်ရွံ့ နေကြသည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင် များသည် ၀ တပ်ဖွဲ့ က ခေါ်ဝေါ် သုံး နှုန်းသည့် “ မြန်မာနိုင်ငံတော် ၀ ပြည်နယ်
အစိုးရ အထူးအုပ်ချုပ်ရေးဒေသ”  ဆိုသည့် အသုံး အနှုန်းကို မနှစ်မြို့ ကြောင်း သာစည် ရှိ တပ်မ ၉၉ လက်အောက်
ခံတပ်ရင်း တစ်ခု မှာ ပြောင်း ရွှေ့ လာသည့်  အဆိုပါ အရာရှိကပြောသည်။

မြန်မာ စစ်အစိုးရ သည် ၀တပ်ဖွဲ့ အား အလွယ်တကူ ထိုးစစ်ဆင် နိုင်သည့် စစ်အင်အားရှိသော် လည်း လုံးပါးပါးသွား
စေလို သည့် လက္ခဏာရှိ ကြောင်း နေပြည်တော် သတင်းရပ်ကွက် မှ Freedom News Group အားပြောသည်။

မြန်မာ စစ်အစိုးရ၏ သမိုင်း တစ်လျှောက် ဉ် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များ နှင့် စစ်ဖြစ်ပွားတိုင်း ထိုဒေသရှိ
အမျိုးသမီး များ အား ပျိုပျို အိုအို မကျန် မုဒိမ်း ကျင့် သည့် ဖြစ်ရပ်များ ရှိခဲ့သည်။

ပြီးခဲ့သည့် သီတင်း အပတ်တွင်းက ဗိုလ်ချုပ် အောင်သန်းထွဋ် ရှမ်းပြည် နယ် အတွင်း လှည့်လည်စဉ်
ဝ တပ်ဖွဲ့  အခြေအနေ နှင့် ပတ်သက် ၍ ဗျူဟာမှုး များ အသင့် အနေအထားရှိရန် လည်း ညွှန်ကြားသွား
ခဲ့သည်။

မြန်မာ စစ်အစိုးရ အာဏာ သိမ်းပိုက်ထားသည့် နှစ် နှစ်ဆယ် ကျော်ကာ လအတွင်း ယခု အချိန်သည် အကျပ်တည်းဆုံးဖြစ်ကာ
နိုင်ငံရေး ၊ စစ်ရေး အရ အဖက်ဖက် မှ ဖိအား များ နှင့် ရင် ဆိုင်နေရသည်။

3 thoughts on “” ၀ “အမျိုးသမီး များအား စစ်ဖြစ်ပွားလာပါက မုဒိမ်းကျင့် ရန် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ ညွှန်ကြားထား

  1. သူတို့ အတွက်တော့ ၀၀ ပိန်ပိန် အဓိကက အဓိကပဲဖြစ်မှာပါနော့်

  2. သူတောင်စားတွေထမင်းဝတော့……ပြောလိုက်ရမကောင်းဘူး အဝေစိတောင်ဖင်ပေါက်ထွက်မယ်ကောင်တွေ

  3. ဘုန်းကြီးတောင် မရှောင်တာ ၀ မ လောက်တော့ အပျော့ပေါ့။

Comments are closed.