အမျိုးသား ညီညွှတ်ရေး ကို ပြိုကွဲစေမည့် နိုင်ငံရေး အကျပ်အတည်း အား ထိုင်းဘုရင် ကြားဝင်ဆောင် ရွက်ပေးရန် ချာဗလစ် နှင့် ဆွမ်ချိုင်း တို့ က တောင်းဆို

ထိုင်းဝန်ကြီးချုပ် ဟောင်းချာဗလစ် ယောင်ချိုင်ယု Photo : The Nation

ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်း ဆောင်ခဲ့ဖူးသည့် ချာဗလစ် ယောင်ချိုင်ယု နှင့် ဆွမ်ချိုင်း ဝေါင်
ဆ၀တ် တို့ နှစ်ဦးက အနီဝတ် (အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး ) နှင့် အဘီဆစ် ၏ ညွှန့် ပေါင်း
အစိုးရကြား ဖြစ်ပွားနေသည့် မပြီးဆုံးသေးသည့် သွေးမြေကျ ပြဿနာ များ ကို တော်ဝင် မိသားစု အနေဖြင့်
ဝင်ရောက်ဖြေရှင်း ပေးရန် ယနေ့ တောင်း ဆိုလိုက်သည်။

ဒဏ်ရာရ စစ်သားများအားသွားရောက် တွေ့ ဆုံအားပေးနေသည့် ထိုင်း ဘုရင်မကြီး သီရီခေတ် Photo - Bangkok Post

ဆွမ်းချိုင်း နှင့် ချာဗာ လစ် တို့ ၏ အချက် ငါးချက်ပါ  တောင်ဆိုကြေညာချက် တွင် လွှတ်တော်ဖျက်သိမ်းရေးနှင့် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာချက် ဥပဒေ တို့ ကိုပြန်လည် ရုပ်သိမ်းရန်လည်းပါသည်။စစ်တပ် နှင့် လုံခြုံရေး တပ်ဖွဲ့ များ အနေဖြင့် နိုင်ငံသားများ အပေါ် သေကြေဒဏ်ရာရမှု ဖြစ်အောင် မလုပ်ရန်လည်း ထည့်သွင်းဖော်ပြထားသည်။

ထိုင်း ဘုရင်ဘူမိဘော အားကြားဝင်ဆောင် ရွက်ပေး ရန် တောင်း ဆိုသည့် အဆိုပါ ၀န်ကြီးချုပ် နှစ်ဦးစလုံးသည်၂၀၀၆ ခုနှစ်က ရာထူးမှ ဖယ်ရှားခံ ရသည့် ထိုင်း ၀န်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝါထရာ နှင့် နီးစပ်သူများ ဖြစ်သည်။ ချာဗလစ် သည် သက်ဆင် က အနီဝတ် များ အား ထောက်ပံ့သည့် ငွေကြေးများ အား သူ ၏ ဘဏ်စာရင်း မှ တစ်ဆင့် လွှဲပြောင်း ပေးသည် ဟု ထိုင်းမီဒီယာများကဖော်ပြဖူးသည်။

၂၀၀၈  ခုနှစ်က အခြေခံဥပဒေဆိုင်ရာ တရားရုံးက ၀န်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရသည့် ဆွမ်ချိုင်းဝမ်ဆ၀တ် သည် သက်ဆင် ၏ ယောက်ဖတော် စပ်သူ ဖြစ်သည် ။၎င်း တို့ နှစ် ဦးစလုံးသည် လက်ရှိ အနီဝတ် များ၏အစိုးရဆန့် ကျင်ရေး ဆန္ဒပြ ပွဲများ တွင် အားပေးအားမြှောက် ပြုနေသူများ ဟု လည်း PAD ခေါင်း
ဆောင် များကစွပ်ဆွဲ ထားသည်။

ချာဗလစ် ယောင်ချိုင်ယု သည် စစ်တပ် ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးဖြစ်ကာ ၂၂ ဦး မြောက် ထိုင်းဝန်ကြီးချုပ်
တစ်ဦး ဖြစ်ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်သည်။

အသက် ၈၂ နှစ် ရှိပြီ ဖြစ်သည့် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် သည် ယမန် နှစ်ကတည်းက ဆီရီယပ် ဆေး ရုံတွင် တက်ရောက် ကုသခံနေရသည်။ ဆွန် ခရန် ပွဲတောက် ကာလ တွင်း လူ ၂၁ ဦးသေဆုံးခဲ့သည့်
အနီဝတ်များ နှင့် ထိုင်းစစ်တပ် တို့ ၏ ပဋိပက္ခတွင် ဒဏ်ရာရရှိသည့် စစ်သားများ နှင့် သေဆုံးခဲ့သည့် ဗိုလ်မှုး
ကြီး တစ်ဦး၏ မိသားစုများကို မိဘုရားကြီး သီရီခောတ် က သွားရောက်တွေ့ ဆုံ အားပေးခဲ့သည်။
မေလ ထဲတွင် နန်းသက် ၆၅ နှစ် ပြည့်မြောက်တော့မည့် ထိုင်းဘုရင်သည် ထိုင်း နိုင်ငံရေး ဉ် သြဇာ သက်ရောက် သူ တစ်ဦး ဖြစ်သည်။

တစ်လကျော်ကြာ ဖြစ်ပွားနေသည့် ထိုင်းဆန္ဒပြပွဲ များ တွင် လူ ၂၁ ဦးသေဆုံးပြီး တစ်ထောင် နီးပါးဒဏ်
ရာရ ရှိသော် လည်း ပြီးဆုံးခြင်း မရှိသေးသဖြင့် ထိုင်း ခရီးသွားလုပ် ငန်းနှင့်စီးပွားရေး မှာ နေ့ စဉ် ဘတ်ငွေ
သန်း နှစ်ရာ ကျော် ဆုံးရှုံးနေသည် ဟု နေရှင်း သတင်းတွင် ဖော်ပြထားသည်။

အဘီဆစ် ၏ ညွှန့် ပေါင်း အဖွဲ့ ထဲ ရှိ ပါတီငယ် အချို့ နှင့် ထိုင်း စစ်ဦးစီးချုပ် အနုပေါင် ပိုချင်ဒါ က လည်း လွှတ်တော် ဖျက်သိမ်းပေးရန် အဘီဆစ်ကို
တိုက်တွန်းထားသည်။

ဆက်စပ်သတင်း(ဒီမိုကရတ် ပါတီ ဖျက်သိမ်း ပြီး အဘီဆစ် နိုင်ငံရေး လုပ်ခွင့် ငါး နှစ် ပိတ်မည်)