တင်ကျော်ကျော်စိုး
Don’t Look Outside !
” ပြည်ပ အခြေစိုက်အဖွဲ့ တွေလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်လိုပဲ ဂုဏ်သိက္ခာရှိစွာနဲ့  ဒီမိုကရေစီ ရေးအောင်မြင်
မှု မရှိ ဘူးဆို တာ လူသိနတ်ကြား ထုတ်ဖော် ၀န်ချ တောင်းပန် သင့် တယ် ”
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့သည့် တိုင် ပြည်ပ နိုင်ငံများ နှင့် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရေးအဖွဲ့ 
အစည်းများကြောင့် မြန်မာ့ နိုင်ငံရေးသည် ဒီမိုကရေစီ ရေး ဘက်ကို တစ်လမ မျှ ရွှေ့ ခဲ့ခြင်း မရှိကြောင်း
ထင်ရှားသော မြန်မာနိုင်ငံရေးသမား နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရွေးချယ်ခံကိုယ်စားလှယ်
တစ်ဦး ဖြစ်သူကယနေ့ Freedom News Group သို့ ပြောသည်။
ပြည်ပ နိုင်ငံရေး အဖွဲ့ အစည်းများ နှင့် အနောက်နိုင်ငံများကြောင့် မြန်မာ့ နိုင်ငံရေးသည် ပိုးသာကုန်
မောင်ပုံ စောင် မတတ် ဖြစ်နေကြောင်း သူက ဆက်လက်ပြောသည်။
ထင်ရှားသော မြန်မာ သတင်းစာ ဆရာ တစ်ဦးက လည်း ကာဂျက်စတန် လူထုလှုပ်ရှားမှု ကို မြန်မာ
တက်ကြွလှုပ်ရှားသူတို့ အတုယူသင့် သင် ဟု ဆိုသည်။ယမန်နေ့ က အာရှာအလယ်ပိုင်း ကာဂျက်စ
တန် နိုင်ငံတွင် ၂၄ နာရီ ကြာ လူထုတော်လှန်ရေးကြောင့် သမ္မတ အားရာထူးမှ ဖယ်ရှား နိုင်ငံကာ အတိုက်
အခံ တို့ ကြားဖြတ် အစိုးရ ဖွဲ့ နိုင်ခဲ့သည်။
ဝါရင့် နိုင်ငံရေး သမား နှင့် လွှတ်တော်အမတ်ဖြစ်သူ က မြန်မာအတိုက်အခံတို့ သည် ထိုသို့ သော အခွင့်
အရေးမျိုး လွန်ခဲ့သည့် နှစ်နှစ်ဆယ်ထဲက ရရှိသော်လည်း အရယူ နိုင်ခဲ့ခြင်း မရှိဟု ပဲလက်လွှတ်ခဲ့ရသည်
ဟု ဆိုသည်။
လွန်ခဲ့သည့် နှစ်နှစ်ဆယ်က မြန်မာ အကျဉ်းထောင် ထောင်အရာရှိတစ်ဦးက NLD က ကြားဖြတ်အစိုးရ
ဖွဲ့ ပြီး တယ်လို့ ကြေညာလိုက်ရင် ကျွန်တော်က ထောင်တံခါး ကို ဆွဲဖွင့် လိုက်ဖို့ အသင့်ပဲ ဆိုသည့် စကား
ကိုလည်း သူက အောင့်မေ့ဖွယ်ပြောသည်။
ကာဂျက်စတန် နိုင်ငံ ဘစ်ရှစ်ကန့် တွင် ယမန်နေ့ က ဆန္ဒပြစဉ်က အတိုက်အခံများ အားဖမ်းဆီးအကျဉ်း
ချတတ်သည့် အာဏာရှင် တစ်ပိုင်း ကာမန်ဘက် ဘာကီယဗ် ဘက် နှင့် မဟာမိတ် ဖြစ်သည့် အမေရိကန်
သည် ကာဂျက် ပြည်သူများ ဘက်မှ စာနာထောက်ထားမှု နှောင့်နှေးခဲ့သည် ဟု ၀ါရင့် သတင်းစာဆရာ
ကြီးက ပြောသည်။
ကြည့်လေ ‘သူ့ အကျိုးစီးပွား အဆင်ပြေတယ် လူ ဘက်က နေ လိုက်ပေးတယ်။ ဘာကီယဗ် က
နိုင်ငံက ထွက် ပြေားသွားပြီ အိမ်ဖြူတော် က ပီဂျေ ခရော်လီ က မဟုတ်ဘူး အာဏာကို ဆက်လက်
ထိမ်းသိမ်းထားဆဲ လို့ ပြောတယ်။နောက် ပြည်သူ လေးဆယ့် နှစ်ယောက် ကျော် သေဆုံး နေတဲ့ အချိန်
ထိ ကို နှစ်ဖက် စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ လို့ ပြောတယ် အဲဒါဘာလဲ ဆိုတော့ အကျိုးစီးပွား
နဲ့ ယှဉ်လာရင် မူရှယဖ် လို စစ်အာဏာရှင် နဲ့ တောင် ပေါင်းခဲ့တဲ့သူက ဒီလောက် တော့ အပျော့ပဲ ဆိုတာ
သူက ပြတာ ဟုပြောသည်။ကာဂျက်စတန် နိုင်ငံ မာနတ် တွင် အမေရိကန် ၏ အာဖဂန် နစ္စတန် စစ်ဆင်
ရေး အတွက် အသက်သွေးကြောတမျှ အရေး ပါသည့် ထောက် ပို့ လေတပ် စခန်း ရှိသည်။
ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ဟောင်း နှင့် လွှတ်တော် အမတ်ဖြစ်သူ က ပြည်ပအဖွဲ့ အစည်းမှ
အချို့ မှာ မြန်မာ ဒီမိုကရေစီ ရေးထက် မိမိ နာမည်ကျော်ကြား ထင်ပေါ်မှု ရရေး အတွက် သာ ဦးစားပေး
လုပ်ဆောင်ကြသည် ဟု သုံးသပ်ပြောကြားသည်။
မြန်မာ နိုင်ငံရဲ့ နယ်နမိတ် ပြင်ပက အားအားစုတွေ ကြောင့် မြန်မာ နိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းသွား
မယ် လို့ ကျွန်တော် ဘယ်တုန်းက မှ မယုံကြည်ခဲ့ဘူး ဟု သူက ဆက်လက်ပြောကြားသည်။
အခုကြည့်လေ အလုပ်သမားတွေ က သူ့ ပြဿနာ သူ ဆန္ဒပြကြတယ် ။ပြည်ပ အဖွဲ့ အစည်းတွေက
သူလုပ်တာ ငါလုပ်တာပြောကြာတော့ အလုပ်သမား လှုပ်ရှားမှု လည်း ရပ်ကုန်ရောဟု ပြောသည်။
မြန်မာ့ နိုင်ငံရေး တွင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း စစ်အာဏာသိမ်းချိန် မှ စတင်ကာ ယနေ့ 
အချိန် ထိ ပြည်ပ အခြေစိုကက် မြန်မာ့ နိုင်ငံရေး အဖွဲ့ ပေါင်း ၆၀၀ ထက်မနည်း ရှိသော်လည်း
မြန်မာ့ နိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းမှု ကမူ ထိုအဖွဲ့ အစည်း များကြောင့် ခြောက်လက်မခန့် ရွေ့ သွား
ခြင်းပင် မရှိဟု သိရသည်။
ရန်ကုန်မြို့ ရှိ နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ဦး နှင့် စာပေထုတ်ဝေသူ တစ်ဦးက ပြည်ပအဖွဲ့ 
အစည်း တွေ နဖူး ပေါ်လက်တင်ပြီး ပြန်လည် ဆန်းစစ်ဖို့ လိုနေ ပြီ ဟု ပြောသည်။ပြည်ပ အခြေစိုက်
အဖွဲ့ တွေလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်လိုပဲ ဂုဏ်သိက္ခာရှိစွာနဲ့  ဒီမိုကရေစီ ရေးအောင်မြင်
မှု မရှိ ဘူးဆို တာ လူသိနတ်ကြား ထုတ်ဖော် ၀န်ချ တောင်းပန် သင့် တယ် ဟု သူ၏ခံစားချက်ကို
ပြောသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း လွှတ်တော် အမတ်ကမူ တိုင်းပြည်အတွက် တကယ်လုပ်ရင် အဲဒီ
လောက်မကြာပါဘူး ကိုယ့်အတွက် လုပ်နေကြလို့ ပါ ဟု ထပ်လောင်းပြောကြားသည်။
စစ်အစိုးရမှ မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲ တွင် လူထုအုံကြွှမှုဖြစ်လာပါက ပြည်ပအခြေ
စိုက် အထူးသဖြင့် နယ်စပ်အခြေစိုက် နိုင်ငံရေး အဖွဲ့ အစည်းများက သူထက်ငါဦးအောင် ၍ မိမိလက်ချက်
ဖြစ်သည် ဟု ကြေညာချက် ထုတ် မှာ ဖြစ်ကြောင်း မဲဆောက် အခြေစိုက် ကဗျာဆရာ တစ်ဦးက Freedom
News Group သို့ ပြောသည်။

ဟုတ်ပါတယ်ဗျာ၊ ကိုယ်လုပ်မှကိုယ်ရမှာပါ၊ အခုတော့ ဘာမှမလုပ်ဘဲနဲ့ကြာလိုက်တာ၊ အခုထိဘာမှမဖြစ်သေးဘူးပြောတယ်၊ ကိုယ်ဘာလုပ်လဲ၊ ဘာမှမလုပ်လို့ ဘာမှမရတာပါ၊ ကိုယ်အပါအ၀င်ပါဘဲ၊ ကိုယ်လုပ်လို့ရသလောက်မလုပ်နိုင်ဘဲ ထိုင်နေရတယ်၊ ကိုယ်ညံ့မှန်းကိုယ်သိပါတယ်ဗျာ၊
ဟုတ်ပါတယ်ဗျာ၊ ကိုယ်လုပ်မှကိုယ်ရမှာပါ၊ အခုတော့ ဘာမှမလုပ်ဘဲနဲ့ကြာလိုက်တာ၊ အခုထိဘာမှမဖြစ်သေးဘူးပြောတယ်၊ ကိုယ်ဘာလုပ်လဲ၊ ဘာမှမလုပ်လို့ ဘာမှမရတာပါ၊
ကိုယ်ကျိုးရှာနေကြသော ပြည်ပရောက်နိုင်ငံရေးသမားတွေ။
ဒုတ္ခသယ်အမည်ခံ တကိုယ်ကောင်းစံသူတွေ။
ပြည်ပအဖွဲ့ အစည်းတွေ ရှက်ကြောပါရင် NLD လို ၀န်ချတောင်းပန်
ဟုတ်တယ် NLD လိုတောင်းပန်သင့်တယ်
This is absolute truth.Politician ought to be like U Win Tin.Not to be selfish. As far as I concerned , I can’t trust who making politic in aboard nation. They are loving dollars, not loving Myanmar citizen. I’m living in Myanmar and ready to do good for Myanmar people.
ကျွန်တော်တို့ က တကယ်လုပ်ပါတယ်။မယုံရင် ထောင်ကျနေ တဲ့ UG လေးတွေ ကိုသွားမေးကြည့်ပါ။