မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးရွာသွန်း နိုင်

ဧပြီ လ ၁ရက်နေ့ မနက် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အတွင်း စတင်နေသည့်
လေဖိအားနည်းရပ်ဝန်း သည်နောက် နှစ်ရက် အတွင်း မြောက်ပိုင်း သို့ တဖြည်းဖြည်းချင်းရွှေ့ လျှား
လာက ထိုလေဖိအားနည်း ရပ်ဝန်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်မှု အဆင့်အရ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း
နှင့် မွန်ပြည်နယ်တွင် ဧပြီလ ၂၂ ရက်နေ့ မှ စ၍ လေးရက်ခန့် မိုးရွာသွန်း နိုင်သည် Freedom Weather
Forecast  မှ သတင်းထုတ်ပြန်ထားသည်။

လေဖိအားနည်း ရပ်ဝန်းကြောင့် အချို့ နေရာများ တွင် မိုးသည်းထန်စွာရွာသွန်း နိုင်သည်။မိုးရွာသွန်းစ
တွင် ရာသီဥတု အပူရှိန်ကြောင့် မိုးကြိုးပစ်ခြင်း၊လေပြင်းထန်စွာ တိုက်ခြင်း တို့ ကို ကြုံတွေ့ နိုင်သည်။

မိုးစတင်ရွာသွန်းခါစတွင် မိုးခြိမ်းသံများ ပါဝင်လာပါက ကွင်းပြင် နှင့် အဆောက်အဦး ကြီးကြီးမားမားမရှိ
သည့် နေရာများတွင် မနေပဲ နီးရာ နီးရာ အဆောက်အဦ သို့ ဝင်ရောက် အကာအကွယ်ယူရန် Freedom
Weather Forecast  မှ သတင်းထုတ်ပြန်ထားသည်။

ထိုလေဖိအား နည်းရပ်ဝန်းသည် အားကောင်းသော မုန်တိုင်းအဖြစ် နောက်ငါးရက်အတွင်းဖြစ်မလာ နိုင်
သေးဟု သိရသည်။ရှေ့ တစ်ပတ် အတွင်းရွာသွန်းမည် မိုးသည် မြန်မာ နိုင်ငံ၏ မုတ်သုန် မိုးကာလ နှင့် ဆက်
စပ် နိုင်မှု မရှိသေးဟု သိရသည်။

ဧပြီလ ၁၄ နှင့် ၁၅  ရက်နေ့ က တိုက်ခတ်ခဲ့သောဆိုင်ကလုန်း မုန်တိုင်းကြောင်း အိန္ဒိယ နှင့် ဘင်္ဂလား
ဒေရှ် နိုင်ငံများတွင် လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး လူ တစ်သောင်း ကျော် အိုးမဲ အိမ်မဲ့ ဖြစ်ခဲ့သည်။