၁၆း ၃၂ တနင်္လာနေ့ 
Aung San Suu Kyi’s party boycotting Burma election
၁၉၉၀ ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ယနေ့ ကျင်းပသော
ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်ဆွေးနွေးပွဲ မှ စစ်အစိုးရ ၏ တရားမျှတမှု မရှိပဲ ရေးဆွဲ
ထားသည့် ရွေးကောက်ပွဲ ဥပဒေ ကို ဆန့် ကျင်ကန့် ကွက်သည့် အနေဖြင့် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည်
ဟု သတင်းရရှိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ယနေ့ သမိုင်းဝင် ဆုံးဖြတ်ချက်သည် ပါတီ တစ်ခု ၏ ဂုဏ်သိက္ခာ ကို ထုတ်ဖော်ပြ
သလိုက်ခြင်း ဖြစ်ပြီး ထိုဆုံးဖြတ် ချက်အရ စစ်အစိုးရ သည် အကျပ် ရိုက်သွား နိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၏ တရားဝင်
မှုမှာ လည်း ရေစုန် မျော သွား နိုင်သည် ဟု ပြည်တွင်း ဗကသ ခေါင်းဆောင် တစ်ဦးက Freedom News Group သို့ 
ပြောသည်။
ယနေ့ ကျင်းပသည့် အဖွဲ့ ချုပ် ဗဟိုဦးစီး ဆွေးနွေးပွဲ သို့ ဥက္ကဌ ဦးအောင်ရွှေ နှင့် ဦးလွင် တို့  တက်ရောက်ခြင်းမရှိချေ။
ပါတီ ဒုဥက္ကဌ သူရ ဦးတင်ဦး နှင့် ဦးဝင်းတင် အပါအ၀င် တက်ရောက်လာသူ ၁၀၀ ကျော်က ယခုနှစ်ထဲတွင် ကျင်းပမည့်
စစ်အစိုးရ ၏ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ သို့ မ၀င်ရန် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ထဲတွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည့် စစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုက
ရေစီ အဖွဲ့ ချုပ် အား အာဏာ လွှဲပြောင်း ပေးအပ်ခြင်း မရှိ ချေ။
စစ်အစိုးရက ရေးဆွဲထားတဲ့ ရွေးကောက် ပွဲ ဥပဒေဟာ တရားမျှတ မှု မရှိ လို့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ မ၀င်ရန်
ပါတီ အဖွဲ့ ၀င်များက ဆုံးဖြတ်ခဲ့ကြောင်း NLD ပြောခွင့် ရ ဦးဥာဏ်ဝင်း က ရိုက်တာ သတင်းဌာန ကိုပြောပါတယ်။
မိမိရဲ့ ပါတီ ဟာ ပြည်သူလူထု ထောက်ခံမှု ရှိသောကြောင့် ဆက်လက်ရပ်တည် နိုင်တယ် ဆိုတဲ့ အကြောင်း သူက
ဆက်လက်ပြောကြား ပါတယ်။
ရွှေဂုံတိုင် ကြေညာချက် အတိုင်း ရပ်တည်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ဆုံးဖြတ်ချက်ကို ၉၈ မျိုးဆက်
ကျောင်းသား များ က နှစ်သက်ဝမ်းမြောက်စွာ ထောက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
YANGON (Reuters) – Myanmar’s biggest opposition party said Monday it would not register
for this year’s election, meaning the party of Nobel laureate Aung San Suu Kyi will not
be allowed any role in the military-led political process.
The party of detained opposition leader Aung San Suu Kyi decided Monday not to contest the first election in military-ruled Myanmar in two decades, after the Nobel laureate blasted new electoral rules as unfair.
The move by the National League for Democracy, the country’s key opposition party, would seriously undermine the credibility of any polling in the eyes of foreign governments, which have urged the junta to ensure all groups take part in the elections.
New election laws required political parties to register before the first week in May. Parties that do not register will not be able to participate in this year’s election and will cease to exist, under rules enacted this month by the military government that also bar Suu Kyi from participating in the polls.

အစိုးရရဲ့ လှည့်ကွက်မှာ မ၀င်မိဖို့လိုတယ်။ စစ်မှန်တဲ့ရွေးကောက်ပွဲ တနည်းအားဖြင့် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးချင်တဲ့ ဆန္ဒသေချာတယ်ဆိုရင် အားလုံးယှဉ်ပြိုင်လို့ ရအောင် ဦးဆုံး လုပ်ရမှာပဲ။ တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရင် တကယ် ကိုယ်ကျိုးစွန့်အနစ်နာ ခံရမှာ ဧကန်ပဲ။ အတ္တတွေမာနတွေ ခ၀ါ ချပြီး ပူးပေါင်းလုပ်ဆောင်နိုင်မှ တိုင်းပြည်ကောင်းစားမှာ မဟုတ်လား။ အကျပ်အတည်း ဖြစ်လေ ပြည်သူတွေ နစ်နာလေပဲ။ နိုင်ငံ့ခေါင်းဆောင်ဟာ လူတိုင်းဖြစ်နိုင်ပေမဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်း တနည်းအားဖြင့် ပြည်သူချစ်တဲ့ အာဇာနည်သူရဲကောင်း ဖြစ်ဖို့ဆိုတာခဲယဉ်းပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတိုင်း အာဇာနည်မဟုတ်ပါဘူး။ ဆယ်စုနှစ် မကလို့ ထောင်စုနှစ်ပဲ တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါစေ၊ ပြည်သူ့အများအကျိုးမသယ်ပိုးနိုင်ရင် အလကားပဲ။ အာဏာရှုးတာဟာ တစ်ဘ၀ပဲကောင်းစားမယ်။ သံသရာတလျောက် လျော်ကြေးဆပ်လို့ကုန်မှာမဟုတ်ဘူး။ လက်ရှိပြည်သူအများရဲ့ ခံစားချက်ကို လစ်လျူရှုတာ ရပ်သင့်ပါပြီ။ ပြည်သူအပေါ် အနိုင်ကျင့်တာ ရပ်ပြီး တိုင်းပြည်ပိုကောင်းအောင် လုပ်ဆောင်ကြပါလို့ နိုင်ငံ့ခေါင်းဆောင် အားလုံးကို ပန်ကြားပါရစေ။
ကောင်းပါတယ်..။နိုင်ငံေ၇းပါတီဆိုတာခိုင်မာတဲ့ မူဝါဒ မရှိရင် ရပ်တည်နေလည်း
အသက်မဲ.တဲ.လူလိုပဲ..။
NLD ရဲ့ လုပ်ဆောင်ချက်က သက်ရှိတဲ့သူ၊ဦးနှောက်ရှိတဲ့သူဖြစ်သွားပါပြီ..။
ပါတီမရှိတော့လည်း အသက်ရှိနေရင်..၊အချိန်မရွေး ရှင်သန်ခွင့်ရှိပါတယ်..။
လုပ်သင့်လုပ်ထိုက်သာကို ပြတ်ပြတ်သားသားလုပ်ရဲခြင်းဟာ တကယ်ကောင်းပါတယ်..။
ဒါပေမဲ. တိုင်းပြည်အကျိုးကိုတော့ ထက်ထက်သန်သန် ဆထက်ထမ်းပိုးလုပ်ဖို.တော့ လိုသွားပါပြီ..။
ပြည်သူက မမေ့ဖို.၊အမြဲထောက်ခံနေဖို.အတွက် ပြည်သူအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ဖို.တော့
လိုသေးတယ်ဗျ..။
ပြည်သူက mandate ပေးထားတဲ့အတိုင်း ပြည်သူလူထုမျက်နှာကိုထောက်ရှုတဲ့အတွက် ချီးကျူးပါတယ်။
ဒါပေမယ့် တော်လှန်ရေးလုပ်သင့်နေတဲ့အချိန်မှာ နိုင်ငံရေးစကားတွေပဲပြောနေအုံးမယ်ဆိုရင် မြန်မာပြည်သူတွေဒီထက်ပိုပြီး ဆင်းရဲတွင်းနက်ကြရလိမ့်အုံးမယ်ထင်ပါတယ်..
အတည်ပြုလိုက်ပြီပေါ့။ အင်း … ဘာတွေဆက်ဖြစ်ဦးမလဲ မသိဘူး။
ဦးလွင်ကတော့ ထားလိုက်ပါတော့ လေဖြတ်နေလို့မတတ်နိုင်တာ။
ဦးအောင်ရွှေကဘာလို့မတတ်ရတာလဲ။
အဖိုးကြီးက အရွဲ့တိုက်တာလား။
သူ့ ဥက္ကဌ နေရာပျောက်သွားမှာစိုးလို့အသာရှောင်နေတာလား။