နာမည်ကျော် ဟစ်ဟောပ် အဆိုတော် ရန်ရန်ချန်း နှင့်
ချီလီ တို့ သည် ဧပြီ လတွင် လက်ထပ်ထိမ်းမြားတော့ မည်
ဟု သတင်းရရှိသည်။ရန်ရန်ချမ်းသည် နာမည်ကျော် ACID ဟစ်ဟောပ်
အဖွဲ့ ၏ အဆိုတော် တစ်ဦး လည်း ဖြစ်သည်။
ရန်ရန်ချမ်း သည် ၂၀၀၈ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ မှ ၂၀၀၉ ခုနှစ် မတ်လ ထိ စစ်ထောက်လှမ်းရေး
၏ဖမ်းဆီးခြင်း ကို ခံရသည် ထိုသို့ ဖမ်းဆီးစဉ် အခါက ယခု လက်ထပ် တော့ မည့် သူ၏ ချစ်သူ
ချီလီ လည်း ဖမ်းဆီးခံရသည်။
ရန်ရန်ချမ်း ၏ သီဆိုဖက် ဖြစ်သူ ဇေယျာသော် နိုင်ငံရေး လှုပ်ရှားမှု ဖြင့် ထောင်ဒဏ် ငါးနှစ်အပြစ်ပေး
ခံထားရသည်။
ရန်ရန်ချန်း နှင့် ချီလီ သည် ဧပြီ လ ၄ ရက်နေ့ တွင် ရန်ကုန် မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင်
လက်ထပ်မည် ဖြစ်သည်။
