ပိုလန် သမ္မတ ၊ဇနီး နှင့် အဝေးရောက် သမ္မတ ဟောင်း အပါအ၀င် အစိုးရအဖွဲ့ အကြီးအကဲ များ ရုရှားအနောက်ပိုင်းတွင် လေယာဉ်ပျက်ကျ၍ ကွယ်လွန်

လေယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်ခဲ့သည့် ပိုလန်ခေါင်းဆောင် များ ၏ ရုပ်အလောင်းများ ကို ရှရုား ကယ်ဆယ်ရေး တပ်ဖွဲ့ များက သယ်ဆောင်လာစဉ်

ရုရှား နိုင်ငံအနောက်ပိုင်း စမိုးလင်း ရှိ ဂေါ်ကီ ရိပ်သာ အနီး တွင် လေယာဉ်ပျက်ကျရာမှ ပိုလန် သမ္မတ လက်ကာ
ချင်စကီး ၊ဇနီး နှင့် နိုင်ငံ၏ စစ်ခေါင်းဆောင် များ နှင့် ဗဟိုဘဏ် ဥက္ကဌ တို့ သေဆုံးသွားသည် ဟု သတင်းရရှိသည်။

ပိုလန်ခေါင်းဆောင် များ၏ ရုပ်အလောင်းများ ကို ရုရှားကယ်ဆယ်ရေး တပ်ဖွဲ့ များ မှ သယ်ဆောင်လာစဉ်

အသက် ၆၀ နှစ်အရွယ်ရှိ သမ္မတ အပါအ၀င် ဒုနိုင်ငံခြားရေးဝန်ကြီး ၊စစ်ဦးစီးချုပ် နှင့် လေယာဉ် ပေါ်လိုက် ပါလာသူ
၉၇ ဦးစလုံးသေဆုံးခဲ့ခြင်း ဖြစ်သည်။သမ္မတ စီးနင်းလိုက်ပါလာသည့် လေယာဉ်ပျံသည် ဂေါ်ကီ အပန်းဖြေစခန်းအနီးရှိ
လယ်တောယာမြေတစ် ခု တည်းတွင် ထိုးကျပျက် စီးသွားခဲ့ခြင်း ဖြစ်သည်။ သမ္မတ နှင့် ဇနီး ဖြစ်သူ မာရီယာ ကာ ဇင်စကီး
တို့  နှစ်ဦး လုံးသေဆုံးခဲ့သည်။

လေယာဉ်ပျံသန်းသည့် လမ်းကြောင်း နှင့် ကွယ်လွန်ခဲ့သည့် ပိုလန် ခေါင်းဆောင်များ

ပိုလန် နိုင်ငံ ခေါင်းဆောင်များသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဆိုဗီယက် တပ်နီတော် တို့ လက်ချက်ကြောင့် ပိုလန် လူမျိုးနှစ်သောင်းကျော် သေဆုံးခဲ့ရသည့် ဈာပန အခမ်းအနား သို့ တက်ရောက်ရန် အသွားတွင် လေယာဉ် ပျက်ကြခြင်းဖြစ်သည်။

ပိုလန် ခေါင်းဆောင် များ အားသယ်ဆောင် လာသည့် လေယာဉ် သည် ရုရှား
လုပ် Tupolev Tu-154 အမျိုးအစား လေယာဉ် ဖြစ်သည်။

ပိုလန် သမ္မတ နှင့် ခေါင်းဆောင် များ သေဆုံးရခြင်းသည် သွေးရိုးသားရိုးမဖြစ်
နိုင်ဟု သုံးသပ် ချက်များ လည်းထွက်ပေါ်နေသည်။

အမေရိကန် ၊အင်္ဂလန် နှင့် ပြင်သစ် နိုင်ငံမှ ခေါင်းဆောင် များ က ပိုလန် သမ္မ
တသေဆုံးခဲ့ခြင်း အတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုသည်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူများ