ဘန်ကောက်တွင် ဗုံးပေါက်ကွဲ သုံးဦးသေ ရ၅ ဦးဒဏ်ရာရ

ဗုံးပေါက်ကွဲရာ ဆလာဒန်း ဘူတာ အား ဗုံးမပေါက်ကွဲခင် ညနေ ၆ နာရီက Freedom News Group မှ မှတ်တမ်း တင်ထားပုံ ဖြစ်သည်။ ဓာတ်ပုံ - ကိုဦး (ဘန်ကောက်) FNG
ပေါက်ကွဲမှု မဖြစ်ခင် ဧပြီလ ၂၂ ရက်နေ့ ညနေ က ဆလာဒန်း ဘူတာ အား Freedom News Group မှ ရိုက်ကူးထားခြင်းဖြစ်သည်။

ဘန်ကောက်မြို့ လည် စီးပွားရေး အချက်အချာကျသည့် နေရာ များတွင် ယနေ့ ည ဗုံးပေါက်ကွဲမှု
ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး ၇၅ ဦးဒဏ်ရာရရှိခဲ့သည်။လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု
ကြောင့် ထိခိုက်ပေါက်ကွဲ မှု ရှိခဲ့သည့် နေရာများ မှာ စလာဒန်း လမ်းဆုံအနီး မိုးပျံရထားဘူတာရုံ ၊ဒူဆစ်
ဌာနေ ဟိုတယ် ၊ချာရိုယန် လယ်ယာ စီးပွားရေး ကုမ္ပဏီ ရုံးနှင့် ဆီလုံ လမ်းမ နှစ်နေရာ တွင် ဖြစ်သည်။

ယနေ့ ည ဘန်ကောက်မြို့ တွင် ဗုံးပေါက်ကွဲခဲ့သည့်နေရာများ ဓာတ်ပုံ-ဘန်ကောက်ပို့ စ်

ယမန်နေ့ ညက ငါးနေရာ ဆက်တိုက်ကွဲခဲ့သည့် လက်ပစ်ဗုံး နှင့် လောင်ချာပစ်ခတ် မှုများကြောင့်
အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး ဂျပန် နိုင်ငံသား တစ်ဦး နှင့် သြစတေးလျှ
နိုင်ငံသား တစ်ဦးလည်း ဒဏ်ရာရှိသွာကြောင်း သတင်းရရှိသည်။

ဗုံးပေါက်ကွဲ မှု မတိုင်ခင် အနီဝတ် များ စခန်းချသည့် နေရာများ သို့  အစိုးရ လိုလားသည့် အုပ်စုများ
မှ တန်ပြန်ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီး ကျောက်ခဲများ ၊ပစ္စည်းများ ဖြစ် နှစ်ဖက် ပစ်ခတ်ကြရာ လုံခြုံရေးတပ်
ဖွဲ့ များက ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်။ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ သံသယရှိ သူ ငါးဦးကို ရဲက ဖမ်းဆီး
ထားသည်။

ထိုင်း နိုင်ငံဘန်ကောက် မြို့ ရဲ့ အခြေတွေဟာ ကသောင်းကနင်း နဲ့  ဖရိဖရဲ ဖြစ်နေတယ် လို့ ထိုင်းနိုင်ငံ
ဆိုင်ရာ အမေရိကန် သံအမတ် ကြီးက AP သတင်းဌာန ကို ပြောပါတယ်။အဘီဆစ် ညွှန့် ပေါင်းအစိုးရ အဖွဲ့ က
လည်း သတင်းမီဒီယာ တွေ မှာ အနီဝတ် တွေ အကြောင်း မဖော်ပြပေး ဖို့ နဲ့ လူထု အထင်လွဲအောင် ဖော်ပြပေး
ဖို့ လာဘ်ထိုးတယ် လို့ လဲ ထိုင်း ဆန္ဒပြ သူတွေ က Freedom News Group ကို ပြောပါတယ် ။

ဒါပေမယ့် ဆီလုံလမ်း မှာ တာဝန်ကျနေ တဲ့ ဘန်ကောက် တပ်ရင်း ၈ က တပ်ကြပ်ကြီး ဖိချစ် ကတော့
“အနီဝတ် တွေ မှာ ပါတဲ့ စစ်သားဟောင်း တွေ ဆီမှာ လက်နက် တွေ ရှိတယ် ။သူ တို့ က ကွန် မန် ဒိုတပ်
တွေ လှို့ ဝှက် ဖွဲ့ ထားပြီးတော့ ၀န်ကြီးချုပ် ရုံး ကိုတောင် ၀င်စီးဖို့ စီစဉ်နေတယ် လို့ သတင်းရထား
တယ် လို့ Freedom News Group ကိုပြောပါတယ်။

နိုင်ငံရေး စားဖားကြီး လို့ အနီဝတ် တွေ က ခေါ်ကြတဲ့ ဒုဝန်ကြီးချုပ် ဆူထေ့ ကတော့ ဒီပေါက်ကွဲ မှု တွေ ဟာ
အနီဝတ် တွေ စခန်းချထား တဲ့ နေရာကနေ ထွက် ပေါ် လာတာ ဖြစ်တယ်လို့ စွပ်ဆွဲ ထားပေမယ့် အနီဝတ် ခေါင်း
ဆောင် မူဆစ်ကဖောင်း ကတော့ ဒါမဟုတ် မှန်ပါ ဘူး ၊တိုက်ခိုက် သူ ကို မိအောင် ဖမ်း ဖို့ က အစိုးရ ရဲ့ တာဝန် ပဲ
လို့ ပြောပါတယ်။

ထိုင်း နိုင်ငံ ဘန်ကောက် ဗုံးကွဲမှု ဟာ လည်း မြန်မာ နိုင်ငံ လိုပဲ တန်ပြန် ဆန္ဒပြပွဲ တွေ လုပ်ချင်တဲ့ အစိုးရက ခွဲတာ
လို့ လဲ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဗုံးကွဲမှုကြောင့် ဒဏ်ရာရှိသွားသူ တစ်ဦး ဓာတ်ပုံ-အေအက်(ဖ)ပီ
UDD ခေါင်းဆောင် ပရွန်ဖန် ၏ အမ ဖြစ်သူ အား Freedom News Group မှ တွေ့ ဆုံမေးမြန်း စဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။ အနောက်တွင် စကားပြော စက်နှင့် ထိုင်း နေသူမှာ ထိုင်-မြန်မာ (တာချီလိတ်) စစ်ပွဲ အတွင်း ပါဝင် တိုက် ခိုက် ခဲ့သည့် ဗိုလ်မှုး ထန်းနု ဖြစ်ပြီး ယခု လုံမ္မဏီ ခရိုင် အနီဝတ် လုံခြုံရေး တာဝန်ခံ ဖြစ်သည်။ ဗိုလ်မှုး ထန်းနု သည် ထိုင်း-မြန်မာ စစ်ပွဲ တွင် သူရဲ ကောင်း မှတ် တမ်း ၀င် ဆုရရှိခဲ့သည်။

ယနေ့ ည ဗုံးပေါက်ကွဲမှု ဗီဒီယို မှတ်တမ်း

One thought on “ဘန်ကောက်တွင် ဗုံးပေါက်ကွဲ သုံးဦးသေ ရ၅ ဦးဒဏ်ရာရ

  1. သားသားတို့ နိုင်ငံကို အားကျလို့လား….သားသား တို့နိုင်ငံမှာကတော့ ဘယ်လောက်ပဲ ဗုံးခွဲ ခွဲ၊ ဘယ်အခါမှာပဲ ခွဲ ခွဲ ဘယ်တော့မှ မိတယ်ဆိုတာ မရှိဘူး…သားသားတို့ နိုင်ငံကတော့ ဒီပညာတွေမှာ ဘယ်ခေတ်မှီနိုင်ငံတွေကမှ မမှီဘူး….

Comments are closed.