အင်ဒိုနီးရှား ဆူမကြား ကျွန်းတွင် ရစ်ခ်ျတာ စကေး ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျှင်လှုပ်

7.8-magnitude quake strikes Indonesia ထိုင်း နိုင် ငံကမ်းခြေ တစ်လျှောက် တွင် စုနမိ သတိပေးချက်ထုတ်ပြန်

ဆူမတြား ကျွန်းတွင် ယနေ့  ငလျှင် လှုပ်ခတ် ခဲ့ သည့် နေရာ

အင်အား ၇.၈ ရစ်ခ်ျတာ စကေး အဆင့်ရှိသော အင်အားပြင်း ငလျှင် တစ်ခု သည် အင်ဒိုနီးရှား  ဆူမားတြားကျွန်းမြောက်ပိုင်းရှိ
ဆီဘိုလ်ဂါ ကျွန်းနေရာ ကို ဗဟိုပြု၍ လှုပ်ခတ် သွားသည် ဟု အမေရိကန် ဘူမိလေ့လာ ရေး  အဖွဲ့ (USGS) မှ သတင်းထုတ်ပြန်သည်။
အင်အားပြင်းထန်သော ထိုငလျှင်သည် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၁၅ မိနစ် 5:15 am LOCAL TIME (2215 GMT Tuesday )တွင် လှုပ်ခတ်
ခဲ့ခြင်း ဖြစ်သည် ။

ငလျှင်လှုပ်ပြီးနောက် ထိတ်လန့် နေကြသည့် ဘန်ဒါ အာချေး ပြည်နယ်သားများ ဓာတ်ပုံ-ရိုက်တာ

ငလျှင်ကြောင့် ဖြစ်ပေါ်လာ မည့်နောက်ဆက်တွဲ စုနမိ အန္တရာယ် ကို စောင့်ကြည့် နေဆဲ ရှိသော် လည်း အင်အားကြီးမားမည့်
စုနမိ မျိုး ဖြစ်ပေါ်လာ နိုင်ခြေမရှိ ဟု ပစိဖိတ် စုနမိ သတိပေး ဌာနက သတင်း ထုတ်ပြန်သည်။ငလျှင် ကြောင့် သေဆုံးပျက်စီး
ရမှု များ ကို မသိရသေး သော် လည်း မီဒန် နှင့် ဘန်ဒါ အာချေး ပြည်နယ် များ တွင် လျှပ်စစ် မီးများ ပြတ်တော် နေသည်။

ပြီးခဲ့သည့် စက်တင်ဘာ လ က အနောက်ဆုမတြား တွင် လှုပ်ခတ်ခဲ့သည့်  အင်အား ၇.၆ အဆင့်ရှိ  ငလျှင်ကြောင့် လူ တစ်ထောင်
ကျော်သေဆုံးခဲ့သည်။၂၀၀၄ ခုနှစ် ဒီဇင်ဘာ လက ဆုမတြား ကျွန်းတွင် လှုပ်ခတ်ခဲ့သည့် အင်အား ၉.၁ အဆင့်ရှိ ငလျှင်ကြောင့်
စုနမိ ရေလှိုင်း များ ဖြစ်ပေါ်ကာ ၁၄ နိုင်ငံတွင် လူပေါင်း နှစ်သိန်း ထက် မနည်း သေဆုံးခဲ့ပြီး ဒေါ်လာ ၁၀ ဘီလျှံ ခန့် ပျက်စီးဆုံး ရှုံး
ခဲ့သည်။

ငလျှင် သည် မြေအောက် ၂၉ မိုင်နေရာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။