Upheaval in Kyrgyzstan as Leader Flees


၂၀၀၅ ခုနှစ်က ကျူးလစ် တော်လှန်ရေး ဖြင့် အာဏာရရှိလာသည့် အာရှအလယ်ပိုင်း နိုင်ငံ တစ်ခု ဖြစ်သော ကာဇက်စတန်
သမ္မတ ကာမန်ဘက် ဘာကီယဗ် သည် ယမန်နေ့ က မြို့ တော် ဘစ်ရှစ် ကတ် တွင် ဖြစ်ပွားသည့် ပြင်း ထန် သော လူထုအုံကြွှမှု များ
ကြောင့် ယနေ့ နိုင်ငံမှ ထွက်ပြေးရသည် ဟု သတင်း ရရှိသည်။(LIVE Video ကြည့်ရှုနိုင်သည်)ဗုဒ္ဓဟူး နေ့ က ဖြစ်ပွား ခဲ့သည့်  ဆန္ဒပြပွဲ များ တွင် လူ တစ်ရာကျော် သေဆုံး ၍ သုံးရာကျော် ဒဏ်ရရှိသည်။
ယခင် နိုင်ငံခြားရေးဝန်ကြီး ဟောင်း နှင့် အတိုက် အခံတစ်ဦး ဖြစ် သူ မစ္စတာ Omurbek Tekebaev က
ကြားဖြတ် အစိုးရ ကို အောင်မြင်စွာ ဖွဲ့ စည်း လိုက် နိုင်ပြီ ဖြစ်ကြောင်း ယနေ့ ည သတင်းထုတ်ပြန်သည်။ ဆန္ဒပြသူများ သည် အစိုးရ ရုံး တစ်ချို့ 
ရဲစခန်း နှင့် ရုပ်မြင်သံကြား ဌာန နှစ်ခု ကို သိမ်းပိုက် ထားသည်။
ထိုသို လူထု အုံကြွမှု ဖြစ်ရခြင်း မှာလျှပ်စစ်မီတာခ နှင့် စက်သုံးဆီ ဈေးများ ကို တိုးမြှင့် လိုက်ရာမှ အင်္ဂါနေ့ ကစ၍
နိုင်ငံမြောက် ပိုင်း မြို့ တော် တာလာစ် တွင် ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီး မြို့ တော် ကို ကူးစက် လာခြင်း ဖြစ်သည်။
တနင်္ဂနွေ နေ့ က ဆန္ဒပြမှု တွင် လူ သုံးသိန်းကျော် ပါဝင် ဆင်နွှဲ ပြီး သမ္မတ နန်းတော်ရှေ့ တွင် ဆန္ဒပြသူများ
လည်း ပစ်သတ်ခံရကာ ရဲတပ်ဖွဲ့ ဝင် အချို့ ကို လည်း ဆန္ဒပြသူ များ ကဖမ်းဆီးခဲ့သည်။
စနေ နေ့ က ကုလ အထွေထွေ အတွင်း ရေးမှုး ကာဇက် စတန် သို့ လာရောက် မလည်ပတ်
ခင် နေ့ များ က အတိုက်အခံ ခေါင်းဆောင် တစ်ချို့ ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။
အမေရန်ကန် အစိုးရ က မူ ဘာကီယဗ် သည် အာ ဏာ ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည် ဟု ပြောသည်။
သမ္မတ သည် နိုင်ငံတောင် ပိုင်း Osh မြို့ သို့ ထွက်ပြေးသွားသည် ဟု သတင်းများက ဆိုသည်။
ကာဇက်စတန် နိုင်ငံတွင် အမေရိကန် လေတပ် စခန်း နှင့် နေတိုး တပ်များရှိသည်ပြီး အာဖဂန် နစ္စတန် စစ်ဆင်ရေး များ
အတွက် အဓိက ထောက်ပံ့ရေး လမ်းကြောင်း ဖြစ်သည်။



ကာဇက်စတန်လူထု ကို အရမ်းအားကျ တယ်…