Bomb Bring Death To Burmese New Year Celebration (VIDEO)

ဟိန်းခိုင်ထွန်း၊ ၊သင်္ကြန် အတက်နေ့ က ဗုံးပေါက်ကွဲ ခဲ့မှု သည် မြန်မာ စစ်အစိုးရ ၏ လက်ချက် မဖြစ် နိုင်ကြောင်း
ရန်ကုန် အခြေစိုက် အနောက်တိုင်းသံတမန် တစ်ဦး နှင့် သင်္ကြန် အတက်နေ့  သံရုံးရေကစား မဏ္ဍပ်
တွင် တွေ့ ဆုံစဉ် Freedom News Group သို့ ပြောသည်။
ထိုသံတမန်က ကျွန်တော့် အမြင်အရ ပြောရရင် တော့ နိုင်ငံရေး လှည့်ကွက် တစ်ခုလို့ လဲ မထင်မိဘူး
ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ကရွေးကောက်ပွဲ ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်။သူတို့ ယုံ
ကြည်တဲ့ အယူအဆ အရ နှစ်သစ်မှာ ဘယ်လို မကောင်းတဲ့ အတိတ် နိမိတ် မျိုးတွေ ကို ဖြစ်လာမှာ ကို လိုချင်ပုံ ရှိမှာ မဟုတ်ဘူး။
အများထင်သလို ရန်ကုန် သင်္ကြန် မစည်စေချင်ရင် လဲ သူတို့ မှာ မစည်အောင်လုပ်လို့ ရတဲ့ နည်းတွေ
ရှိတာပဲ။ ဗုံးခွဲ မှာမဟုတ်ဘူး ထင်တယ် လို့ အနောက်တိုင်း သံတမန် တစ်ဦးက ပြောသွားခြင်း ဖြစ်သည်
ယမန်နေ့ က ဗုံးဖောက်ခွဲခြင်း သည် နိုင်ငံရေးအရ လှည့်ကွက်တစ်ခု ဖော်ဆောင် နိုင်ရန် စစ်အစိုးရက
စီစဉ် သည် ဟူသည့် ယူဆချက် နှင့် ပတ်သက်၍ ဥရောပ သံတမန် တစ်ဦးက မူ “ဒီလို ဖြစ်ရပ်မျိုးတွေ
နဲ့ ပတ်သက်ပြီး အစိုးရ ကိုယ်တိုင်က ဟိုလူ့ လွှဲချ ဒီလူ့ လွှဲချ ရှိခဲ့တယ် ။၂၀၀၅ ခုနှစ်က လူတွေ အမြောက်
အမြားသေတဲ့ ကိစ္စမျိုးမှာတောင် လက်သည် ကို မဖော် နိုင်ဘူး ဒီလဆန်း ပိုင်းက ဗိုလ်ချုပ် မောင်အေး ရဲ့ 
ခရီးစဉ်မှာ အကြမ်းဖက်သမားတွေ က ရွေးကောက်ပွဲ ကိုခြိမ်းခြောက် တိုက်ခိုက်လာ နိုင်တယ်ပြောခဲ့တယ်။
ဒါဆိုရင် မေးခွန်းထုတ်စရာရှိတာ က အကြမ်းဖက်သမားတွေ က ပြည်သူကို ပဲ ခြိမ်းခြောက်ပြီး အစိုးရကို
မခြိမ်းခြောက် နိုင်ဘူးလား ၊နေပြည်တော်မှာ ဗုံးမခွဲ ပဲ နဲ့ ဘာလို့  ကားမောင်းသင်တန်း ကျောင်းနားမှာ လာ
ခွဲ ရတာလဲ ။ဒါတွေ အားလုံးက ပဟေဋိ ဖြစ်စရာတွေ ပဲ။ပွင့်လင်းမြင်သာမှု မရှိ တဲ့ အစိုးရအောက်မှာ ပြည်သူ
တွေ က ကောလဟာလ နဲ့ နပန်း လုံးနေရမှာပဲ ဟု Freedom News Group သို့ ပြောသည်။
ရန်ကုန် အခြေစိုက်သံတမန်များက ထိုကဲ့သို့ သုံးသပ်သော်လည်း ရန်ကုန်မြို့ ခံ ထက်ဝက်ကျော် နှင့်
အတိုက်အခံ နိုင်ငံရေးသမား အချို့ ကမူ စစ်အစိုးရ လက်ချက် ဟု သာ ယုံကြည်ကြသည်။
ရန်ကုန်မြို့ မှ နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦး ဖြစ်သူက ဗိုလ်နေ၀င်း လက်ထက်ကစပြီး စစ်တပ်
က လူထု အုံကြွှမှု တွေ ၊နိုင်ငံရေး အကျပ်းအတည်း တွေ ဖြစ်လာတော့မယ် ဆိုရင် အမြဲတမ်း အသုံးပြု
တဲ့ မဟာ ဗျူဟာ သုံးခုရှိတယ်။ တစ်က လူမျိုးရေး ၊နှစ်က ဘာသာရေး နေ့ ၊သုံးက ဗုံး ပဲ ..
ဗိုလ်နေ၀င်း နဲ့ ဗိုလ်ခင်ညွှန့် လက်ထက်မှာဆိုရင် လူမျိုးရေး နဲ့ ဘာသာရေးကို ရဲရဲ တင်းတင်း အသုံးချတယ်။
ဘာဖြစ် လို့ လဲ နောက်မှာ အားကောင်းပြီး သပ်လျှိုသွေးခွဲ နိုင် တန်ပြန် ၀ါဒဖြန့် နိုင်တဲ့ ထောက်လှမ်းရေး စနစ်ရှိတာကို ဒါပေမယ့် လက်ရှိ ဗိုလ်သန်းရွှေ လက်ထက်မှာတော့ ဒီအချက် အားနည်းသွားတယ် ဒါကြောင့်
သူက SHOCK and Awe လျှပ်တစ်ပြက် နဲ့ အငိုက်မိ ၊အရှိုက် ထိ အော်ပရေးရှင်း တွေ ကိုပဲ ရေလဲ နဲ့  သုံးလာ
တယ် ဘယ်လို အချိန်မှာ သုံးလဲ ဆိုတော့ လူထု ကို ရော အတိုက်အခံကို ရော ၊အတွင်းရန် ကို ရောခြောက်လှန့် ချင်တယ့် အချိန်မှာ သုံးတယ်။
အငြိမ်းစား စစ်တပ် အရာရှိ တစ်ဦး ကလည်း ဒီလို ဗုံးခွဲ ဖို့ ဆိုတာ စစ်ရေးအမြင် အရ ဆိုရင် လုံခြုံရေးစည်းတွေ
ကို အထပ်ထပ် ဖြတ်လာရတာ စစ်တပ်က လုံခြုံရေး တင်းကျပ်ထားတယ် ဆိုတော့ လုံခြုံရေးစည်းတွေ ကို အများ ကြီး ဖြတ်ရတာ ပေါ့ ဒီစည်းတွေ ကို ဘယ်သူ ဖြတ်လာ နိုင်မလဲ သေချာသေချာ လေ့ကထားတဲ့သူမှသာ ၀င်လို့ ရမယ် ချောချော ချူချူ ထွက် လို့ ရမယ် ။ အဲဒီလို စည်းတွေ ကို ၀င်နိုင်ထွက် နိုင်တာ ခင်ဗျားတို့ 
ဘယ်သူထင်လဲ ကျွန်တော်ကတော့ နောက်က သေသေချာချာ လေ့ကျင့်ထားတဲ့ အင်စတီကျူးရှင်း မရှိ တဲ့
အဖွဲ့ က မလုပ် နိုင်ဘူးပဲ ထင်တယ် ဟု ထိုအရာရှိက ပြောသည်။
ဗဟန်း ၃ လမ်း ရှိ အိမ်ရှင် မတစ်ဦးက မူ ကန်တော်ကြီးက အယ်လို ပဲ အဒေါ်တို့  အဖိုးအဖွားတွေ လက်ထက်
ကတည်းက ပွဲလုပ်ရင် ကန်တော့ပွဲ ကို ခုနှစ်ရက်တစ်ပတ် ပေးထားရတယ်။ကရ၀ိတ် တို့ ကဆို ကလေးတစ်ယောင် တောင်
စတေးရတယ်ပြောကြတာပဲ။အမေကတော့ ကန်တော်ကြီးက မင်းစိန် မင်းသိန် သိုက်က အစောင့်ပြောင်း လို့ လဲတာပဲ ထင်တယ် ဟု အသက် ၆၀ အရွယ်ရှိ အမျိုးသမီး တစ်ဦးက သူ့ အတွေ့ အကြုံကိုပြောသည်။
နေပြည်တော်ရှိ ၀န်ကြီးဌာန မှ အစိုးရ အရာရှိ တစ်ဦးကမူ မြန်မာ နိုင်ငံရေး အခြေအနေ သည် ရှုပ်ထွေး၍ မိမိ နားမလည်ကြောင်း
သို့ သော်လည်း စစ်တပ် အနေ ဖြင့် ထိုသို့ လုပ်လိမ့်မည် မဟုတ် ဟု ဆိုသည်။
ရွှေဝါရောင်တော် လှန်ရေးတွင် ပါဝင်ခဲ့သည့် လူငယ်တစ်ဦးကမူ ဘုန်းကြီးတောင် သေနတ် နဲ့ ပစ်ပြီး ခြေထောက် နဲ့ ပိတ်ကန်ရဲသေး
တဲ့ စစ်တပ် ပဲ ဒီလောက်တော့ ဆားတောင်ခပ် ရ အုံးမယ် လို့ သူ့ အမြင် ကို ပြောသည်။
သင်္ကြန် ရေကစားသူ အမျိုးသမီး ငယ်တစ်ဦးက ဗုံးပေါက်ကွဲ မှု တွင် သူမ၏ သူငယ်ချင်း တစ်ဦးလည်း ဒဏ်ရာရရှိပြီး
သူလည်း ကြောက်လန့် ၍ နောက်နှစ်များတွင် ပါ သင်္ကြန် တွင်း မဏ္ဍပ် မထိုင်တော့ ဘူးဟု ပြောသည်။
ဗုံးကွဲပြီးနောက် တစ်ရက် ဖြစ်သည့် သင်္ကြန် အတက်နေ့ မနက်တွင် ရန်ကုန် မြို့ ရှိ အာဏာပိုင် အသိုင်းအ၀ိုင်း နှင့် နီးစပ်သည့်
ရေကစားမဏ္ဍပ် များ တွင် လုံခြုံရေးများ တိုးမြှင့်ချထားသော်လည်း အများပြည်သူ မဏ္ဍပ် များတွင် မူ လုံခြုံရေးများချထား
ခြင်းမရှိ ဟု သိရသည်။
၂၀၀၅ ခုနှစ်က ကမ္ဘာအေး မဟာပါသန လှိုဏ်ဂူရှိ စွယ်တော် ဗုံးပေါက်ကွဲမှု သည် လည်း စစ်အစိုးရ၏ လက်ချက်ဟု
မြန်မာ ပြည်သူများ က ထင်မြင် သုံးသပ်ကြသည်။
၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ ရလာချိန်မှ စ၍ ယနေ့ ထိ ဗုံးကွဲမှု အကြိမ် ပေါင်း ၃၀၀ နီးပါးရှိပြီ ဖြစ်သော်လည်း
တရားခံများ ကို လက်ရ ဖော်ထုတ် နိုင်ခဲ့ခြင်းမရှိချေ။
၂၀၀၅ ခုနှစ် မေလက ရန်ကုန် ကုန်သွယ်ရေး ဗဟိုဌာန တွင် ပေါက်ကွဲခဲ့သည့် ဗုံးပြီးနောက် ယမန်နေ့ က ပေါက်ကွဲ
သည့် ဗုံးသည် လူအသေအပျောက် အများ ဆုံးဖြစ်သည်။

ပြည်သူတွေ မှာ အပြစ်မရှိပဲ နဲ့ အသက်ပေးပေးနေရတာ အလုပ်မဟုတ်ပါဘူး ..
အဆိုးပြီး ရင် တော့အကောင်းလာမှာပါ..
မြန်မြန်ကယ်တော့လည်း အမှတ်ယူချင်တယ်။ ဖြေးဖြေးကယ်ရင်လည်း စောက်အစိုးရ အသုံးမကျဘူးလို့ပြောမယ်…. မိုက်တယ်… တိုးတက်အုံးမယ်…..
Who have the bombs and Who can carry it to there
If it is anti government,why not carry to the fuckking NayPyiDaw or Pho La Pyi Stage.
It is very straight forward done by government who donot hesitate to kill regilional person.
Yes. I agree Hiddenmyan.
သံတမန်တွေက ဆောက်ရူးတွေပါ တေဇ မဏ္ဍပ် မှာတောင် ရေသွားပက်တာ
ဒီလုပ်ရပ်ကရှင်းပါတယ်။ အစိုးရက ကိုယ့်ဗုံးကိုယ်ခွဲတာပါ။ အချက်အလက်တွေကိုသေချာကြည့်ရင်သိနိုင်ပါတယ်။ ၁။အင်းယားလမ်းကနေ ကန်တော်ကြီးကိုရေကစားမဏ္ဍပ်ရွှေ့တာဟာ မရိုးသားပါဘူး။ ၂။ဗုံးပေါက်တဲ့နေရာဟာ လမ်ဆုံးနားမှာ ဖြစ်နေပါတယ်။ ဒါဟာသူတို့မြန်မြန်ကယ်ဆယ်နိုင်တယ်ဆိုတာကို အမှတ်ယူချင်လို့ဖြစ်မယ်လို့ထင်ပါတယ်။ ဘယ်အဖွဲ့ကိုလက်ညိုးထိုးမလဲဆိုတာစောင့်ကြည့်ရအုံးမှာပါ
ခများမြင်လို့ လား။။။။…အားနေ.သောက်ပစ်တွေပဲပြောနေ…