မြန်မာ ရိုးရာ နှစ် ကူး အတာ သင်္ကြန် ကာလအတွင်း ရန်ကုန် နှင့် နေပြည်တော် တွင် လေပြင်းတိုက်ခတ်၍
မိုးသည် ထန်စွာ ရာသွန်း နိုင်သည် ဟု Freedom News Group ၏ မိုးလေ၀သ စောင့်ကြည့် လေ့လာရေး
ဌာန မှ သတင်း ထုတ်ပြန် ထားသည်။
လက်ရှိ မြန်မာ နိုင်ငံ၏ နေ့ အပူချိန် သည် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ရှိပြီး သင်္ကြန် တွင်း နှင့် သင်္ကြန် ကာလ နောက်
ပိုင်းတွင် အပူချိန် ၁၀၈ ဒီဂရီ ဖာရင်ဟိုက် ထိမြင့်တက်နိုင်သည်။ ထိုသို့ အပူချိန် အလွန် မြင့်တက် လာပါက လေထု
ကျစ်လျှစ် မှုများ ကို ဖြစ်ပေါ်စေကာ လေတိုက်နှုန်း အပြောင်းအလဲ များ ကို ဖြစ်ပေါ် စေနိုင် သည် ဟု မိုးလေ၀သ
စောင့်ကြည့် လေ့လာရေး ဌာန မှ ဦးဇော်မြင့် က သုံးသပ် ပြောဆိုသည်။
ထိုသို့ လေပြင်းတိုက်ခတ် စဉ် လေတိုက်နှုန်းသည် တစ်နာရီ မိုင် ၁၀၀ အထက် ရှိမည် ဟု သိရသည်။
ယခင်တပတ် က စစ်အစိုးရ ရုံးစိုက် ရာ နေပြည်တော် နှင့် အထက်မြန်မာ နိုင်ငံတ၀ိုက် တွင် လေပြင်း မုန်တိုင်း
တိုက်ခတ်မှု များကြောင့် ဆုံးရှုံးမှု များရှိခဲ့သည်။
မြန်မာ နိုင်ငံ၏ ယခု နှစ် အပူချိန်သည် သိသိသာသာ ပိုမိုမြင့်မားလာ နိုင်ပြီး နှစ်ငါးဆယ်အတွင်းအမြင့် ဆုံးဖြစ်မည်
ဟု သိရသည်။
