တေးရေးဆရာ နှင့် အဆိုတော် တို့ ၏ ပဋိပက္ခ ပိုမိုပြင်းထန်လာ
ယခု အပတ် မှ စတင်မည့် Freedom News Group ၏ News Maker of The Week ကဏ္ဍ
အတွက် ရွေးချယ်ထားသည် မှာ မြန်မာ တေးရေးဆရာ များ နှင့် အဆိုတော် များ ဖြစ်ပါသည်။
တေးရေးဆရာများ စုဖွဲ့ ထားသည့် MCLC Co.,Ltd (ဂီတ အနုပညာထုတ်ဝေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း)
က ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လ ၁၂ ရက်နေ့ ထုတ် သတင်းစာများတွင် စီးပွားရေး အသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုများအတွက်
တေးရေးဆရာများ၏ သတိပေး ကြေညာချက်ကို ထည့် သွင်း ဖော်ပြခဲ့သည်။
ထို့ နောက် ပိုင်း တွင် အဆိုတော်များ က လည်း MCLC အဖွဲ့ ဝင်တေးရေးဆရာ များ၏ သီချင်းများကို
ခွင့်တောင်းခြင်း မရှိဘဲ ယူငင်သုံးစွဲကြ သည် များ ရှိသလို အချို့ က လည်း ကော်ပီ သီချင်းများ ဖြစ်ပါက
ဤမျှလောက် အဖြစ် သည်းစရာ မလို ဟု ယူဆကြသည်။
နားလည်မှု ရှိသော အဆိုတော် နှင့် တေးရေးဆရာ အချို့ ကမူ တေးရေးဆရာ ထံမှ အဆိုတော်က ၀ယ်
ယူပြီးပါက အဆိုတော် နှင့် သာ ဆိုင်ပြီး တေးရေးဆရာ နှင့် မဆိုင်ဟု ဆိုပါသည်။အချို့ သော တေးရေး
ဆရာ များက လည်း MCLC ကို သဘောမကျ သည် များရှိပြီး အဆိုတော် နှင့် သာ နားလည်မှု ယူ
ထားကြသည် များရှိသည်။
နာမည်ကျော် ဂစ်တာ သမား တစ်ဦးကမူ “ဘယ်နိုင်ငံမှာ မှ အဆိုတော် တွေ သီချင်းဆို မယ်လုပ်တိုင်း
တေးရေးဆရာ တွေ ဆီက ခဏခဏ ခွင့်တောင်း နေစရာ မလို ဘူး” ဟု Freedom News Group သို့ ပြော
သည်။
MCLC အဖွဲ့ ဝင်တေးရေးဆရာ တစ်ဦးကလည်း တေးသီချင်း များ ကို မိမိတို့ ရေးဖွဲ့ ခဲ့သည့် သီချင်းများအတွက်
မိမိ တို့ ခံစားပိုင်ခွင့် ရှိရမည် ။ ရေးဖွဲ့ ထားသော သီချင်းများ အတွက် မိမိတို့ မှာ ထိုက်သင့်သည့် ခံစားပိုင်ခွင့်ရှိရ
မည် ဟု ဆိုသည်။
ထင်ရှားသော မြန်မာ အနုပညာ ဂျာနယ်လစ် တစ်ဦးက မူ တေးရေးဆရာ များ နှင့် အဆိုတော် ပြဿနာ ဤသို့ ဖြစ်
နေရခြင်းမှာ မြန်မာဂီတ အစည်း အရုံး ၏ ဖြေရှင်းနိုင်ခြင်း စွမ်းဆောင်ရည် အားနည်းမှု ကြောင့်ဖြစ်ပြီး ကြောင်းထောက်
ပြ ပြောဆိုသည်။
တေးရေးဆရာ နှင့် အဆိုတော် များ ကြားရှိ ထိုပြဿနာ မှာ ယနေ့ မြန်မာ ဂျာနယ်များ၏ စာမျက်နှာ များ
ထက်မှာ သာမက ဂီတ ဖျော်ဖြေရေး နှင့် သက်ဆိုင်သည့် နေရာ များတွင် ပါဂယက် ရိုက်ခတ် နေသည့် အတွက်
News Maker of the Week အမည်ရှိ ထည့်သွင်း ဖော်ပြရခြင်းဖြစ်ပါသည်။
အမေရိကန် နိုင်ငံတွင် မူ အဆိုတော် အများစု က မိမိသီဆိုမည့်  သီချင်း ကို မိမိဘာသာ ရေးသားစပ်
ဆိုကြသည် က များသည်။ ဥပမာ အား ဖြင့် အဆိုတော် နှင့် တေးရေး ဆရာ မောင်မောင်ဇော်လတ်
ရေးသားပြီး ဖြူဖြူကျော်သိန်း သီဆို ထားသည့် ချစ်သူ့ အမုန်းကျိန်စာ တေးအယ်(လ)ဘမ် ထဲ မှ
ဆုံစည်းရာ ဆိုသည့် သီချင်းမှာ Evanescence အဖွဲ့ မှ အမေရိကန် အဆိုတော် AMY LEE ၏သီချင်း
ဖြစ်ပြီး AMY Lee , Ben Moody နှင့် David Hodges တို့ က ရေးဖွဲ့ ထားခြင်းဖြစ်သည်။
မူပိုင်မှာ Evanescence အဖွဲ့ ဖြစ်သည်။Ben Moody နှင့် David Hodges နှစ်ယောက် စလုံးမှာ Evanesence
အဖွဲ့ မှာ ဖြစ်သည်။
ဖြူဖြူကျော်သိန်း ၏ ဆုံစည်းရာ
မူရင်းသီချင်း Evanescence အဖွဲ့ ၏ Bring Me To Life
MCLC Co.Ltd ကို စိုင်းခမ်းလိတ်၊ သုခမိန်လှိုင်၊ ကိုနေဝင်း၊ မင်းချစ်သူ၊ မောင်သစ်မင်း၊
စောခူဆဲ၊ ဝင်းမင်းထွေး၊ ဇဝါ၊ မြင့်မိုးအောင်၊ ထူးအိမ်သင်၊ ကေအေတီ၊ နိုင်းနိုင်၊ သော်ဒီဝေ၊ ညီညီသွင်၊ ရွှေဂျော်ဂျော်၊
အောင်နိုင်စန်း၊ အရိုး၊ ဆဲလ်၊ R ခိုင် အပါအဝင် တေးရေးဆရာ ၂၀ ဦး အမည်ဖြင့် အစုရှယ်ယာထည့်ဝင်ကာ ၂၀၀၉ ခုနှစ်
ဒီဇင်ဘာလဆန်းတွင် တည်ထောင်ခဲ့သည်။

ဒီပြဿနာတွေမဖြစ်ခင်က ကေအေတီ၊မောင်သစ်မင်း၊စောခူဆဲ ……..မြင့်မိုးအောင်အစရှိတဲ့တေးေ၇းတွေကိုအ၇မ်းလေးစားခဲ့ဘူးတယ်…ခုတော့ဗျာ တော်တော်ကိုအထင်သေးသွားပြီဗျ။မစဉ်းမစားဗျာ…..
သူတို့လုပ်ပုံက…အိမ်သာတို့ေ၇ချိုးခန်းတို့မှာဆိုတတ်တဲ့အကျင့်ရှိသူတွေတောင်မလွယ်ပါလားဗျာတို့။
အင်း……အိမ်နားကဆေးလိပ်သမလေးတွေလဲသတိပေးထားဦးမှ။
အဆိုတော် တွေက မတရားလုပ်တာတော့ မဟုတ်ပါဘူး ။တေးရေးဆရာ တွေက နဲနဲ လွန်တာထင်တယ် ။ပြီးတော့ကော်ပြီ သီချင်းတွေ
ထင်ရှားသော မြန်မာ အနုပညာ ဂျာနယ်လစ် တစ်ဦးက မူ တေးရေးဆရာ များ နှင့် အဆိုတော် ပြဿနာ ဤသို့ ဖြစ်
နေရခြင်းမှာ မြန်မာဂီတ အစည်း အရုံး ၏ ဖြေရှင်းနိုင်ခြင်း စွမ်းဆောင်ရည် အားနည်းမှု ကြောင့်ဖြစ်ပြီး ကြောင်းထောက်
ပြ ပြောဆိုသည်။
“ ပြသာနာကို မဖြေရှင်းနိုင်ပဲ သွာထောင်တာကိုး ကိုယ်တည်ထောင်လိုက်တဲ့ အဖွဲ့က ဘာလည်း ဘယ်ကိုသွားမှာလည်း ဘာအတွက်လည်း သေချာရေရာတဲ့ဦးတည်ချက် မရှိပဲ. သူတို့ဘယ်လိုရေးရေးဝယ်ပြီး ဆိုပေးတဲ့ ပေါက်အောင်လုပ်ပေးတဲ့ အဆိုတော်ဖက်ကို မှ မကြည့်တာ. ကြည့်ပေးသင့်တယ် တေးရေးနဲ့ အဆိုတော်က လင်မယားလိုပဲလေ. နားလည်းမှု့တွေနဲ့ မဖြေရှင်းပဲ ဒီအတိုင်းသွားနေယင်ခက်မယ်.ဖြေရှင်းတဲ့နေရာမှာလည်း နှစ်ဦးနှစ်ဖက် အနိုင်ရတဲ့နည်းကိုရွေးစေချင်တယ်. ကိုယ့်သီချင်းကိုရောင်းလိုက်ပြီးကတည်းက ပြီးပြီးပဲလေး ကိုယ်နဲ့မှ မဆိုင်တော့တာကို
အခကြေးငွေရယင်လည်း ၀ယ်တဲ့အဆိုတော်က ပဲခံစားခွင့်ရှိရမှာပေါ့. ဘယ်လိုဖြစ်လာယင် ဘယ်လိုဖြေရှင်းမယ်ဆိုတာ မစဉ်းစားထားပဲနဲ့ ပွဲဆူအောင်လုပ်နေတယ်
ငကြွားမ အခုမှပဲ ကော်ပီ သီချင်း ဆိုထားမှန်း သိတော့တယ် ။အင်တာဗျူးတွေ လုပ်ရင် သူ့ သီချင်းလိုလို ဘာလိုလိုနဲ့ 
နောက်ပြီး တော့ မက်ဒေါနား ကပဲ သူ နဲ့ တွဲဆိုဖို့ ကမ်းလှမ်းသလိုလို ဘာလိုလို ပြောသေးတယ်