
မြန်မာ့ ရိုးရာ နှစ် သစ်ကူး အတာသင်္ကြန် အား နိုင်ငံတ၀ှမ်းတွင် ယမန်နေ့ မှ စ၍ ဆင်နွှဲကြ
ရာ ယခင် မြို့ တော်ဟောင်း ရန်ကုန် သည် အစည် ကားဆုံးဖြစ် သည် ဟု နာမည်ကျော်
ရက်(ပ) အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။
လွန်ခဲ့သည့် နှစ်တွေ ထက် ယခုနှစ် သည် ထင်မှတ်ထားခြင်း မရှိ လောက်အောင် ပိုမိုစည်
ကားမှုရှိကြောင်း ရန်ကုန် မြို့ မှ သတင်းထောက် တစ်ဦးက လည်း ပြောသည်။သူက ထိုကဲ့
သို့ စည်ကားရခြင်း မှာ ရေ၊မီး ပြတ်လပ်နေသော ရန်ကုန် မြို့ ခံ တို့ အတွက် စိတ်ထွက်
ပေါက်ဖြစ်သည် ဟု သုံးသပ်သည်။
ယနေ့ အကျနေ့ တွင် လည်ပတ်ကျသူ များ မှာ ကန်တော် ကြီး ကန်ပတ် လမ်း နှင့် ကန်
တော်လေးဘက်တွင် တိုးမပေါက်အောင်ရှိသည် ဟု သိရသည်။
စီးပွားရေး လုပ်ငန်းရှင် များ အား မဏ္ဍပ် များ အတင်းအကျပ်ဆောက် လုပ်ခိုင်းသည့်
နေပြည် တော်သင်္ကြန်သည် ထင် သလောက် စည်ကားမှု မရှိဟု သိရသည်။
ဒုတိယနေ့ သင်္ကြန် အကျနေ့ ထိ ရန်ကုန် မြို့ တွင် ယာဉ်တိုက်မှုများ နည်းပါး၍
အသေအပျောက် မရှိဟု သိရသည်။ သင်္ကြန်ကာ လအတွင်း အဆိုတော် သားစိုး
၏ ဘူးသီး နုနု မခူးရ သီချင်း သည် လည်း အလွန်ပေါက်၍ မဏ္ဍပ် များက ထိုသီ
ချင်းဖွင့် ချိန် တွင် လူငယ်များက ဘူးသီး ဘူးသီး ဖြင့် လိုက်လံအော်ဟစ်ကြသည်
ဟု သိရသည်။
သင်္ကြန်ကာ လအတွင်း ခရီးသည် တင် ကားများ ဈေးနှုန်းအပြောင်းအလဲ ရှိသော်
လည်း မြို့ စွန်များ မှ ပြည်သူများ မှာ လမ်းလျှောက်၍ လည်ကြသည် ။
မဏ္ဍပ် နှင့် ရေပက် ခံ ထွက်သူ များ မှာ စည်းအစိုးရ ထုတ်ပြန်ထားသည့် စည်း
ကမ်းချက် ၃၉ ချက် အား တစ်ခုမှ လိုက်နာ မှု မရှိဟု သိရသည်။
ပြည်လမ်း ရှိ နေရွှေသွေးအောင် ရှိ မဏ္ဍပ်ရှိရာ တွင် လုံခြုံရေး များ ထူထပ်စွာချထားပြီး
ရေပက်ခံ လာသော မော်တော်ယာဉ်များသည် အယောက် လေးဆယ်ခန့် ရှိသည့်
ယဉ်ထိန်းရဲ တို့ ပြသသည့် လမ်းအတိုင်း စည် ကမ်းရှိစွာ ဖြင့် ၀င်ရောက်ရသည် ဟု သိရသည်။
