ဘန်ကောက် ဗုံးကွဲ မှု သြစတေးလျှ လူမျိုး ရန်ကုန် ပညာဒါန ကျောင်းဆရာ တစ်ဦး ထိခိုက်ဒဏ်ရာရ

Rangoon Volunteer Teacher Wounded Bomb Blast in Bangkok

ဧပြီလ ၂၂ ရက်နေ့ ည ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဆလာဒန်း ဘူတာရုံ ဗုံးပေါက်ကွဲမှု တွင် ရန်ကုန်
မြို့ရှိ အင်္ဂလိပ်စာ သင်တန်းကျောင်း တစ်ခုဉ် နိုင်ငံခြား ဘာသာစကား သင်ကြားပေးနေသည့်
အသက် ၂၆ နှစ် အရွယ်ရှိ သြစတေးလျှ လူမျိုး ဆရာ တစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိ
သွားသည်။

မစ္စတာ ရီုဆီ သည် ရန်ကုန်မြို့  တွင် နေထိုင်ခွင့် ဗီဇာ သက်တမ်းတိုးရန် အတွက် ဘန်ကောက်မြို့ ရှိ မြန်မာ သံရုံးသို့ 
ထိုနေ့ က ဗီဇာ သွားရောက် တိုးအပြီး အပြန် ဆလာဒင် ဘူတာရုံ တွင် မိုးပျံရထား အား စောင့်ဆိုင်းနေစဉ် ဗုံးပေါက်
ကွဲခဲ့ ခြင်းဖြစ်သည်။သူသည် ယနေ့ ည မြန်မာနိုင်သို့ ထွက်ခွာရန် စီစဉ်ထားခြင်းဖြစ်သည်။

ရထားစောင့်ဆိုင်းနေစဉ် အသံကျယ်ကြီး အားကြားရ ပြီးနောက် ပိုင်းတွင် ဘူတာရုံးတစ်ခု လုံးခေါင် မိုးများ လွင့်ထွက်ပြီး
သူ၏ ဦးခေါင်း နှင့် ၀မ်းဗိုက် တို့ မှ သွေးများ ထွက်ကြလာသည် ကို သိလိုက်ရကြောင်း သြစလေးလျှ သတင်းစာ တစ်
စောင် အား သူက ပြောသည်။

အင်္ဂလိပ်စာသင် ဆရာသည် သြစတေးလျှ နိုင်ငံ မဲလ်ဘန်း မြို့ ရှိ အက်ကော့ ဗေလ်း တွင် နေထိုင်သူ ဖြစ်ပြီး သူ၏
မိဘ နှစ်ပါးမှာ သားဖြစ် သူ နှင့် တွေ့ ဆုံရန် အတွက် ဘန်ကောက် မြို့ သို့ လာရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ တွင် ဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်းများကြောင့် မြန်မာ နိုင်ငံသို့ ကမ္ဘာလည့် ခရီးသည် များ
လာရောက်မှု လျှော့နည်းသွားသည် ဟု ရန်ကုန်မြို့ ရှိ ခရီးသွားဧဂျင်စီ တစ်ခု မှ မန်နေဂျာ တစ်ဦး က Freedom News
Group သို့ ပြောသည်။

ထိုင်း နိုင်ငံရေး ဂယက်များကြောင့် ဗီဇာသက်တမ်း ပြည့်သော နိုင်ငံခြားသား များ အား လတ်တလော တွင် ခေတ္တ
ခဏ နေထိုင်ခွင့် ဆက်လက်ပေးသင့်ကြောင်း လည်း သူက Freedom News Group သို့ ပြောသည်။

မစ္စတာ ရိုဆီ သည် ရန်ကုန်မြို့ ရှိ ဘာသာရေး အဖွဲ့ အစည်း တစ်ခုဉ်လည်း ပညာဒါန သင်ကြားမှုပြု
ပြီး ရန်ကုန် မြို့ထဲ ရှိ အင်္ဂလိပ် စာ သင်တန်း ကျောင်း တစ်ခု ဉ် လည်း စာသင်ကြား ပို့ ချသည် ဟု
ဘန်ကောက် အခြေစိုက် သြစတေးလျှ ဆရာ တစ်ဦး က Freedom News Group သို့ ပြောသည်။

မစ္စတာ ရိုဆီ သည် မြန်မာ နှစ်သစ်ကူးကလ အတွင်း ရန်ကုန် မြို့ ဉ် တပည့်များ နှင့် သင်္ကြန်လည်ပတ် စဉ်
သင်္ကြန် အကြတ် နေ့ ဉ် ဗုံးပေါက်ကွဲမှု နှင့် ကြုံခဲ့ရသေးသည် ။၎င်းသည် ရန်ကုန် မြို့ သို့ သြစတေးလျှ ပညာရေး
NGO တစ်ခုဖြစ်သည့် Teachers On Net အစီအစဉ် ဖြင့်ရောက်ရှိ နေထိုင်ခြင်းဖြစ်သည်။

Burmese News In English (Click Here)