ကာလီဖိုးနီယား၊အရီဇိုနား နှင့် မက္ကဆီကို တွင် ပြင်းအား ၇.၂ အဆင့်ရှိ ငလျှင်လူပ်ခတ်

ငလျှင်၏ ဗဟိုချက်နေရာ

ပစိဖိတ် စံတော်ချိန် ညနေ ၃:၄၀ အချိန် တွင် ကာလီဖိုးနီးယားတောင်ပိုင်း ပစိဖတ် ကမ်းခြေနှင့်
မက္ကဆီ ဘဂျာ ကာလီဖိုးနီးယား ၊ အရီဇီုးနား ယူမာ နှင့်  ဖီးနစ် တောင်ပိုင်း နေရာများတွင် ရစ်ခ်ျတာ
စကေး ၇.၂ အဆင့်ရှိ ငလျှင် တစ်ခု လှုပ်ခတ် သွားကြောင်း Freedom News Group မှ သတင်း
ရရှိသည်။

ထိုငလျှင် ဒဏ် ကို လောစ်ဇင်းဂျလိစ် ၊ ဆန်ဒီရေးဂိုး မြို့ များတွင် သိသာစွာခံစားခဲ့ရပြီး ဆန်ဒီရေး
ဂိုး တွင် နေထိုင်သည့် ဦးမြင့်မောင် က Freedom News Group သို့ ပြောသည်။ ငလျှင်ဒဏ်
ကြောင့် ဆန်ဒီရေဂိုး တွင် ပျက်စီးဆုံး ရှုံးမှု များရှိသည်။

ငလျှင်ကြောင့် မက္ကဆီကာ လီတွင် ပျက်စီးဆုံးရှုံးမှုများ

မြန်မာ အများစု နေထိုင်သည့် အရီဇိုးနား ပြည်နယ် ဖီးနစ် တွင် ငလျှင် ဒဏ်ကို နှစ်မိနစ်ခန် ခံစား
ခဲ့ရသည် ဟု သိရသည်။ အမေရိကန် ၊မက္ကဆီ ကန် နယ်စပ် မြို့ ဖြစ်သည့် ယူမာ တွင် အစိုးရ ရုံး
အဆောက် အဦ အပါအ၀င် နေရာ အချို့ တွင် ပျက်စီး ပြိုကျမှု များ ဖြစ်ခဲ့သည်။

ခရစ်တော် ရှင်သန် ထမြောက်သည့် အီစတာ ဘာသာရေးပွဲလန်း သဘင် အားလပ်ရက်နှင့်
တိုက်ဆိုင်နေသည့် ယနေ့ ငလျှင်ကြောင့် မက္ကဆီကို တီဂျူအာနာ နှင့် မက္ကဆီကာ လီ တို့ တွင်
ပျက်ဆီး ဆုံးရှုံးမှုးများ ဖြစ်ပေါ်ခဲ့သည်။
ဘဂျာ ကာလီဖိုး နီးယား တွင် ငလျှင် လှုပ်ခတ်ပြီး ကိုးမိနစ် အကြာ ဆန်ဖရန် စစ္စကို မြောက်ပိုင်း
ဆန်တာ ရိုဆာ တွင် လည်း ရစ်ခ်ျတာစကေး ၄.၁ အဆင့်ရှိငလျှင် ငယ်တစ်ခု လှုပ်ခတ်ခဲ့ သည်။

ကာလီဖိုးနီးယားတွင် ဖေဖော်ဝါရီလက ငလျှင်ငယ် တစ်ခု လှုပ်ခတ်ခဲ့သည်။

၁၉၉၂ ခုနှစ်က ဘဂျာ ကာလီဖိုးနီးယား တွင် လှုပ်ခတ်ခဲ့သည့် ငလျှင်နောက် ပိုင်းတွင် ယခု
လှုပ်ခတ်ခဲ့သည့် ငလျှင်သည် ၁၈ နှစ် အတွင်း ပထမဦး ဆုံး အကြိမ်ဖြစ်သည်။ယနေ့ လှုပ်ခတ်
ခဲ့သည့် ငလျှင်ကြောင့် မက္ကဆီ ကိုတွင် တစ်ဦး သေဆုံးခဲ့သည်။