မန္တလေးမြို့ တွင် မိုးသက် လေပြင်းတိုက်သောကြောင့် မဏ္ဍပ်များ ပြိုလဲ ၊ရန်ကုန်တွင် ၁၉ လောင်းပြိုင် အသုဘ အခမ်းအနား ရေဝေး သုသာန် တွင် ကျင်းပ

ယမန်နေ့ က ဗုံးပေါက်ကွဲခဲ့သော်လည်း အသင်္ကြန် အတက်နေ့ ကပြန်လည်ရေကစားနေသည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ
ယမန်နေ့ က ဗုံးပေါက်ကွဲခဲ့သော်လည်း အသင်္ကြန် အတက်နေ့ ကပြန်လည်ရေကစားနေသည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ

5:40 PMခါးသီးသော အာဏာရှင်စနစ်ကြောင့် ပြည်သူများက  ဒူးနဲ့ မျက်ရည် သုတ်ပြီး ကြိုဆိုရသည့်
မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ဤတွင်ပြီး၏

5:30 PMပူဆွေး၊၀မ်းနည်းရမှု ၊သောကဗျာပါဒ တို့ ဖြင့် မြန်မာ့ သမိုင်းတစ်လျှောက် ပြည်သူတို့ ပျော်ရွှင် မှု ကင်းမဲ့ရသည့် သွေးစွန်းသော အတာ သင်္ကြန် နှစ်သစ်ကူးသည် ပြီး ဆုံးပြီး ဖြစ်သည်။

5:15PM ယမန်နေ့ ကသေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ ကို ရေဝေးသုဿာန် သို့ ပို့ ဆောင် သဂြိုလ်

3:20 PMရန်ကုန်မြို့ ရှိနေ ရာအချို့ တွင် ဗုံးလန့် မှုများရှိ

မန္တလေးမြို့ တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်

မန္တလေး မြို့ တွင် လေပြင်း တိုက်ခတ်သောကြောင့် မဏ္ဍပ် များ ပြို လဲ (Source : Weekly Eleven)

အတက်နေ့ နေ့ လည် ကန်ပတ်လမ်းတွင် ပြန်လည် ရေကစားသူများရှိသော်လည်း ယခင်နေ့ များကဲ့သို့ လမ်းလုံး
ပြည့်မျှ မရှိတော့

(ယမန်နေ့ က ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကို ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် လည်ပတ်
သူများမှာ အနက်ရောင် ဖက်ရှင်များ ဆင်မြန်းထားကြသည်)

ယမန်နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် လူနှစ်ဆယ်ကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာပြင်းထန်စွာ
ရရှိသော် လည်း ယနေ့  သင်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် လည်ပတ်သူများဖြင့် ပြန်
လည်စည်ကားလာသည် ဟု သိရသည်။မဏ္ဍပ်တွင် ရေပက်သူများ မှာ နည်းပါးသွားပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များတွင် ရေပက်
သူများ ယနေ့ မနက် ၁၀း၁၅  နာရီ အထိ လာရောက်မှု လွန်စွာနည်းပါးသည် ။

ရန်ကုန် မြို့ စမ်းချောင်း မြို့ နယ်မှ သင်္ကြန် လည်ပတ်သူ တစ်ဦးက ကျွန်တော် တို့ က ကားငှားထားတာ
နဲ့ တန်အောင် ထွက်တာ နဲနဲ တော့ ခြောက်ခြောက် သွေ့ သွေ့ ကြီး ကန်တော်ကြီး စောင်းမှာ ဟိုနေ့ တွေ
ကလောက် မစည် ဘူး ။ မနေ့ က ဗုံးကွဲ လို့ ဘယ်သူမှ မလာရဲ ဘူး။တစ်ချို့ လဲ အိမ်က ပေးမလွှတ်တော့
ဘူး ဟု Freedom News Group သို့ ပြောသည်။

ယခင်နေ့ များ က ကန်ပတ်လမ်းတွင် အရက်၊ဘီယာ ၊စီးကရက် ရောင်းချသူ များ အား ရဲ နှင့် လုံခြုံရေး
အဖွဲ့ ဝင်များက ယနေ့ ရောင်းချခွင့် မပေးတော့ ဟု သိရသည်။