၂၀၀၁ ခုနှစ်ကတည်းက အင်္ဂလိပ် – မြန်မာ နှစ်ဘာသာ ဖြင့် စတင်ထုတ် ဝေခဲ့သည့် မြန်မာ တိုင်း သတင်း စာစောင်
၏ အတိုင်ပင်ခံ အယ်ဒီတာ ( ဦး )ချစ်သိန်းဦး မှာ ယနေ့ မနက် ပိုင်း တွင် မြန်မာ တိုင်း သတင်းစာ တိုက်တည် ရှိရာ ရုံး
ခန်းရှိ သူ ၏ အိပ်ခန်း ထဲ တွင် သေဆုံးနေ သည် ကို တွေ့ ရသည် ဟု Freedom News Group
မှ သတင်းရ ရှိသည်။
မြန်မာ တိုင်း သတင်းစာတိုက် တွင် ပင်နေထိုင်သည့် ဦးချစ်သိန်း ဦးသည် ယနေ့ မနက် တွင်ပင် အကောင်း ပကတိ ဖြင့်
ကျန်းကျန်းမာ ရွှင်ရွှင်လန်းလန်း တွေ့ ရှိရသည် ဟု မြန်မာ တိုင်း ၀န်ထမ်း တစ်ဦးကပြောသည်။
အင်္ဂလိပ်စာ လေ့လာသည့် ကျောင်းသား များ အတွက် CTO ဆိုသည့် ကလောင်ဖြင့် စာအုပ်များ ပြုစုခဲ့သူ ဦးချစ်သိန်းဦး
သည် မြန်မာ တိုင်း ဂျာနယ် ၏ အတိုင်ပင်ခံ အယ်ဒီတာ အဖြစ် တာဝန် ယူပြီး အင်္ဂလိပ် ပိုင်း နှင့် နိုင်ငံတကာ သတင်းများ
အတွက် တာဝန် ယူသူ တစ်ဦး ဖြစ်သည်။
ဦးချစ်သိန်းဦး သေဆုံးရခြင်း မှာ စစ်အစိုးရ လက်အောက် ရှိ စာပေသမား များ စိတ်ဖိစီးမှု များသောကြောင့် ဟု
နိုင်ငံရေး သုံးသပ် သည့် ၀ါရင့် ဂျာနယ် လစ်တစ်ဦး က Freedom News Group သို့ ပြောသည်။
မြန်မာ တိုင်း ဂျာနယ် ၀န်ထမ်း တစ်ဦးက မူ ပူပြင်း လွန်းသည့် ရန်ကုန် အပူချိန် ကြောင့် ဦးဏှောက် သွေးကြောပြတ်
ခြင်း ဖြစ် နိုင်သည် ဟု ဆိုသည်။

angekaung…,
I m so sorry for your loss.
Your father was a great man.
If you are in ygn,pls contact me.
ma mee nge
ဘိုးဘိုးက အသက်ကြီးပြီမို့ ရာသီဥတုဒဏ်မခံနိုင်တော့လို့ပါ .. ဦးဏှောက်သွေးကြောပြတ်ပြီးဆုံးတာ ..