မော်တော်ကား ၆၄ စီးပိုင် ဖိုးလပြည့် အင်းလျှားကန် အနီး ပြည် လမ်းမပေါ် တွင် သိန်း နှစ်ထောင် ကျော် ကုန်ကျမည့် ရေပက် မဏ္ဍပ် ဆောက်

မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ နေရွှေ သွေးအောင် က မြန်မာ
နှစ်သစ်ကူး အတာသင်္ကြန် တွင် ရေပက်ကစားရန် အတွက် မဏ္ဍပ် စတင် ဆောက်လုပ် နေပြီ
ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၀၉ ခုနှစ် က သူ၏ ရေပက် မဏ္ဍပ် ကို ရန်ကုန်မြို့ အင်းလျှားလမ်း တွင် ဆောက်လုပ်ခဲ့သည်။

ယခု နှစ် အတွက် ပြည်လမ်း ရှိ ယခင်နှစ်များက အဲပုဂံ မဏ္ဍပ် နေရာတွင် စတင် ဆောက်လုပ်နေပြီ
ဟု နေရွှေသွေးအောင် နှင့် ရင်းနှီးသူ တစ်ဦး က Freedom News Group သို့ ပြောသည်။

ထိုမဏ္ဍပ် ဆောက်လုပ်သည့် နေရာ အနီး တ၀ိုက်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က  လုံခြုံရေး
ယူပေးထားပြီး ဦးဇော်ဇော် ၏ Max Myanmar က တာဝန် ယူဆောက် လုပ်ပေးနေသည်
ဟု သိရသည်။

အကျယ်ပေ ငါးရာ ကျော်ခန့် ရှိသည့် ထို မဏ္ဍပ် သည် ရန်ကုန် တိုင်း စစ်ဌာနချုပ်မှ နေ၍
မြန်မာ သင်္ကြန် မဏ္ဍပ် များ အတွက် ထုတ် ပြန် ထားသည့် စည်းကမ်းချက် များ နှင့် မညီ ဟု သိရ
သည်။

နေရွှေသွေးအောင် ၏  မဏ္ဍပ် တွင် မော်ဒယ် ၀တ်မှုန်ရွှေရည် လည်း လာရောက် ရေပက်ကစားမည်
ဟု သတင်းထွက်ပေါ်နေသည်။သူ ဆောက် လုပ်နေ သည့် မဏ္ဍပ် အတွက် ကုန် ကျ စရိတ် ကို
ပုဂလိက ပိုင် ပြုလုပ်ရေး အစီအစဉ် တွင် နိုင်ငံပိုင် ပစ္စည်း များ လွှဲပြောင်း ရရှိသူ များ ကျခံရသည်
ဟု သိရသည်။

မဏ္ဍပ် တွင် သုံးမည့် အသံချဲ့ စက် များ အတွက် စင်္ကာပူ မှ မှာ ယူ တင်သွင်း ထားသည် ဟု သိ
ရသည်။သူ၏ မဏ္ဍပ် အနီး တွင် မည် သည့် မဏ္ဍပ် မှ မဆောက်လုပ်ရ ဟု အမိန့် ထုတ်ထားသည်။

ကားဝါသနာ ရူး တစ်ယောက် လည်း ဖြစ်သည့် နေရွှေသွေးအောင် သည် သူ၏ မဏ္ဍပ် ကို လာ
ကြမည့် သူများ ကားရပ် နားရန် အတွက် ပင် စီစဉ် ထားရှိ သည်။

တိုင်းမှုး နှင့် ၀န်ကြီး များ က သူ့ အား မော်တော်ကား လက်ဆောင်ပေးရပြီး လက်ဆောင်ရသည့်
မော်တော်ကား အပြင် သူကိုယ်တိုင် ၀ယ်ယူစုဆောင်း ထားသည့် မော်တော်ကားပေါင်း ၆၄ စင်းရှိ
သည် ဟု သိရသည်။

နေရွှေသွေးအောင် တွင် စင်္ကာပူ ရှိ ကားရှစ် စီး အပါအ၀င် ရန်ကုန် ရှိ အမေရိကန် လုပ် ကား ပြိုင်ကား
မောင်းသမား များ အတွက် ရည်ရွယ် ထုတ်လုပ် ထားသည့် လမ်ဘော်ဂီနီ ကား အပါအ၀င် မော်တော်
ကား ခြောက်ဆယ့် လေး စီးရှိသည် ဟု သိရသည်။

နေရွှေသွေးအောင် သည် မော်တော်ကား ရောင်းဝယ်ရေး စင်တာ တစ်ခု ဆောက် လုပ်မည် ဟု လည်းသိ
ရသည်။

နေရွှေသွေးအောင် မဏ္ဍပ် အပါအ၀င် အင်လျှား လမ်းရှိ မဏ္ဍပ် များ

3 thoughts on “မော်တော်ကား ၆၄ စီးပိုင် ဖိုးလပြည့် အင်းလျှားကန် အနီး ပြည် လမ်းမပေါ် တွင် သိန်း နှစ်ထောင် ကျော် ကုန်ကျမည့် ရေပက် မဏ္ဍပ် ဆောက်

  1. Myamar younger shound not envy his bloody asset.Our young generation need to catch international idea and ought to find the best way to eliminate the world worst dinasty of Myanmar.
    Young people of our nation ought to fulfil with wisdom. So do not spend your precious time in University by dating grilfriend and going Disco club.

  2. We shall see the stupid- PholaPyi’s Non-clothes paradic festival state show,permited by Foundkasarr-Bo Than Shwe,the fool king of Kyatpyae palace and his generations will be fool on state power,money power,sex power with all national peoples’ blood & tears.

Comments are closed.