ယူကွန် ၊ ၊စစ်တပ်မှ ဆန်များစုဆောင်းနေသည့် သတင်းကြောင့် ဈေးကွက် တွင် ဆန်များ
ပြတ်လတ်တော့ မည့် သတင်းလည်း ပေါ်ထွက်နေပြီး နိုင်ငံတကာ ဆန်ဈေးကွက် အေးစက်
နေချိန်တွင် ပင် ပြည်တွင်း ဆန်ဈေးကွက် ဉ် ပေါ်ဆန်း မွှေးဆန် (ရှယ်) တစ်တင်းခွဲ အိတ်လျှင်
၄၀၈၀၀ (တစ်ပြည် လျှင် ၁၈၀၀) ထိဈေးမြင့်တက် သွားသည်ဟု သိရသည်။
ပဲဈေးနှုန်း နှင့် ဆီဈေးနှုန်း မှာ လည်း မြင့်တက်လျှက်ရှိပြီး မြေပဲဆီ တစ်ဗူးလျှင် ကျပ် ၃၈၀၀ ခန့် ဈေးဖြစ် ပေါ်လျှက်ရှိသည်။
ဆန်ဈေးနှုန်း များမြင့်တက်ရခြင်း မှာ ဘင်္ဂလာဒေရှ် မှ ဆွဲ မည့် ဆန်အတွက် ကုန်သည် များက
ဆန်အဆွဲ များ သောကြောင့် ဖြစ်သည် ဟု ဘုရင့်နောင် ကုန်စည် ဒိုင်မှ ဆန်ကုန်သည် တစ်ဦးကပြောသည်။
ဒီဇယ် နှင့် ဓာတ်ဆီ ဈေးနှုန်းများ မှာ လည်း မြင့်တက် လျှက်ရှိပြီး လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းလျှက်ရှိပြီး
အတာသင်္ကြန် နှင့် လည်း နီးကပ်လာသဖြင့် ဆီသိုလှောင်မှု များလာခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။
ကမ္ဘာ့ ရေနံ ဈေးနှုန်း မှာ လည်း မြင့်တက်လျှက် ရှိသဖြင့် အမေရိကန် သမ္မတ ကိုယ်တိုင် ကမ်းလွန် ရေနံ
လုပ်ကွက် များပြန်ဖွင့် လျှက်ရှိသည်။
ရန်ကုန် ရှိ ဆန်လက်လီ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကမူ ဒေါ်စု တို့ ပါတီ က ရွေးကောက်ပွဲ မ၀င်ဘူး ဆိုပြီး
ဆုံးဖြတ် ပြီးကတည်းက အခု လိုဈေးတွေ မြင့်တက်သွားတာ ပဲ ဟု ပြောသည်။
အမေရိကန် ဒေါ်လာဈေး နှင့် ရွှေဈေးမှာ မူကျဆင်းလျှက်ရှိသည်။
