
တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား
ရပ်တည်ချက်၊ မဲဆွယ်စည်ရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာ
ရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း စာစောင်များအား ပုံနှိပ်ဖြန့်ချိလိုပါက ပုံနှိပ် ထုတ်ဝေခွင့်
သက်သေခံလက်မှတ် မှတ်ပုံတင်ကြေးကျပ်တစ်သိန်းအပြင် အာမခံကြေးငွေကျပ် ငါးသိန်းကို
ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများကြီးကြပ်မှု ဗဟို
အဖွဲ့သို့ ပေးသွင်းရမည်ဟု သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။ ၂၀၁၀ပြည့်
နှစ်မတ် ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ ညွှန်ကြားချက်( ၄၂) တွင် နိုင်ငံရေးပါတီ
များသည် ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသော စည်းကမ်းချက်တစ်ခု
ခုအား ချိုးဖောက်ခဲ့ပါက အာမခံကြေးငွေအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ပုံ
နှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများကြီးကြပ်မှုဗဟိုအ
ဖွဲ့မှ သိမ်းယူနိုင်သည်။ အာမခံကြေးငွေကို သိမ်းယူခြင်း ခံရသူသည် လိုအပ်သော အာမခံ
ကြေးငွေအား ပြန်လည်ဖြည့်တင်း တင်သွင်းရမည် ဖြစ်သည်။ ပါတီတစ်ခုသည် မိမိဆန္ဒ အ
လျောက် သက်သေခံလက်မှတ်ကို ပြန်လည် အပ်နှံသည့်အခါ အာမခံကြေးငွေကို ပြန်လည်
ထုတ်ယူနိုင်သည်ဟု အဆိုပါညွှန်ကြားချက်တွင်ဖော်ပြထားသည်။ပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်က ယာယီမှတ်ပုံတင်ခွင့် သို့မဟုတ် စည်းရုံးခွင့်ရပြီးချိန်မှ ရက်ပေါင်း၉၀ အတွင်း
လျှောက်ထားလာသော မှတ်ပုံတင်ကြေး လျှောက်လွှာများအား ဆောင်ရွက်ပေးနိုင်မည် မ
ဟုတ်ကြောင်းဖော်ပြပါရှိသည်။နိုင်ငံရေးပါတီများအနေဖြင့်ယခုထုတ်ပြန်လိုက်သည့်ညွှန်ကြား
ချက်ပါထုတ်ဝေစာနှင့်စပ်လျဉ်းသည့် သတ်မှတ်ထားသော စည်ကမ်းချက်များအားချိုးဖောက်
၍ ရေးသား၊ ပုံနှိပ်ထုတ်ဝေဖြင့်ချိခြင်း ပြုလုပ်ပါက ထုတ်ဝေသူသာမကနိုင်ငံရေးပါတီ၌ပါတာ
ဝန်ရှိမည်ဟု ညွှန်ကြားချက်တွင်ဖော်ပြထားသည်။နိုင်ငံရေးပါတီထုတ်ဝေခွင့်မှတ်ပုံတင်ရရှိပြီး
သော နိုင်ငံရေးပါတီများသည် ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ၊
ပုဒ်မ ၂၂အရ ၎င်းတို့ ထုတ်ဝေလိုသည့် ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်၊ မဲဆွယ်
စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များပါရှိသော စာရွက်စာတမ်း၊ စာအုပ်
နှင့် လက်ကမ်းစာစောင်များအတွက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြစိစစ်မှု
ခံယူခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။ သို့သော် ပုံနှိပ်ပြီး
စာစောင်များအားထုတ်ဝေဖြန့်ချိသည်နှင့် တစ်ပြိုင်နက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသို့ အ
ချော၁၀စောင် တင်ပြရမည်ဖြစ်ပြီး ထိုသို့အချောအနေဖြင့် ပေးပို့တင်ပြပြီးသော စာမူများကို
သာ Online (Website) သို့ တင်ရမည်ဟုလည်း ယခုထုတ်ပြန်သည့် ညွှန်ကြားချက်တွင်ပါ
ရှိသည်။ ကြေညာချက်ပါစည်ကမ်းချက်များနှင့်ပတ်သက်၍နိုင်ငံရေးပါတီခေါင်းဆောင်တချို့
က ၎င်းတို့၏ အမြင်ကို မတ်၂၆ရက်က ထုတ်ဖော်ပြောဆိုရာတွင် -“နိုင်ငံရေးပါတီတစ်ခုက
သူတို့ရဲ့မူဝါဒသဘောထားကိုပြည်သူတွေဆီ ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းပြုလုပ်ဖို့ မီဒီယာကိုပဲ
အားကိုးရမယ်။ အဲဒီအတွက် ဥပဒေ တစ်ခုခုနဲ့ ကာကွယ်ပေးထားတာကိုကျွန်တော်တို့ ကြို
ဆိုပါတယ်” ဟုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။
၎င်းတို့သည် ပါတီတည်ထောင်လိုခွင့်ကို မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်သို့သွား
ရောက်လျှောက်လွှာတင်ခဲ့သည်။ နိုင်ငံရေးပါတီများသည်မှတ်ပုံတင်သက်သေခံလက်မှတ်
လျှောက်ထားရာတွင်တရားဝင်မှတ်ပုံတင်ထားသောနိုင်ငံရေးပါတီဖြစ်ကြောင်းပြည်ထောင်
စုရွေးကောက်ပွဲ ကော်မရှင်၏ ထောက်ခံချက်ပါရှိရမည်။ မှတ်ပုံတင်သက်သေခံလက်မှတ်
လျှောက်ထားလိုကြောင်း သက်ဆိုင်ရာ နိုင်ငံရေးပါတီထူထောင်လိုသူ ၁၅ဦး၏ အစည်းအ
ဝေးဆုံးဖြတ်ချက်ပါရှိရမည်။ မှတ်ပုံတင်သက်သေခံ လက်မှတ်လျှောက်ထားပြီး စာအုပ်စာ
စောင်များအားထုတ်ဝေမည့် တာဝန်ခံပုဂ္ဂိုလ်သည်ပါတီ၏အစည်းအဝေးဆုံးဖြတ်ချက်မှတ်
တမ်းပါ ဝာာဝန်ပေးခန့်ထားသူ ဖြစ်ရမည်ဟု ညွှန်ကြားချက်တွင် ပါရှိသည်။ မှတ်ပုံတင်ပြီး
သော နိုင်ငံရေးပါတီများသည် ထုတ်ဝေစာကင်းလွတ်ခွင့်အရ ထုတ်ဝေစာများထုတ်ဝေကြ
ရာတွင် ယခုညွှန်ကြားချက်နှင့် ပူးတွဲဖော်ပြချက်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာ၍
ရေးသားထုတ်ဝေသွားကြရန် အဆိုပါညွှန်ကြားချက်တွင်ဖော်ပြထားကြောင်း ၂၀၁၀ခုနှစ်
မတ်လ ၃၀ရက်နေ့ ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။
ခောတ်လူငယ် ၀ဘ်ဆိုတ် မှ ကူးယူ ဖော်ပြသည်
