တရုတ်ပြည် တွင် အင်အားပြင်းထန် သည့် ငလျှင် ကြောင့် လူ ၃၀၀ ကျော် သေဆုံး တစ်သောင်း ကျော်ဒဏ်ရာရ

နောက်ဆုံးရသတင်း ၁ရး ၀၀ ၄၀၀ ကျော် သေဆုံး

နောက်ဆုံးရသတင်း ၁၅ ရက်နေ့ နံနက် လေးနာရီ လူ ၆၀၀ ကျော်သေဆုံး

တိဘက်လူမျိုးများ အများဆုံးနေသည့် တော်ပေါ်မြို့ ယူရှုး တွင် ငလျှင် ဒဏ်ကြောင့် အဆောက်အဦများ ပြိုကျ ပျက်စီးနေ ပုံ ဓာတ်ပုံ- XINHUA About 300 dead, 8,000 injured in China quake, Xinhua news agency reports.

Update : Minute By Minute တရုတ် နိုင်ငံ အနောက်ပိုင်းပြည်နယ်တစ်ခု ဖြစ်သည့် ချင်ဟိုင်း ပြည်နယ် တွင်
ယနေ့ မနက်အစောပိုင်း ဒေသစံတော်ချိန် နံနက် ရး၄၉ တွင် အင်အား ၇.၁ မက်ဂနီကျူ အဆင့် ရှိ ငလျင်တစ်ခု လှုပ်သွား
ကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့ က သတင်းထုတ် ပြန်သည်။

ငလျှင်ကြောင့် လူ  ၇၀ ကျော် သေဆုံးခဲ့သည် ဟု ဆင်ဟွာ သတင်း ဌာန က သတင်းထုတ် ပြန်သည်။ငလျှင်လှုပ်သည့်ဒေ
သသည် တိဘက် နယ်စပ် နှင့် နယ်ပြီး တိဘက် လူမျိုး အများဆုံးနေထိုင်သည်။

ငလျှင် ၏  ဗဟိုချက်မှ သည် မိုင်၁၅၀အထိ ရှိသည် ဟုသိရသည်။ငလျှင်ငယ်များသည် ပင်မငလျှင်ကြီး
လှုပ်ပြီး နာရီ အတန်ကြာအထိ တိဘက် နှင့် ဇင်းကျန်း နယ်စပ် များတွင် ရစ်ခ်ျတာစကေး ၅.၇ ထက်မနည်း
ငလျှင် များ ဆက်လက်လှုပ်ခဲ့သည် ။

ငလျှင် လှုပ်ခတ်ခဲ့သည့် နေရာ အချို့ သည် တရုတ်ပြည်၏ ကုန်းတွင်းပိုင်း ဒေသများဖြစ်သောကြောင့်
သေဆုံးမှု စာရင်း အတအကျ မသိရသေး ဟု တရုတ် ငလျှင် နှင့် သဘာဝ ဘေးဒဏ် ကာကွယ်ရေးဌာန
ကပြောသည်။

ငလျှင်လှုပ်ခတ်ခဲ့သည့် နေရာသည် တိဘက် ပြည် နှင့် နီးပြီး တောင်ထူထပ် သည့် ထိုဒေသတွင်  လူဦးရေရှစ်သောင်းကျော်
နေထိုင်သည်။ငလျှင် ကြောင့် မူလတန်း ကျောင်းများလည်း ပြိုကျခဲ့ရာ စာသင်ကြားနေသည့် ကျောင်းအချို့ ပြိုကျခဲ့ပြီး
ကျောင်းသားအချို့ မှာ ပြိုကျပျက်စီးနေသည့် ကျောင်းဆောင် များ အောက်တွင် ပိတ်မိနေသည် ။

၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ် တွင် လှုပ်ခတ်ခဲ့သော ငလျှင်ကြောင့် လူတစ်သိန်းနီးပါးသေဆုံးခဲ့သည်။
ငလျှင် ဗဟို ချက် နေရာ ရှိသည် ဂီဂါမြို့ ငယ်လေးရှိ လူနေ အိမ် ၈၅ ရာခိုင်နှုန်းမှာ ပျက်စီးသွားသည် ။

တရုတ် ဗဟိုအစိုးရက ငလျှင်လှုပ်ခတ်သည့် ဒေသများသို့ အရေးပေါ် အကူအညီ များစေလွှတ်ပြီး ရွက်ဖျင်တဲ
၅၀၀၀ နှင့် အနွေးထည် ငါးသောင်းပေးပို့ သွားမည် ဟု သိရသည်။ငလျှင် ဒဏ်ကြောင့် ထိုဒေသရှိ ဆက်သွယ်
ရေးစနစ် များ ပျက်စီးသွားကာ ဓာတ်အားပေး စနစ်များ လည်း ပြတ်တောက်နေ သည်။

ငလျှင်ကြောင့် ပြိုကျခဲ့သည့် အဆောက် အဦများသည် ငလျှင် ဒဏ်ခံ နိုင်ရန် ဆောက် လုပ်ထားခြင်း မရှိဟု
သိရသည်။

Qunghai province

Population: 5 million
People: 44 ethnic groups, including Tibetans and Mongols
Average elevation: Over 3,000 meters above sea level
Geography: Qilian Mountains, the Qingnan Plateau and the source of the Yangtze, Mekong and Yellow Rivers
GDP: US$3.2 billion; average GDP per capita US$639
Industries: Agriculture, hydropower, oil and natural gas

Source: China Internet Information Center