Can Abhisit Vejjajiva survive in the job ?

အာဏာရှင်ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦးက အဘီဆစ် ပြန်လည် တောင်း ဆိုသည့် တွေ့ ဆုံဆွေးနွေးရေး ကို ပယ်ချခဲ့ပြီး
နောက် ဒီမိုကရက်တစ် ပါတီ ဦးဆောင်သည့် အာဏာရ ညွှန့် ပေါင်း အစိုးရ က အခြေခံဥပဒေကို ပြန်လည်ရေးဆွဲ ပြီးနောက်
သုံး လအတွင်း လွှတ်တော် အားဖျက်သိမ်းပေးမည် ဟု ကတိ ပြုခဲ့သည်။
ပုံမှန် အားဖြင့် ရွေးကောက်ပွဲ သည် ၂၀၁၁ ခုနှစ် နှောင်း ပိုင်း တွင် ကျင်းပမည် ဖြစ်သော်လည်း ရွေးကောက်ပွဲ ကို စောစီးစွာကျင်းပမည်
ဖြစ်သည်။
အဘီဆစ် ၏ ညွှန့် ပေါင်းအစိုးရ အဖွဲ့ ထဲတွင် ပါဝင်သည့် ပါတီငယ်များ ဖြစ်သည့် နေ၀င်းချစ်ချောဘ် အုပ်စု ၊ပွေ့ ထိုင်းပါတီ နှင့် ချတ်ထိုင်း
ပါတီ တို့ က ၀န်ကြီးချုပ်အား ဖိအား ပေး သဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သည် ။ဝန်ကြီးချုပ် အဘီဆစ် မှာ လွှတ်တော် ဖျက်သိမ်းရေးနှင့်
၎င်းနှုတ်ထွက်ပေး ရေးကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။
ယမန် နေ့ ကဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ သည် ၁၉၉၂ ခုနှစ် မှ စ၍ ၁၈ နှစ် အတွင်း ထိုင်းနိုင်ငံတွင် အဆိုးရွားဆုံး ပြည်သူများ သေဆုံးရမှုဖြစ်
သည်။ထိုင်း အစိုးရ နှင့် ပြန်လည်တွေ့ ဆုံဆွေးနွေးရန် ငြင်းပယ်ခဲ့သည့် UDD ခေါင်းဆောင် နထ၀တ် ဆိုင်းကူး က ၀န်ကြီးချုပ် နှုတ်ထွက်မှု
မပြုမခြင်း ဆန္ဒပြပွဲ ကို ဆက်လက် ဦးဆောင် မည် ဟု ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် က ထိုင်းအစိုးရအနေ ဖြင့် ပြန်လည်ပေါင်းစည်း ရေး နှင့် အပြောင်းအလဲ ကို ဖော်ဆောင်ရန်
အချိန် တန်ပြီ ဟု တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံ ၏ ပညာတတ် များ ၊စီးပွားရေး လုပ်ငန်း ရှင် များ နှင့် အများလေးစားခံရသည့် ပြည်သူများက ဘုရင် ဘူမိဘော အား ၀င်ရောက်
ဖြေရှင်းပေးရန် တောင်း ဆိုထားသည်။
ထိုင်းနိုင်ငံ၏ ပြည်တွင်းရေး မငြိမ်သက်မှု များကြောင့် ပြည်ပရင်းနှီးသူများ စတော့ များ ပြန်လည်ရောင်း ချသောကြောင့် စတော့ ဈေး မှာလည်း
ထိုးဆင်းလျှက်ရှိပြီး ၊ နိုင်ငံခြား ခရီးသွား များ အ၀င် နည်းကာ တစ်လ အတွင်း ဘတ်ငွေ ၁၄ ဘီလျှံကျော် ဆုံးရှုံး နစ်နာ ခဲ့သည် ။
လုံခြံရေး တပ်ဖွဲ့ များက မျက်ရည် ယို ဗုံး နှင့် ရာဘာ ကျဉ်ဆန် များကို အသုံးပြုပြီး ၀င်ရောက် စီးနင်းသူ များ ကို ဖြိုခွဲ သော် လည်း အနီ
ဝတ်များ က ဗုံး၊နှင့် M16 သေနတ် များ ကို အသုံးပြုပြီး ပြန်လည်ခုခံကြသည် ဟု အစိုးရပြောရေး ဆိုခွင့် ရှိသူ ပဏ္ဍိတ ၀ါထနာ က နေးရှင်း
သတင်းစာ ကို ပြောသည်။
စနေ နေ့ က ဆန္ဒပြပွဲ အတွင်း ကျဆုံးခဲ့သူ များ အတွက် ဈာပန အခမ်းအနား အားယနေ့  ကျင်းပမည် ဖြစ်သည်။စနေ နေ့ က ဆန္ဒပြပွဲ များ အတွင်း
သတင်းထောက် တစ်ဦး အပါအ၀င် လူ နှစ်ဆယ့် တစ်ဦး သေဆုံး၍ ၈၇၆ ဦးဒဏ်ရာရရှိသည်။


