

ကီရ်ဂျက်စတန် မှာ ဗုဒ္ဓဟူးနေ့ က ဆန္ဒပြသူတွေ ကိုပြစ်ခတ်နှိမ်နှင်းမှုကြောင့် သေဆုံးခဲ့တဲ့ လူခုနှစ်
ဆယ်ကျော်ရဲ့ ဈာပန အခမ်းအနားကို ယနေ့  ကီရ်ဂျက်စတန် မြို့ တော် ဘစ်ရှ်ကမ့် မှာ ကျင်းပပါ
တယ်။
အတိုက်အခံ ခေါင်းဆောင် တွေ က ကြားဖြတ် အစိုးရ အဖွဲ့ ဖွဲ့ စည်း နိုင်လို့ အခြေအနေတွေ ဟာ
တဖြည်းဖြည်းချင်း ပြန်လည် ငြိမ်သက် လာစပြုနေပေမယ့် အစိုးရ အဖွဲ့ ရဲ့ ရုံးစိုက် တဲ့ နေရာ နဲ့ 
ပါလီမန် လွှတ်တော် စတဲ့ နေရာ တွေ ကို ဆန္ဒပြသူတွေ က ဆက်လက် စီးနင်း ထားဆဲ ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း မြို့ တော် ဂျာလာလာဘတ် နဲ့  မြို့ တော် ဘစ်ရှ်ကမ့် မှာ ဆန္ဒပြမှု တွေ အပြင် လုယက်
မှုတွေ ပါဖြစ်ပွားနေတယ် လို့  ဘစ်ရှ်ကမ့် က လာ တဲ့ အယ်(လ)ဂျာဇီယာ သတင်း မှာ ဖော်ပြထားပါ
တယ်။
ဘစ်ရှစ်ကမ့် မြို့ ရဲ့ အရှေ့ဘက် ၁၂ မိုင်အကွာ မှာ ရှိတဲ့ ရုရှား ကမ့် လေတပ်စခန်း ကို ရုရှား နိုင်ငံ
က စစ်သားအင်အား ၁၅၀ ပို့ ဆောင်ခဲ့ပါတယ်။ဒီလို ပို့ ဆောင်ခဲ့တာဟာ အဲဒီလေတပ် စခန်းမှာရှိ
တဲ့ ရှရုား လူမျိုး တွေ ကို အကာအကွယ် ပေးဖို့ လို့ ပြောပါတယ်။
လုံခြုံတဲ့ နေရာ တစ်ခု ကနေ ဘီဘီစီ ရုပ်သံ နဲ့  အင်တာဗျူး လုပ်ခဲ့တဲ့ သမ္မတဟောင်း ဘာကီယဗ်
က တော့ အတိုက်အခံ ခေါင်းဆောင် တွေ နဲ့ ဆွေးနွေး ချင်တယ် လို့ ပြောပါတယ်။ ကြားဖြတ် အစိုးရ
အဖွဲ့ က သမ္မတ ဖြစ်သူ ရို ဇာ ကတော့ နှုတ်ထွက် ရုံမှ တစ်ပါး သမ္မတဟောင်း မှာ ရွေးချယ်စရာ လမ်း
မရှိ ဘူးလို့ ပြောကြားခဲ့ပါတယ်။ဆွေးနွေးမှာ လည်း မဟုတ်ဘူးလို ပြောပါတယ်။
ဆန္ဒုပြပွဲ တွေ အတွင်း လုံခြုံရေး အဖွဲ့ တွေ က ပစ်သတ် လို့ သားဖြစ်သူ သေဆုံးခဲ့တဲ့ မိခင် တစ်ဦးက
တော့ ဘာကီယဗ် ဟာ ပြည်သူတွေ သေဆုံးမှု အတွက် တရားဥပဒေ နဲ့  ရင်ဆိုင်ရမှာ ဖြစ်ပါတယ် လို့ 
ပြောပါတယ်။
ဘစ်ရှစ်ကမ့် က ထင်ရှားတဲ့ ရှေ့နေ တစ်ဦး ကတော့ ဘာကီယဗ် ဟာ အာဏာ ကို အလွဲ သုံးစားလုပ်မှု
တွေ အတွက် အပြစ်ပေးခံရ နိုင်တယ် လို့ သုံးသပ်ပါတယ်။

ရုရှား နဲ့  အမေရိကန် ကတော့ ကီရ်ဂျက် ပြည်သူတွေ ကို ကူညီ မယ်လို့ ဆိုပါတယ်။မစ္စ ရိုဇာကလည်း
ရုရှ ၀န်ကြီးချုပ် ဗလာဒီမာ ပူတင် နဲ့ ဖုန်းဆက်သွယ် စကားပြောဆိုခဲ့ပြီး ရုရှား နိုင်ငံက ကြားဖြတ် အစိုး
ရ အဖွဲ့ သစ်ကို ထောက်ပံ့မှု တွေ ပြုသွား မှာ ပါ ဖြစ်ပါတယ်။
အလယ်အာရှ နိုင်ငံဆိုင်ရာ အမေရိကန် သံတမန် တစ်ဦးကတော့ ဒီနေ့ ကြားဖြတ် အစိုးရ ခေါင်းဆောင် နဲ့ လာရောက်
တွေ့ ဆုံခဲ့ပါတယ်။လူထု အုံ`ကြွှမှု များက ပြုတ်ကျသွားခဲ့တဲ့ အစိုးရက နိုင်ငံရဲ့ ဘတ်ဂျက် အသုံးစရိတ် ဒေါ်လာသန်း
၈၀ ပဲထားခဲ့တာကြောင့် နိုင်ငံလိုငွေပြနေတဲ့ အတွက် ပြည်ပ နိုင်ငံတွေ က အကူအညီ တောင်းထားပါတယ်။
