ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရလျှင် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့  မှု တိုးမြှင့်လုပ်ဆောင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ မ၀င် သည့် သတင်း အားယနေ့ ထုတ် Wall Street သတင်းစာတွင် ဤသို့ ဖော်ပြထားသည်

ထင်ရှားသော အမေရိကန် လွှတ်တော်အမတ် ၉ ဦးက မြန်မာစစ်အစိုးရ အားအရေးယူဒဏ်ခတ်မှု များဆက်
လက် တိုးမြှင့် လုပ်ဆောင်သွားရန် အိုဘားမား အစိုးရ အဖွဲ့ အား ယနေ့ တောင်းဆိုလိုက်သည်။သမ္မတလောင်း
အဖြစ်ပါဝင် အရွေးခံဖူးသည့် ဂျွန်မက်ကိန်း နှင့် အထက်လွှတ်တော် အမတ် မခ်ျ မက်ကောနယ် တို့ က ဦးဆောင် ပြီး
သမ္မတ ဆီ ပေးပို့ သည့် စာတွင် အဓိက အတိုက်အခံနိုင်ငံရေး ပါတီ ဖြစ်သည့် အမျိုးသား
ဒီမို ကရေစီ အဖွဲ့ ချုပ်အား ရွေးကောက်ပွဲ တွင် မပါဝင် နိုင်အောင် ပြုလုပ်ထား သဖြင့် အရေးယူပိတ်ဆို့ မှု
များ ထပ်မံတိုးမြှင့် လုပ်ဆောင်ရန် တိုက်တွန်ထားသည်။

မြန်မာ့အရေး နှင့် ပတ်သက်၍ အိုဘားမား အစိုးရ ၏ မအောင်မြင်သော မူဝါဒမှ လည်း ဝေဖန် ခံနေရသည်။အမေရိကန်
အစိုးရ အနေဖြင့် NLD မပါဝင်သော မြန်မာ ရွေးကောက်ပွဲ အား အချိန်ပြည့် စောင့်ကြည့်မှု မှ ရှောင်ရှားပြီး တရားဝင်မှု
မရှိအောင် ကြိုးစားသင့်သည် ဟု ယနေ့ ထုတ် ၀ါရှင်တန် ပို့ စ်သတင်းစာတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ အဖွဲ့ အား အာရှာ ရေးရာ နှင့် ပတ်သက်၍ အကြံဥာဏ်များပေး သည့် Think Tank အဖွဲ့ အစည်း တစ်ခုဖြစ်သည့် Asia Society က ယနေ့ ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဒီမိုကရေစီ ပြုပြင်ပြောင်း
လဲရေး နှင့် ပတ်သက်ပြီး စိတ်အားထက်သန်မှု မရှိ သော အစိုးရ၏ ရွေးကောက်ပွဲ အား တရားဖြစ်အောင် ပြုလုပ်ပေးခြင်း အားရှောင်ရှားဖို့  တိုက်တွန်း ထားသည်။

ယမန်နေ့ က အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဖိလစ် ခရိုလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်
ပွဲမ၀င်ရန် ဆုံးဖြတ်ချက်သည် စစ်အစိုးရ ၏ လွဲမှားမှု ၊ မတရား မှု များကြောင့် ဖြစ်သည် ဟု အပြစ်ဖို့ ခဲ့သည်။

တရုတ်ကား ကုမ္ပဏီ Geely က Volvo အားဝယ်ယူမှု သတင်း အားဤနေရာတွင်ကြည့်ပါ။