အိန္ဒိယ နှင့် ဘင်္ဂလား ဒေရှ် တွင် ဆိုင်ကလုန်း မုန် တိုင်းကြောင့် လူ ၁၂၀ ကျော် သေဆုံး ၊ လေးဆယ် ပျောက်ဆုံး၍ ကိုးရာကျော် ဒဏ်ရာရ

အနောက်ဘင်္ဂလားပြည်နယ် အသူရကာ ကျေးရွာတွင် မုန်တိုင်းကြောင့် အပျက်အစီးများ ကြားဆော့ကစားနေသည့် ကလေးတစ်ဦး ဓာတ်ပုံ - Photograph: Rupak de Chowdhuri/Reuters

(LIVE)အိန္ဒိယ နိုင်ငံ အရှေ့ ပိုင်း ရှိ အနောက်ဘင်္ဂလား ပြည်နယ်၊အာသံ  နှင့် ဘီဟာ ပြည်နယ် အပါအ၀င် ဘင်္ဂလား
ဒေရှ့်  နိုင်ငံတွင်  ဆိုင်ကလုန် မုန်းတိုင်း တိုက်ခတ်မှုကြောင့် လူ ၁၂၀ ကျော်သေဆုံးသည် ဟု သတင်း
ရရှိသည်။မုန်တိုင်းသည် ၁၄ ရက်နေ့ ည နှင့် ၁၅ ရက်နေ့ မနက်တွင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

တစ်နာရီ လျှင် မိုင် ၁၂၀ ထိရှိသည့် လေတိုက်အား ကြောင့် အိန္ဒိယ နိုင်ငံ နှင့် ဘင်္ဂလားဒေရှ့် တွင်အဆောက်အဦ
ခြောက်သောင်းခန့် ပျက်စီးပြီး သစ်ပင် များလည်း အမြစ်မှ ကျွတ်ထွက် ကုန်သည် ဟု သိရသည်။

ဘင်္ဂလားဒေရှ် နိုင်ငံတွင် ရဲအရာရှိ တစ်ဦး အပါအ၀င် လူငါးဆယ်ကျော် သေဆုံးသည်။အိန္ဒိယ နိုင်ငံ ဘီဟာ
ပြည်နယ်တွင် လူ ၆၀ ကျော် သေဆုံးသည်။ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက်မည့် သတင်း ကို အိန္ဒိယ မိုးလေဝ
သ ဌာန ကကြိုတင် သတိပေးခဲ့သော် လည်း ဘီဟာပြည်နယ် သားအချို့ က လစ်လျှုရှုခဲ့ကြသည်။