ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ

ဧပြီလ ၁၅ ရက်နေ့ ညနေ သုံးနာရီ ရန်ကုန် မြို့ ကန်တော်ကြီး အနီးရှိ သင်္ကြန်ရေကစား နေသည့်
မဏ္ဍပ် တစ်ခု အနီးတွင် ဗုံးပေါက်ကွဲမှုသည် နယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်လွတ်
မြောက်နယ်မြေ ၊NCUB ၊မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ် တပ်ဦး(ABSDF)
နှင့် အမျိုးသား ညွှန့် ပေါင်းအစိုးရ တို့ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာ တွင် စွပ်ဆွဲ ဖော်
ပြထားသည်။

သင်္ကြန် ဗုံးပေါက်ကွဲမှု အတွက် အမျိုးသားညွှန့် ပေါင်းအစိုးရ ၀န်ကြီးချုပ်  ဒေါက်တာစိန်ဝင်းက ငွေကြေး
စိုက်ထုတ်ပေးခြင်းဖြစ်ပြီး NLD ဗဟို အလုပ်အမှု ဆောင် ဦးညွှန့် ဝေ ၏ သား  ဦးမောင်မောင်က စီစဉ်ခြင်း
ဖြစ်သည် ဟု ဆောင်းပါးရှင် ဦးပြေကျော် ကရေးသားထားသည်။

ထိုကဲ့သို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် ဆက်စပ်နေသည့် ပြည်ပ အဖွဲ့ အစည်း များကို လူကိုးဦး
သေဆုံးသည့် ဗုံးတရားခံ ဟု စွပ်ဆွဲထားခြင်းသည် မတ်လ ၂၉ ရက်နေ့ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ 
ချုပ် ၏ ရွေးကောက် ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် ကို နအဖ မှ အညှိုးထားပြီး ပါတီ အား သိက္ခာချ ရန် ရည်ရွယ်
ကြောင်း အဖွဲ့ ချုပ် အဖွဲ့ ဝင် တစ်ဦးက Freedom News Group သို့ ပြောသည်။

နအဖ စစ်အစိုးရ အာဘော် သတင်းစာ မှ စွပ်ဆွဲ ထားသလို သင်္ကြန် ဗုံးပေါက်ကွဲ မှုများသည် ထို အဖွဲ့ အစည်း
များ၏ လက်ချက် မဟုတ်ကြောင်း သက်ဆိုင်ရာ  အဖွဲ့ များ မှ တာဝန် ရှိသူ များက ပြန်လည် တုံ့ ပြန်ကြသည်။

အဆိုပါ ဗုံးဖောက်ခွဲ မှု ၏ အဓိက တရားခံ မှာ စစ်အစိုးရ သည် ဖြစ်သည် ဟု ပြည်သူများကလည်း ယူဆကြသည်။
နအဖ သတင်းစာ ပါ စွပ်ဆွဲ ချက် များ သည်  ကျိုးကြောင်း ဆီလျှော် မှု မရှိ သည့် ပြင် အမြစ်လည်း မရှိ ဟု
ဝါရင့် နိုင်ငံရေးသမား တစ်ဦးက ပြောသည်။

2 thoughts on “ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ

  1. မိုးသီးတောင် သူ့ နာမည် မပါ လို့ ထိုင်ငိုနေတယ်။

Comments are closed.