တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် သည် ဧပြီ လ၂၂ ရက်နေ့ မှ ဧပြီ လ ၂၅ ရက်နေ့ အထိ မြန်မာ
နိုင်ငံ အပါအ၀င် ဘရူနိုင်း၊အင်ဒို နီးရှား နိုင်ငံများ သို့ သွားရောက် မည် ဟု တရုတ် နိုင်ငံခြားရေး
ဝန်ကြီးဌာန က သတင်း ထုတ် ပြန်သည်။
မြန်မာ နိုင်ငံသို့ ရောက်ရှိစဉ် အတွင်း စစ်အစိုးရ ၏ ၂၀၁၀ ရွေးကောက် ပွဲ တွင် အတိုက်အခံ များ
ပါဝင် လှုပ်ရှား ခွင့် အား ဆွေးနွေးဖွယ်ရှိသည် ဟု နိုင်ငံရေး သုံးသပ် သူ အချို့ က ထင်ကြေးပေး
ကြသည်။
