Network 335 ၏ မြန်မာ့အရေးရံပုံငွေရှာပွဲ ညူးယောက်တွင် ကျင်းပ

Benefit for Refugee Children of Burma By Network 355

ဂျပန် တယောပညာရှင် မလေး ဆာယီနာ က တယောထိုးဖျော်ဖြေစဉ်

မြန်မာ့အရေး ရံပုံငွေရှာ ဖွေပွဲ တစ်ခုကို ညူးယောက်ရှိ Friar’s Club  တွင်  Free Burma Alliance နှင့် Network 355 တို့ မှ
အခမ်းအနားကို ကြီးမှူးကျင်းပပြီး အလှ ပစ္စည်းများထုတ်လုပ်သည့်  LanCome၊ Chanel၊ ဂျပန် Ito En iced-tea နဲ့ 
Sapporo Beer ကုမ္ပဏီ၊ Diamond Club International၊ Excellence Thai အပါအ၀င် ကုမ္ပဏီပေါင်း လေးဆယ်ကျော် ပါဝင်ဆင်နွှဲ တယ်လို့ 

Freedom News Group ရဲ့ ညူးယောက် သတင်းထောက် က သတင်းပေးပို့ ထားပါတယ်။

ရံပုံငွေရှာဖွေပွဲ အခမ်းအနားမှ မြန်မာ လှုပ်ရှားသူများ နှင့် အမေရိကန် နိုင်ငံသားများ

ဒီအခမ်းအနား မှာ မြန်မာ့ ရိုးရာအဆို၊အက နဲ့  လည်းဖျော်ဖြေခဲ့ပါတယ်။ဒီအခမ်းအနားကို ညူးယောက်ဝန်း
ကျင်က မြန်မာ လူမျိုးတွေ နဲ့ မြန်မာ့ အရေးစိတ်ဝင်စားသူ နိုင်ငံခြားသားတွေ က ပံ့ပိုးကူညီ ထားပါတယ်။

အခမ်းအနားကို အာရှာ၊ဥရောပ နာမည်ကျော် အလုကုန် မော်ဒယ်တွေ လဲ တက်ရောက်ခဲ့ပါတယ်။

မေစန္ဒာစိုးညွှန့် က မြန်မာအကဖြင့်ဧည့်ခံဖျော်ဖြေစဉ်