သင်္ကြန် အတွင်း ခောတ်စားမည့် ဖက်ရှင် ဒီဇိုင်းများရောင်း အားကောင်းနေ

မြန်မာ နှစ်သစ်ကူးရေသဘင် ပွဲတော်တွင် ခောတ်စားလာမည့် ဖက်ရှင်ဒီဇိုင်း (မော်ဒယ် သူထူးစံ နှင့် မိုးဟေကို တို့ ၏ POLICE မျက်မှန်ကြော်ငြာ)

မြန်မာ နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များ ၀တ်ဆင်ကြမည့် ဖက်ရှင် ဒီဇိုင်း
များမှာ ရောင်းအားကောင်းနေသဖြင့် ပစ္စည်း ပြတ်လပ်မှု နှင့် ပင် ကြုံတွေ့ နေရသည် ဟု

ဒဂုံစင်တာ မှ အထည်ဆိုင်ဖွင့် ထားသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

အဆိုတော်ဂျင်းနီ၏ ဖက်ရှင်ဒီဇိုင်းများမှာ လည်း မိန်းကလေးများက နှစ်သက်ကြသည်။

အမိန့် ထုတ်ထားတာကတော့ မြန်မာ့ ယဉ်ကျေးမှု နဲ့ လျှော် ညီအောင် ၀တ်ဆင်တဲ့သူတွေကို
ပဲ မဏ္ဍပ်တွေ ကိုလာခွင့်ပြုဖို့ ပြောထားတာ ..အခု ၀ယ်ကျတာကတော့ စကတ်တို ၊အီလပ်
စတစ် ဘောင်းဘီတွေ နဲ့ ကြိုးတစ်ချောင်း ဘရာစီယာတွေ ပဲ လို့ ထိုဆိုင်ရှင် အမျိုးသမီးကပြော
ပါတယ်။

ရန်ကုန် ရေသဘင် ပွဲတော်အား မြန်မာ စစ်အစိုးရ က စည်းကမ်းချက်များ ထုတ်ပြန်ပြီး လူငယ်
များ ၏ ပျော်ရွှင် မှု အချို့ကို တားမြစ်သော် လည်း မြန်မာ လူငယ်များ ကို ထိုစည်းကမ်းချက်များ
ကို သွေဖည်ကြသည် ဟု သိရသည်။

နှစ်စဉ်ကျင်း ပနေကြသည့် အင်းလျှားလမ်း သင်္ကြန် မရှိတော့သည့် အတွက် ရန်ကုန် သင်္ကြန်
သည် စည်ကားမှု မရှိနိုင် ဟု သုံးသပ်ကြသော် လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် တွင်
မြန်မာ စစ်ခေါင်းဆောင် များ ၏ သားသမီး မြေးမြစ်များ ပင် မဏ္ဍပ် ဆောက်လုပ်ခြင်း မရှိဟု
နေပြည်တော်မှ ၀န်ထမ်းတစ်ဦး က Freedom News Group သို့ ပြောသည်။