အနီဝတ် များ က အာဏာဖီဆန်ပွဲထပ်မံပြုလုပ် ဖို့ အရှိန် ယူနေ

အနီဝတ် များ စခန်းချ နေရာယူထားသည့် လုမ္မဏီ ပန်းခြံ

ထိုင်း နိုင်ငံ ဘန်ကောက်မြို့ က လုမ္မဏီ ပန်းခြံတ၀ိုက် နဲ့ ပသုဝန် ချုလာလောင်ကွန်း ဆေးရုံ အနီးကနေ ပသိုနမ်
ကုန် တိုက်ထိပ် ထိ မော်တော်ကား တာယာများ ၀ါးလုံး များ ကို ရစ်ဖွဲ့ ပြီး ၀ါးလုံးခံတပ် လုပ်ထားပါတယ်။

ဒီဝါးလုံး ခံတပ် ဟာ နိမိတ် မကောင်းဘူးလို့ ယုံကြည်တာကြောင့် ဒေသခံ ပသုဝန် နဲ့ ဘန်ကောက်သား အချို့က
ဖျက်ဆီး ဖို့ လုပ်တဲ့ အတွက် မနေ့ ညက အနီဝတ် အချို့ နဲ့ ဘန်ကောက် ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားကြပါ
တယ်။

ဆန္ဒလည်းပြ စီးပွားလည်းရှာနေရသည် အနီဝတ် အမှတ် တရ ပစ္စည်း ရောင်းသူများ

ထန်းလုံးခံ တပ်ကို တည်ဆောက်ပြီး ကုန်းဘောင် မင်းဆက် ကို တည်ဆောက်ခဲ့တဲ့ မြန်မာ ဘုရင် အလောင်း
ဘုရား ရဲ့ ထန်းလုံးခံတပ် သမိုင်းဟာ ယနေ့ ထိ ထိုင်းရာဇ၀င် မှာ အိပ်မက်ဆိုးကြီး လို့ ဖြစ်နေ လို့ နိမိတ် မ
ကောင်း ဘူးလို့ ယူဆတာရယ် နောက် မြန်မာ အယူအဆ လို တိုတာမြို့ ပြတွေ ကြားမှာ ၀ါးတဲ စခန်း လာဆောက်
တာ ဟာ မြို့ ကိုပျက်စီးစေ နိုင်တယ် လို့ လဲ ယုံကြည်ကြပါတယ်။

သီတင်း ငါးပတ် နီးပါး ရှိပြီ ဖြစ်တဲ့ ထိုင်း အနီဝတ် ဆန္ဒပြသူ တွေ ဟာ သူတို့ ရဲ့ တောင်း ဆိုချက်တွေ ကို ထိုင်း
အစိုးရက မလိုက်လျှော ဘူးဆိုရင် သူတို့ အခိုင်အမာ ခြေကုပ် ယူထားတဲ့ နေရာတွေ ကနေ  ဆုတ်ခွာပေးမှာ
မဟုတ် ဘူး လို့ ဆိုပါတယ်။

ထိုင်း နိုင်ငံ ဆီလုံလမ်း မ ကနေ ကုန်တိုက်တွေ ဆီ သွားရာ တစ်လျှောက်မှာ တော့ စစ်သား နဲ့ ရပ်တပ်ဖွဲ့ ဝင်တွေ ထောင်ပေါင်းများစွာ တပ်ဆွဲ ထားပါတယ်။

အဘီဆစ် နှင့် ဆူထေ့ တို့ ၏ ပုံဖြင့် ဖိနပ်များ

အနီဝတ် အမှတ် တရ ပစ္စည်း အရောင်းဆိုင်