မိုးမခ အထောက်တော်၊ ရန်ကုန် ဧပြီ ၃၊ ၂၀၁၀ မိုးမခ အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြသည်

ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့ခြင်းကြောင့် သတင်းစာတိုက်မှ ၀န်ထမ်းများ ပြဿနာဖြစ်နေကြောင်း ကြားသိရသည်
ပြီးခဲ့သည့် ရက်ပိုင်းက ပျံလွန်တော်မူ ခဲ့သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဌ မကွေးဆရာတော်၏ ရုပ်ကလပ်ကို နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖူးမြော်ကန်တော့ ဆိုသည့် သတင်းကို ရေးသားရာတွင် သတင်းခေါင်းစဉ်နေရာတွင် ဗိုလ်ချုပ်မှူးကြီး အမည်ကို ရှေ့ဆုံးမှ တင်ရိုးထုံးစံရှိသည့် အတိုင်းရေးသားပြီးမှ `ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ဖေါ်ပြခဲ့ရာ နအဖ ခေါင်းဆောင်အတွက် မကောင်းသည့် နိမိတ်အဖြစ် ယူဆက သတင်းစာတိုက်မှ ၀န်ထမ်းများ ပြစ်တင်ပြောဆိုခံရခြင်း ဖြစ်သည်။
နအဖ ခေါင်းဆောင်များနှင့် ပတ်သက်သည့် သတင်းများရေးသားရာတွင် သတင်းစာပညာရပ်၏ ထုံးထမ်းနည်းနာများကို ဆန့်ကျင်ပြီး အစဉ်အမြဲ ရှေ့ဆုံးသို့မဟုတ် ထိပ်ဆုံးမှ ဖေါ်ပြရေးသား ခံလိုခြင်း၊ ဘွဲ့နှင့် ရာထူးအပြည့်အစုံကို မည်သည့် သတင်းတွင်မဆို ရေးသားရမည့် ထုံးစံရှိခြင်းတို့ကြောင့် အစိုးရပိုင် သတင်းစာ အနေဖြင့် သတင်းစာပညာ သင်ကြားချက်များကို လျစ်လျူရှုကာ အာဏာရှင်များအကြိုက် ရေးသားဖေါ်ပြ နေကြရသည်။
ထိုသို့ အရှေ့ဆုံးမှ ဖေါ်ပြရမည်ဟူသည့် ညွှန်ကြားချက် အတိုင်းရေးသားခဲ့ရာမှ ယခုလို ရုတ်တရက် နားလည်မှုလွဲစေနိုင်သည့် သတင်းခေါင်းစဉ်မျိုး ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ပြည်တွင်းမှ ၀ါရင့် သတင်းထောက် တဦးက ပြောသည်။
အဆိုပါ သတင်းထောက်က
“အစိုးရသတင်းစာ မှာ နအဖခေါင်းဆောင် တွေအကြောင်းရေးသား ဖေါ်ပြတယ်ဆိုရင် အဲဒီသတင်းတွေဟာ သတင်းစာပညာအရာ အညံ့ဆုံး နမူနာတွေ ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆို တိုအောင် ရှင်းအောင် စာဖတ်သူနားလည်လွယ်အောင် ရေးခွင့်မရှိပဲ သူတို့ရဲ့ ဘွဲ့ထူးဂုဏ်ပုဒ်တွေကို တန်းစီပြီး ရေးလိုက်တာ စာကြောင်းသုံးကြောင်း လောက်ရောက်တာတောင် ဘယ်သူဆိုတာ မသိနိုင်သေးတဲ့အဖြစ်မျိုး၊
နောက်တခါ ဘာသတင်းလဲ ဆိုတာထက် လာကြည့်တဲ့သူ၊ လာစစ်ဆေးတဲ့သူကို ဦးစားပေးဖေါ်ပြတဲ့ အတွက်မူရင်းရေးချင်တဲ့ အကြောင်းက နောက်မှာ မှိန်မှိန်ပဲ ကျန်တော့တဲ့ ဟာမျိုး၊
နောက် နိုင်ငံခြားခေါင်းဆောင်တွေ လာတွေ့တယ်ဆို ဘာတွေဆွေးနွေးတယ် ဆိုတာတလုံးတပါဒမှ မပါဘဲ ၊ ဘယ်သူတွေရှိနေကြတယ်ဆိုတာပဲ ပါတာမျိုးပေါ့ ဒါကြောင့် သတင်းစာပညာ သင်တန်းတွေမှာ အညံ့ဆုံး ဥပမာပေးရင် အစိုးရသတင်းစာက သတင်းတွေကို ဥပမာပေးလေ့ရှိတာ”
ဟု ဆိုသည်။
ယခုအဖြစ်အပျက်ကြောင့် အစိုးရသတင်းစာတိုက်မှ တာဝန်ရှိ ၀န်ထမ်းများအား ဖမ်းဆီးခြင်းသို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းမျိုး မကြားသိရသေးသော်လည်း ဖြေရှင်းတောင်းပန်ရသည်ဆိုသည့် အနေအထားတွင် ရှိသည်ဟု အစိုးရ သတင်းစာတိုက်ဝန်ထမ်း တဦးကပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် ဗိုလ်ချုပ်ခင်ညွှန့်သတင်းနှင့် ကမ္ဘာ့လူလိမ်ကြီးများဟူသည့် သတင်းတို့ကို ဟိုဘက်ဒီဘက် ဖေါ်ပြမိသည့် အတွက်သတင်းစာတိုက်ဝန်ထမ်းများ အဖမ်းခံရခြင်း၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ဆိုသည့် စကားရပ်ကို `မ´ဖြုတ်လိုက်ပြီး ဒီမိုကရေစီရနိုင် ဟုဖေါ်ပြမိသဖြင့် ၀န်ထမ်းများ စစ်ဆေးခံရပြီး အလုပ်မှထုတ်ပယ်ခဲ့ခြင်း တို့မကြာခဏဖြစ်ပွားခဲ့သည်။

သတင်းစာတိုက်မှဝန်ထမ်းများက သတင်းစာပညာကိုထုံးလိုကြေေ၇လိုနှောက်နိုင်ပါသည် သို့သော်သတင်းစာသည်အစိုး၏သတင်းစာဖြစ်ပါသည် အစိုးရမင်းများအလိုကျသာရေးသားရခြင်းဖြစ်နိုင်ပါသည် သတင်းစာတိုက်မှသတင်းစာဆရာများကို ခေါက်ရိုးကြေသွားသောသတင်းစာဆရာများဟုတင်စားနိုင်ပါသည်။
actually, the word ” bawa nat htan” does not deserve this notorious general. He does not know clearly what he is.
နတ်ပြည်တော့ မရောက်ပါ။
အ၀ီဇိ တော့ သေချာတယ်။