Alcatel-Lucent Denies Supplying Surveillance Gear to Myanmar
ဟိန်းခိုင်ထွန်း
ပြင်သစ် နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ကြီး တစ်ခု ဖြစ်သည့်
အယ်(လ)ကာတယ်(လ)လူဆန့် ကုမ္ပဏီက မြန်မာစစ်အစိုးရအား ကြားဖြတ်အသံဖမ်း
နိုင်သော စက်များ နှင့် ဒစ်ဂျစ်တယ် သတင်းအချက် အလက်များအား ခြေရာခံခြင်း နှင့်
စီစစ်ဖြတ်တောက် နိုင်သော စက်များရောင်းချပေးခြင်း မရှိပါ ဟု
ယနေ့ ထုတ် နိုဗလ် အော်ဗဆာဗေးရှား မဂ္ဂဇင်းမှ တစ်ဆင့်ငြင်းဆိုလိုက်သည်။
အယ်(လ)ကာတယ်(လ) သည် မြန်မာ နိုင်ငံသို့ ဆက်သွယ်ရေး ပစ္စည်းများရောင်းချသော်လည်း အင်တာနက်
သတင်းအချက် အလက်များ ခြေရာခံသည့် ပစ္စည်းများရောင်းချခြင်း မရှိဟု ငြင်းဆိုခဲ့သည်။အယ်(လ)ကာတယ်(လ)
သည် စစ်အစိုးရအား အင်တာနက် ထောက်လှမ်းရေး နည်းပညာ များရောင်းချသည် ဟု ပြင်သစ် ရုပ်သံ Canal + က
သတင်းဖော်ပြခဲ့သည်။
တရုတ် နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ၎င်းတို့ ၏ Alcatel –Shanghai Bell မှတစ်ဆင့်မြန်မာ စစ်အစိုးရသို့ ဆက်
သွယ်မှုများ ရှိပြီး Alcatel – Shanghai Bell သည် ၎င်း၏ ရန်ကုန် ဌာနခွဲ ကို ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုနား
ဟိုတယ် ငါးထပ်မြောက်တွင် ဖွင့်လှစ်ထားသည်။
အယ်(လ)ကာတယ် လူဆန့် သည် လူ့ အခွင့်အရေး အဖွဲ့ များက စွပ်ဆွဲထားသည့် မြန်မာ စစ်အစိုးရ အား
ဒစ်ဂျစ်တယ် ခြေရာခံစက် များ ရောင်းချသည် ဆိုသည့် အချက်ကိုငြင်းပယ်ခဲ့ခြင်းဖြစ်သည်။၂၀၀၅ ခုနှစ်က
အယ်(လ)ကာတယ် သည် ဗီယက်နမ် နှင့် တရုတ် နိုင်ငံများ သို့ အင်တာနက် သတင်း စီစစ်သည့် ဆော့ဖ်ဝဲများ
ရောင်းချခဲ့သည် ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။
၂၀၀၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ က မြန်မာ့ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်မှုးချုပ် သိန်းဇော် နှင့် Alcatel-
Shanghai Bell တို့ ဆက်သွယ်ရေး နည်းပညာ အတွက် စာချုပ် ချုပ် ဆိုခြင်းကို ဆီဒိုးနား ဟိုတယ်တွင်
ကျင်းပခဲ့သည်။
Alcatel Shanghai – Bell သည် ပြင်ဦးလွင် ရှိ ရတနာပုံ တယ်လီပို့ တွင် ဆောဖ့်ဝဲ ထုတ်လုပ်မှု လုပ်ငန်း
အတွက် စစ်အစိုးရ နှင့် အကျိုး တူပူးပေါင်း လုပ်ကိုင်လျှက် ရှိပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သို့ ဆက်
သွယ်ရေး ပစ္စည်း အမေရိကန် ဒေါ်လာ သိန်း ၆၀ ကျော်ဖိုးရောင်းချခဲ့ပြီးဖြစ်သည်။
