ဟိန်းခိုင်ထွန်း ။ ။ယနေ့ တနင်္ဂနွေ နေ့ ည မြန်မာ စံတော်ချိန် ၉း၂၀ အချိန် တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် ဆေးရုံကြီး သို့ အရေးပေါ် ၄၅ မိနစ် ခန့် တက်ရောက်ကုသခံလိုက်ရ
သည် ဟု သတင်းရရှိသည်။
သူမ၏ စိုးရမ်ဖွယ်ရာ နှလုံးရောဂါ အခြေအနေကြောင့် ဆေးရုံ သို့ တက်ရောက် ကုသခံရခြင်း ဖြစ်သည် ဟု
ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့ နေ တစ်ဦး ဖြစ်သူ ဦးဥာဏ်ဝင်းက အေအက်(ဖ)ပီ သတင်းဌာနကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ရေဓာတ်ခမ်းခြောက်သည့် ရောဂါ လည်းရှိပြီး သူမ၏ နှလုံးအခြေအနေ မှာ လည်း
စိုးရိမ် ဖွယ်ရာ ဖြစ်သည် ဟု ရန်ကုန် မှာ လာသည့် အေပီ သတင်းတွင် ဖော်ပြထားသည် ။
ဒေါ်အောင်ဆန်းစုကြည် သည် အစာအိမ် ရောဂါ လည်းရှိကာ ယခင် သီတင်းပတ် အတွင်း သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ
တင် မျိုးဝင်း နှင့် နှစ်ကြိမ် ကုသခံခဲ့ရသည်။ပြီးခဲ့သည့် ကြာသပတေးနေ့ က ဒုတိယအကြိမ် တွင် မူ ECG စက်များပါ သယ်ဆောင်
သွားရသည် ဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် သို့ ည ၁၀ နာရီ မိနစ် ၂၀ တွင် ပြန်လည် ရောက်ရှိသည်။သူမ အား လုံခြုံရေး
အစောင့်အကျပ် ထူထပ် စွာဖြင့် ဆေးရုံ သို့ ပို့ ဆောင် ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန် ဆေးရုံကြီး ရှိ နှလုံးအထူးကု ဌာန တွင် တက်ရောက် ကုသခံနေစဉ် အချိန်တွင်း လည်း လုံခြုံရေးများ ထူထပ်စွာ
ချထားသည် ဟု မျက်မြင် တွေ့ ရှိ သူ ဆရာဝန် ကြီး တစ်ဦးက Freedom News Group သို့ ပြောသည်။

သီတင်းထူးလေတွေသိရတာကျေးဇူးပါဗျာ
Wish all friends a very happy & a prosperous New Year 2010, & may it bring peace, joy, happiness, good health & keep you Safe &Love