နိုင်ငံရေး(စစ်အစိုးရ ဆန့် ကျင်ရေး) နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ နှင့် မိမိ ရိုက်ကူးထားခြင်း
မဟုတ်သော ဓာတ် ပုံများ အား နိုင်ငံရေး အလို့ ငှာယူငင်သုံးစွဲ ခြင်း မပြုရန် ကာယကံ ရှင် နှင့်
ရန်ကုန်မြို့ ရှိ နိုင်ငံခြား သတင်း ထောက် တစ်ဦး တို့ က Freedom News Group သို့ ပြောသည်။
မဟာသင်္ကြန် အကြို နေ့ မတိုင်ခင်က ရန်ကုန်မြို့ ရှိ လူငယ်များ ပန့် ခ် ဖက်ရှင်ဆန်းများဖြင့်
ဆင်မြန်းကာ လည်ပတ်နေ သည့် ဓတ်ပုံ အား အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံရေး
သမား တစ်ဦး၏ ဘလောက်တွင် စစ်အစိုးရ ဆန့် ကျင်ရေး အာဘော်များ နှင့် ယှဉ်တွဲပြီးဖော်
ပြ ထားခဲ့သဖြင့် ထိုလူငယ်များ အား အာဏာပိုင်များ က ယမန်နေ့ က စုံစမ်းစစစ်ဆေးမှု ပြု
လုပ်ခဲ့သည် ဟု သတင်းရရှိသည်။
အဆိုပါ ဓာတ်ပုံ သည် မြန်မာ နိုင်ငံရှိ AP ဓာတ်ပုံသတင်း ထောက် ခင်မောင်ဝင်း ရိုက်ကူးထား
သော ဓာတ်ပုံဖြစ်ပြီး ထိုဓာတ်ပုံ ကိုပြန်လည် တည်းဖြတ်၍ အဆိုပါ ဘလောက် တွင် ဖော်ပြထား
ခြင်းဖြစ်သည်။
ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းထောက် တစ်ဦးက “ဒီဓာတ်ပုံ က AP သတင်းဌာနက ဓာတ်ပုံလေ
စီးပွားရေး အရ မဟုတ်ပဲ ပြန်လည် ဖော်ပြလို့ ရပေမယ့် တည်းဖြတ်ပြင်ဆင်ပြီး ပြတ်လည် ဖော်ပြတာ မျိုးက
ဥာဏ မူပိုင်ခွင့် ကိုချိုးဖောက်တယ် ဆိုပြီး တရားစွဲ လို့ ရတယ် “ဟု ပြောသည်။
ထိုဓာတ်ပုံ တွင် ပါရှိသည့် လူငယ်တစ်ဦး ဖြစ်သည့် ကိုဖိုးသား ဆိုသူ အားလည်း အဆိုပါဘလောက်တွင်
ပါရှိသည့် နေ့ မှ စ၍ သတင်းတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ များ လာရောက်မေးမြန်းသည် မှာ
နှစ်ကြိမ်ရှိ သွားပြီ ဖြစ်ကြောင်း ပြောသည်။ကိုဖိုးသား က “ကျွန်တော်တို့ က သင်္ကြန်လည်နေတာ ကျွန်တော်
တို့ ပုံ ဘယ်မှာ ပါလဲ ဆိုတာ လုံးဝ ကိုမသိတာ ၊ဘယ်လိုပါလဲ ဆိုတာလဲ မသိဘူး။ ဦးလေးက သင်္ဘောသား
နိုင်ငံခြားနေ လှမ်းဖုန်းဆက်မှာ သိတာ ၊လာမေးတဲ့ ရဲအရာ ရှိ ကပြောမှာ ကျွန်တော် တို့ က သိတာ။
ကျွန်တော် တို့ ဓာတ်ပုံ ကို နအဖ ကို ဒို့ မကြောက်ဖူးလို့ စာနဲ့ အတူရေးထားတာ တွေ့ ရတယ်။နောက် မလုပ်
ပါ နဲ့ ဗျာ တောင်းပန်ပါတယ် ဟု ပြောသည်။
နိုင်ငံရေး အကျဉ်းသား ဟောင်း နှင့် နာမည်ကျော် စာရေးဆရာ တစ်ဦးကလည်း “ပြည်ပကနေ ကိုယ်မလုပ်နိုင်
လို့ ထိုင်နေရင် လဲ ဘာမှာ မပြောပါဘူး ၊ဒါပေမယ့် ပြည်တွင်းက လူ အချောင်ခံရမယ့် ပုံစံမျိုး ကတော့ ကျင့်ဝတ်
ကို စောင့် ထိန်းပြီး လိုက်နာကြပါလို့ ပြောချင် ပါတယ် ဟုပြောသည်။

ဒီကိစ္စမှာ ကျွန်တော်တို့လူတွေ အရမ်းထိခိုက်ပါတယ်။
နောက်ပိုင်း လွတ်လပ်မှုတွေလည်းအများကြီးဆုံးရှုံးနိုင်ပါတယ်။
အဲဒီကောငိမိုးသီးကျပ်ကောပြည့်ရလား။ တော်တော်ကိုဆိုးဆိုးဝါးဝါးပဲပြောပုံဆိုပုံ၊လုပ်ဆောင်ပုံတွေက။အဆင့်အတန်းကိုလုံးဝမရှိဘူး။ ဒီလိုလူတွေကဒီမိုဒီမိုအော်နေတော့ တော်တော်ရှက်ဖို့ကောင်းတယ်။ မြန်မာမှာရှိတဲ့ ဒီမိုကရေဆီသမားတွေက တော်တော်ကိုအဆင့်အတန်းနိမ်ကျသေးတယ်။
အခုလဲ အရူးထနေပြန် ပြီး မေလ မှာတော်လှန်ရေး စမယ်ဘာမယ် နဲ့ 
ဟုတ်ပ ဒီမှာ ဖတ်လို့ ရတယ် http://www.scribd.com/doc/30225453/8888-People-Power-Vol-5-No-4-April-2010