ယမန့် နေ့ က ဗဟိုဦးစီး အဖွဲ့ ဝင်များ၏ မဲခွဲ ဆုံးဖြတ် မှု ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ
မ၀င် သည့် သတင်း အား ဂျာနယ့် များတွင် ထည့်သွင်း ဖော်ပြခွင့် ပေးသော် လည်း အကန့် အသတ် ဖြင့်
သာ ဖော်ပြခွင့် ပေးပြီး စစ်အစိုးရ အာဘော် ကို လည်း ထည့်သွင်း ဖော်ပြရသည် ဟု ရန်ကုန် မြို့ မှ သတင်း
ထောက် တစ်ဦး က Freedom News Group သို့ ပြောသည်။
စီစစ်ရေး ကဖော်ပြခွင့် မပေး ဘူးထင်တာ ဖော်ပြခွင့် ပေးတယ် ဗျ။ဒါပေမယ့် ဒီမိုကရေစီ ကို သွေဖယ်သွား
ပြီ တို့ ပြည်သူ့ ဆန္ဒကို ကျောခိုင်းသွားပြီ ဆိုတာတွေ တော့ ထည့် ခိုင်းတယ် ဟု သူကပြောသည်။
NLD ရဲ့ လုပ်ရပ် မှန် တယ် တို့ ၊မှန် ကန်သော ဆုံးဖြတ်ချက် တို့ ဒါတွေ ထည့်လို့ မရဘူး ၊ရွေးကောက်
ပွဲ ကို အနှောင့်အယှက် ဖြစ်တယ် တို့ ဘာတို့ ပဲ ထည့် လို့ ရတယ် ဟု ပြောသည်။
စာပေစီစစ်ရေး သည် ၂၀၁၀ ရွေးကောက် ပွဲ တွင် ရွေးကောက်ပွဲ ကော်မရှင် ထက် ပို၍ အရေးပါပြီး
စာပေစီစစ်ရေး ၏ ခွင့်ပြုချက်ရှိမှ နိုင်ငံရေး ပါတီ များ အနေဖြင့် ပုံနှိပ် ထုတ်ဝေခွင့် ရမည် ဖြစ်သည်။
ဧပြီ လ မှ စတင် ၍ စာပေ စီစစ် ရေး သို့ စစ်တပ် မှ အရာရှိ သုံးဦး ထပ်မံရောက်ရှိ လာကာ ရွေးကောက်
ပွဲ သတင်း များကို စီစစ် မည် ဟု စီစစ်ရေး ရုံး ၀န်ထမ်း တစ်ဦး ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ မ၀င် သည့် သတင်း ကို ယနေ့ ထုတ် ဂျာနယ်များဖြစ်သည့်
7 Days News The Yangon Times နှင့် Myanmar News Week အပြင် အခြားဂျာနယ် တစ်ချို့ တွင် ဖော်ပြထားသည်။
