နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ

ယူကွန် ၊   ၊ သင်္ကြန်ကာလ အတွင်း ၎င်းရေးသားထားသည့် သီချင်းများအား အဆိုတော်များက ခွင့်မတောင်း
ပဲ သီဆိုခြင်း များရှိနေသည် ဟု သတင်းရသဖြင့် ကန်တော်ကြီးစောင်းတွင် ရုပ်ဖျက်၍ တီးဝိုင်းပါ
သော မဏ္ဍပ်များ အား လိုက်လံ ချောင်းမြောင်း သည့် နာမည်ကျော်တေးရေးဆရာ တစ်ဦးသည်
ဗုံးပေါက်ကွဲမှု မှ ကံအားလျှော်စွာ လွတ်မြောက်သွားသည် ဟု သတင်းရရှိသည်။

ဗုံးပေါက်ကွဲမှု မတိုင်ခင်က ထိုတေးရေးဆရာမှာ X2O မဏ္ဍပ် အရှေ့က ဖြတ်သွားပြီး
အထက်ပန်းဆိုးလမ်း ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် သို့ အသွား ထိုမဏ္ဍပ် မှ နှစ်
ခုကျော်ရှိ Black Culture မဏ္ဍပ် အရောက်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည် ဟုသိရသည်။

တေးရေးဆရာ ကံအား လျှော်စွာ လွတ်မြောက်သွားမှု နှင့်ပတ် သက်၍ နာမည်ကျော် ရောခ် အဆိုတော်
တစ်ဦးက ထိုကဲ့သို့ သက်စွန့် ဆံဖျားမလုပ်ရန် နှင့် အဆိုတော်တို့ မည် သည် ဈာန်ရလာသော အခါခံစားမိသည့်
သီချင်း နှင့် ပရိသတ် ပွဲတောင်းသည့် သတင်း ကို ရည်ရွယ်မထားပဲ ဆိုမိ မည် ကို နားလည်ထားဖို့ လိုကြောင်း
Freedom News Group သို့ ပြောသည်။

တေးရေးဆရာများ စုဖွဲ့ ထားသည့် MCLC Co.,Ltd (ဂီတ အနုပညာထုတ်ဝေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း)
အဖွဲ့ မှ သင်္ကြန်ကာလအတွင်း အဆိုတော်များ ခွင့်တောင်းပြီး (သို့ မဟုတ်) အနုပညာကြေးညှိုနှိုင်းပြီးမှ
သီဆိုရန် သတင်းထုတ် ပြန်ထားသော် လည်း အချို့ အဆိုတော်များက ခွင့်မတောင်းပဲ သီဆိုမှု ပြုသော
ကြောင့် ထိုကဲ့သို့ လိုက်လံကြည့်ရှု ရခြင်းဖြစ်သည် ဟု ပြောသည်။

MCLC အဖွဲ့ သည် သင်္ကြန်ကာလ အတွင်း ရန်ကုန် အပါအ၀င် မန္တလေး နှင့် နေပြည်တော်တွင်လည်း
ထိုကဲ့သို့ လိုက်လံစုံစမ်းမှု ပြုသည် ဟု သိရသည်။တေးရေးဆရာ များက ၎င်းတို့ ၏ သီချင်းများကို ကြို
တင်ခွင့်တောင်းပြီးမှ သီဆိုရန် ပြောထားသော်လည်း အဆိုတော် အချို့ က လိုက်နာမှု မရှိဟုပြောသည်။

MCLC အဖွဲ့ ဝင်များ ရေးသားထားသည့် သီချင်းများ အား ခွင့်မတောင်းပဲ သီဆိုပါက ဗီဒီယိုမှတ်တမ်း
ရိုက်ယူလာပြီး သတင်းစာ နှင့်ဂျာနယ် များ တွင် ထည့် သွင်းဖော်ပြမည် ဖြစ်သည်။

သင်္ကြန် အကြတ်နေ့ ညနေ သုံးနာရီက ကန်ပတ်လမ်း နှင့် မျှော်စင်ကျွန်း ၀င်ပေါက် အနီးရှိ X2O မဏ္ဍပ် အနီး
တွင် ဗုံးသုံးလုံးပေါက်ကွဲ ခဲ့၍ လူ၂၈ ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်း(တေးရေးဆရာ နှင့် အဆိုတော် တို့ ၏ ပဋိပက္ခ ပိုမိုပြင်းထန်လာ)

3 thoughts on “နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ

  1.ုကျော်စွာ :

    ကိုလွင် ခင်ဗျား ဆရာကြီးလူထုစိန်ဝင်းက အပြစ်မဲ့ပြည်သူတွေကို ထိခိုက်အောင်လုပ်တာကို ရှုတ်ချကြောင်း မနေ့ က ဘီဘီစီ မှာပြောသွားပါတယ်ခင်ဗျာ

  2. ကိုကျော်စွာ ခင်ဗျား ဆရာကြီးလူထုစိန်ဝင်းက အပြစ်မဲ့ပြည်သူတွေကို ထိခိုက်အောင်လုပ်တာကို ရှုတ်ချကြောင်း မနေ့ က ဘီဘီစီ မှာပြောသွားပါတယ်ခင်ဗျာ

  3. ဗုံးကွဲ တာနဲ့ ပတ်သက်ပြီး ဆရာကြီး လူထု စိန်ဝင်း ကို မီဒီယာာတွေက မမေးကြဘူးလား၊ဆရာကြီးကလည်း ဘာမှ မပြောပဲ နှုတ်ဆိတ်နေပါလား ဆရာကြီး လည်း ငြိမ်ချက်သားကောင်းလှချဉ်လား

Comments are closed.