အနီဝတ် များ လွှတ်တော် တွင်း ၀င်ရောက်မှု ကြောင့် ဒုဝန်ကြီးချုပ် နှင့် အမတ် များ ကို Black Hawk ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ရ

ကျွန်တော့် လက်မှာ သွေးစွန်းမယ့် ကိစ္စ စစ်သားတွေ ကို ပြည်သူက မုန်း သွားမယ် ကိစ္စမျိုးတွေ အတွက်  ကျွန်တော် ဘယ်တော့ မှ စေခိုင်းမှ မဟုတ်ဘူး (အနုပေါင် ပိုချင်ဒါ – ထိုင်းစစ်ဦးစီးချူပ်)

ထိုင်းစစ်တပ်ကြောင့် ထိုင်းပြည်သူများ သွေးထွက် သံယို မှု ဖြစ်ပွား မည် ကို မလိုလားဟု စစ်ဦးစီးချုပ် အနုပေါင် ပိုချင်ဒါ ပြော

သက်ဆင် လိုလားသည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦးက ၎င်းတို့ ပိတ် ဆို့ ဆန္ဒပြနေသည့် ထိုင်းပါလီမန်
လွှတ်တော်ကို ယနေ့ ဝင်ရောက် ပြီး နောက် ရဲတပ်ဖွဲ့ ဝင် အချို့ မှ လက်နက် များ ကိုသိမ်း ကာ ပြန်လည် ထွက်ခွာသွးသည်
UDD များက လွှတ်တော် ထဲ ၀င်ရောက် ကာ ဒုဝန်ကြီးချုပ် ဆုထေ့ အားလိုက်လံရှာဖွေခြင်းဖြစ်သည်။

ပါလီမန် ကို ပိတ်ဆို့ ထားမှု ကြောင့် ခရီးသွား လာရေး ၀န်ကြီး မှာ လှေကားဖြင့် ခြံစည်း ရိုးကို ကျော်ထွက်ရပြီး
အမတ် တစ်ချို့မှာ လည်း လွှတ်တော်ထဲ တွင် ပိတ်မိနေသည် ဟု သတင်းရရှိသည်။

လွှတ်တော်အား ပိတ်ဆို့ ထားစဉ်က ၀န်ကြီး တစ်ဦး လှေကားဖြင့် ခြံစည်းရိုးကျော် ထွက်ရစဉ် (သိန်းစိန် ၊အောင်သိန်း လင်း နဲ့ ဦးသု ဝေ တို့ လည်း အဲဒီလို လေ့ကျင့်ထားကြ)

လွှတ်တော်ထဲ တွင် ပိတ်မိနေသူ ဒီမိုကရက် ပါတီ အမတ် တစ်ဦး ဖြစ်သူ ထိုင်း ဒု ၀န်ကြီးချုပ် ဆုထေ့ အား စစ်တပ်
မှ Black Hawk  ရဟတ်ယာဉ် ဖြင့် လာရောက်ကယ်ထုတ် သွားသည် ဟု  သိရသည်။

ဆုထေ့ သည် ယခု တပ်မ ၁၁ ထဲ ရှိ အစိုးရ အဖွဲ့ ၏ ခေတ္တရုံးခန်း သို့ ရောက်ရှိနေပြီဖြစ်သည်။

ပါလီမန် ဥက္ကဌ ဖြစ်သူ နီဝင်း ချစ်ချော့ဘ် အုပ်စု မှ ချစ်ချော့ဘ် က အနီဝတ် များ ပါလီမန် တွင်း ၀င်ရောက်လာခဲ့လျှင် လည်း
သူတို့ ကို အစည်း တက်ဖို့ ဖိတ်လိုက်မယ် ထိုင်း နိုင်ငံသား တွေ အားလုံးမှာ တူညီ တဲ့ အခွင့်အရေး ရှိတယ် ဟု ပြောသည်။

လွှတ်တော်ကို ပိတ်ဆို့ ထားသည့် ဆန္ဒပြသူများ

အနီဝတ် UDD တို့ ၏ ပါလီမန် ပိတ်ဆို့ ဆန္ဒပြမှုကြောင့် အဘီဆစ် ၏ အစိုးရ အဖွဲ့ အစည်း အဝေး မှာ လည်း ရက်ရွှေ့ ဆိုင်း
လိုက်သည်။

ယမန်နေ့ က အနီဝတ် များသည် ဒီမိုကရက် ပါတီ ဌာနချုပ် ကို M 79 လောင်ချာဖြင့် ပစ်ခတ်ခဲ့သည် ။

ထိုင်းနိုင်ငံရေး လေ့လာ သူများက ထိုင်းစစ်တပ် သည် အဘီဆစ် ၏ ညွှန့် ပေါင်း အစိုးရ အဖွဲ့ အား ပံ့ပိုးမှု
မပေး တော့ ဟု ဆိုသည်။