ရန်ကုန်တွင် ငလျှင်လှုပ် ၊နေပြည်တော် တွင် လေပြင်းမုန်တိုင်း တိုက်ခတ်

ယမန်နေ့ ညက ငလျှင်လှုပ်ခတ်ခဲ့သည့်ဗဟိုချက်နေရာအား A ဟု အမှတ်အသားပြထားသည်

ကပ္ပလီပင်လယ်ပြင် အတွင်းရှိ အက်ဒမန် နှင့် နီကိုဘား ကျွန်း နေရာ ကို ဗဟိုပြု၍ အင်အား ၆.၆
ရစ်ခ်ျတာ စကေးရှိသော ငလျှင် တစ်ခု သုံးဆယ်ရက်နေ့ ညဆယ်နာရီ ၂၃ မိနစ် အချိန် တွင် လှုပ်ခတ်သွားကြောင်း အမေရိ
ကန် ဘူမိလေ့လာ ရေး အသင်း က သတင်း ထုတ်ပြန် သည်။

ငလျှင်၏ ဗဟိုချက် သည် ၆၂ ကီလိုမီတာ (၁၀၀ ကီလိုမီတာ)ရှိပြီး ငလျှင် လှုပ်ခတ်မှု ဒဏ်ကို ပုသိမ် ၊ကိုကိုးကျွန်း
နှင့် လက်ခုပ်ကုန်း တွင် သိသာ စွာခံစားရကြောင်း သတင်းရရှိသည်။ထိုသို့  ငလျှင်လှုပ်ချိန် မတိုင်ခင် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် ၊လယ်ဝေး နှင့် ပျဉ်းမနား တ၀ိုက်တွင်
တစ်နာရီကျော်ကြာ လေပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ကြောင်း သည် ။ထိုလေပြင်းကြောင့် နေပြည်တော်တွင်
လျှပ်စစ်မီးများ နာရီ အတန်ကြာပြတ်တောက်သွားခဲ့သည်။

နေပြည်တော်တွင် ယမန်နှစ်ကလည်း ထိုကဲ့သို့ ပင် အမှတ်မထင်ပဲ လေပြင်း တိုက်ခတ်မှု ရှိခဲ့သည်။ယနေ့ ည
တိုက်ခတ်သွားသည့် လေပြင်း မုန်တိုင်း တွင် လည်း မိုးလေ ၀သ နှင့် ဇလဗေဒ ဦးစီးဌာန ကကြိုတင် သတိပေး
ထားခြင်းမရှိ ဟု နေပြည်တော်မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ငလျှင်၏ ဗဟိုချက်သည် ပုသိမ် မြို့ နှင့် ၂၅၂ မိုင် ကွာဝေးသည် ဟု သိရသည်။ကနဦး လှုပ်ခတ်သွားသည့် ငလျှင်
သည် ပုသိမ် မြို့ နှင့် ၂၂၄ မိုင်ကွာဝေးပြီး ပြင်းအား ၆.၉ အထိရှိသည်။ငလျှင်လှုပ်ခတ်မှုကြောင့် စုနမိ သတိပေးချက်
လည်း မထုတ်ပြန် ခဲ့ရသလို ကြီးမားသော ပျက်စီးဆုံးရှုံးမှု များလည်း မရှိ ဟု သိရသည်။

ထိုနေရာ အနီးတ၀ိုက်တွင် ယခင်နှစ် သြဂုတ် လက ပြင်း အား ၇.၆ အဆင့်ရှိ ငလျှင် တစ်ခုလှုပ်ခတ်ခဲ့ရာ ရန်ကုန်မြို့ 
ပေါ်နေပြည်သူများ သိသိသာသာ ငလျှင် ဒဏ်ခံစားခဲ့ရသည်။

ဆက်စပ်သတင်း(ညအပူချိန် ပြောင်းလဲခြင်းကြောင့် လေဆင်နှာမောင်းနှင့် လေပြင်းများတိုက်ခတ်မည့် သတိပေးချက်များထုတ်ပြန်)