Junta Prepare to release Political Prisoners

မြန်မာစစ်အစိုးရမှ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား များပြန်လွှတ်မည် ဆိုသည့် သတင်း
သည် သင်္ကြန်ကာလ မတိုင်ခင်ကတည်းက နိုင်ငံရေး အကျဉ်းသား မိသားစု များ၏ သတင်းရပ်
ကွက်တွင် ပေါ်ထွက်နေ ခဲ့သည်။
ပြန်လည် လွတ်မြောက်လာမည့် သူများ တွင် ကိုကိုကြီး ၊ကိုအံ့ဘွယ်ကျော် နှင့် ကိုဂျင်မီကဲ့ သို့ ၈၈ မျိုးဆက်
ကျောင်းသားများ နှင့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မည် ဟု ထောင်ဒဏ် ၆၅ နှစ်ကျခံထားရသည့်
ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၏ မိသားစု ၀င် တစ်ဦးက Freedom News Group သို့ ပြောသည်။
နအဖ စစ်အစိုးရ ၏ နိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင် များ အတွင်း နိုင်ငံရေး အကျဉ်းသား နှစ်ထောင် ကျော်ရှိ
သည်။စစ်အစိုးရ ၏ ဆိုးရွား လှသော အကျဉ်းထောင် များ အတွင်း နိုင်ငံရေး အကျဉ်းသား အချို့ မှာ ကျမ္မာရေးချို့ 
ယွင်းလျှက်ရှိသည်။
ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား များ အား စာရင်းကောက်ယူခြင်း နှင့် စစ်ထောက်လှမ်းရေးက လိုက်လံ တွေ့ 
ဆုံခြင်းတို့ ကို ရမည်းသင်းထောင် ၊ပြည် ထောင် ၊မော်လမြိုင်ထောင် ၊အင်းစိန်ထောင် နှင့် မန္တလေး ထောင်များ တွင်
ယခု လဆန်းပိုင်းကတည်းက စတင်လှုပ်ရှားနေသည်။(Freedom News Group ၏ Twitter တွင် တင်ပြီး)
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အား အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က မ၀င်ရန် ဆုံးဖြတ်ခဲ့သဖြင့်
နိုင်ငံတကာ မှာ ဖိအားများ လျှော့ပါးရန် ရည်ရွယ် ကာ နိုင်ငံရေး အကျဉ်းသားများ အားလွှတ် ပေးရန် စီစဉ်
ခြင်း ဖြစ် နိုင်သည် ဟု ပြည်တွင်း ရှိ နိုင်ငံရေး အကျဉ်းသားများက သုံးသပ်သည်။

မှန်လိုက်တာ Dr.james ပြောတာက လွတ်ရင်လည်းမကြာဘူး ပြန်ဝင်ရမှာပဲ
အော်…..
ပြန်လွတ်လာ ရင်လည်း ဘယ်လောက်မှ မကြာဘူးပြန် ၀င်ရမှာပါပဲ။သူတို့ကို က အဖမ်းခံရတာ ကြိုက်တာကို။ဗိုလ်ချုပ် ပြောတာကြားဖူးတယ် ။နိုင်ငံရေး သမား ဟာ ဘယ်တော့ မှအဖမ်း မခံရ ဘူး။အဖမ်းခံ ရ ရင်ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး တဲ့။အမြဲတမ်း အထဲမှာပဲ နေနေတော့ ဘယ်လိုလုပ်ပြီး လူပ်ရှား လို့ ရ မတုန်း။