Bangkok Metropolitan Administration cancels all its Songkran events (Updates)



သက်ဆင်လိုလားတဲ့ အနီဝတ် ဆန္ဒပြသူတွေ ကို ထိုင်းစစ်တပ်က မျက်ရည်ယိုဗုံးတွေ၊ မီးသတ် ပိုက်တွေ သုံး ပြီး စတင် ဖြိုခွဲခဲ့တယ်
လို့  ဘန်ကောက် အခြေစိုက် Freedom News Group သတင်းထောက် ကိုဦး က အခု လို သတင်း ပေးပို့ ထားပါတယ်။
ပသုမ် ဌာနီ မှာ ရှိတဲ့ Thai Com ဂြိုလ်တု ရုပ်သံစခန်း ကို ၀င်ရောက် စီးနင်း ဖို့ ကြံစည်တဲ့ အနီဝတ် ဆန္ဒပြသူတွေထဲက ဆယ်ဦး
လောက်ဟာ လုံခြုံရေး အဖွဲ့ ဝင်တွေ ရဲ့  ရိုက်နှက်မှုကြောင့် အတွင်း လူနာ အဖြစ် ဆေးရုံတင် ထားထားရတယ် လို့  လိုင်းခွဲ ခုနှစ်
ရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ က ဆန္ဒပြသူတွေက ပါလီမန် လွှတ်တော် ကို ၀င်ရောက် စီးနင်းပြီး ကတည်းက ဆန္ဒပြသူတွေ နဲ့  လုံခြုံရေးအဖွဲ့ ဝင်တွေကြားပိုမို တင်းမာမှု ရှိခဲ့ပြီး အစိုးရ က အရေးပေါ် လုံခြုံရေး ဥပဒေ ကြောညာခဲ့ပါတယ်။
လွှတ်တော်ကို ၀င်ရောက် စီးနင်းမှုကြောင့် ထိုင်းအစိုးရက မူဆစ်ကဖောင်း ၊ပရွန်ဖောင် အပါအ၀င် ဆန္ဒပြခေါင်းဆောင် ဆယ်ခုနှစ်ဦး ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပါတယ်။
ဒီနေ့ ညနေ မှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ ရဲ့ ဆေးရုံ ပိတ်ဆို့ ထားပြီး နက်ဖြန်မှာ ရဲဌာနချုပ်ကို
ပိတ်ဆို့ ဆန္ဒပြဖို့ ရှိတယ် လို့ သိရပါတယ်။
အနီဝတ် တွေ ဟာ မြို့ ပြင်မှာ ရှိတဲ့ ဂြိုလ်တုရုပ်သံကို ၀င်ရောက်စီးနင်းရတဲ့အကြောင်းကတော့
အစိုးရကနေ ထုတ်လွှင့် ဖို့ တားမြစ်ခံထားရတဲ့ UDD လိုလားတဲ့ ရုပ်သံလိုင်း PTV ကိုပြန်လည်
ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။ဂြိုလ် တုရုပ်သံ ၀င်းထဲ မှာတော့ UDD ခေါင်းဆောင် နထိဝတ် ဆိုင်ကူ က မိန့် ခွန်းပြောကြားခဲ့ပြီးနောက် ရဲဗိုလ်ချုပ် တစ်
ဦးနဲ့ ဆွေးနွေ ညှိုနှိုင်းပြီးနောက် PTV ရုပ်သံလိုင်း ကို ဂြိုလ် တု နဲ့ ပြန်လည်ဆက်သွယ်ပေးခဲ့ပါတယ်။
ဘန်ကောက် မြို့ တော် အုပ်ချုပ်ရေး အဖွဲ့ ကတော့ ရိုးရာ နှစ် သစ်ကူး ဆွန်ခရမ် ပွဲတော်ကို ဘန်ကောက်
မှာ လုံခြုံရေးအခြေအနေအရ လုပ်ခွင့် မပြုတော့ ဘူးလို့ လိုင်းခွဲ ၃ ကနေ ထုတ်လွှင့် သွားခဲ့ပါတယ်။
ဒီနေ့ စနေ နေ မှာတော့ ထိုင်းအစိုးရက PTV ရုပ်သံလိုင်းကို ပြန်လည်ပိတ်ဆို့ လိုက်ပြီး ဆန္ဒပြသူတွေ ကို ဖြိုခွဲ ဖို့ အစီအစဉ်တွေ
ရေးဆွဲနေတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လွှတ်တော် နှင့် ထိုင်းကွမ် ဂြိုလ်တု ရုပ်သံ အဆောက်အဦ အားစီးနင်းမှုကြောင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၇ ဦးစာရင်း
Dr weng Tojirakarn, Darunee Kritbunyalai, Jaran Dittha-apichai, Natthawut Saikua, Nisit Sinthuprai, Veera Musigapong, Samroeng Prajamrue, Kohkaew Pikunthong, Kwanchai Sarakam, Chinnawat Habunpart, Wiputalaeng Pattanapumithai, Adisorn Piengket, Worapon Pornmikkabutr, Police Lt-Colonel Wapot Apornrat, Wisa Kantap, Paijit Aksornnarong and Maj-General Khattiya Sawasdipol.
