
တိုက်တန်သည် ဒဏ္ဍာရီလာ ဂရိ နတ်ဘုရား ဖြစ်သည်။တိုက်တန် နတ်ဘုရား တစ်ဦး ဖြစ်သည့် ပါဆစ်စပ် သည်
မြွေခေါင်းများ နှင့် မကောင်းဆိုးဝါး နတ် မိစ္ဆာ မီဒူဆာ ၏ ခေါင်းကိုဖြတ် နိုင်သူဖြစ်သည်။ မီဒူဆာ ၏ ဦးခေါင်းကို
ကြည့်မိသူ သည် ကျောက်ရုပ်ဖြစ်သွားသည် ဟု ခေါမ ဒဏ္ဍာရီ များ တွင် ဖော်ပြထားသည်။
The Transporter ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ပြင်သစ် ဒါရိုက်တာ လူးဝစ် လက်တာရီယား ၏ The Clash of Titans ဇာတ်ကားတွင် ဇုရ် နတ်မင်းကြီး၏ ညီ ဟေဒက်ဆာ နှင့် သားဖြစ်သူ ပါဆစ်စပ် တို့ ၏ တိုက်ပွဲများ
ကိုတွေ့ ရမည်ဖြစ်သည်။
ပါဆစ်စပ် အဖြစ် Avatar ဇာတ်ကားမှ ဆမ်ဝါသင်တန် ၊ ဇုရ် အဖြစ် လီယမ်နီဆင် တို့ သရုပ်ဆောင်ကြသည်။
၁၉၈၁ ခုနှစ်က လူကြိုက်များခဲ့သည့် ဇာတ်ကားကို ပြန်လည် ဖန်တီးထားခြင်း ဖြစ်သည်။
အဆိုတော် မီလေး ဆိုင်းရပ်စ သရုပ်ဆောင် ထားသည့် အချစ်ဇာတ်ကား ဖြစ်သည့် The Last Song မှာလည်းလူကြိုက်များ လျှက်ရှိသည်။
